လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ MRTV မှာ အစောဆုံး CDM လုပ်ခဲ့တဲ့ ဦးစီးအရာရှိ ဦးကျော်သက်လင်း

လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ MRTV က အစောဆုံး CDM လုပ်ခဲ့တဲ့ ဦးစီးအရာရှိ ဦးကျော်သက်လင်း

MRTV က ဦးစီးအရာရှိ ဦးကျော်သက်လင်းဟာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး  ယူနီဖောင်းဝတ်ထားတဲ့ ပုံတစ်ပုံကို သူ့ရဲ့ Facebook အကောင့်မှာ တင်ထားတာတွေ့ရပါတယ်။

ဦးကျော်သက်လင်းဟာ ကိုဗစ် ငှက်ဖျား တုတ်ကွေးတွေ ထိခဲ့ပြီး ယခုအချိန်မှာတော့ ပြန်လည်နေကောင်းနေပြီဖြစ်ကြောင်း
ကိုယ်ရောစိတ်ပါ ကျန်းမာလျက်ရှိကြောင်း သူ့ရဲ့ ဖေ့စ်ဘွခ်အကောင့်မှာ ရေးသားထာါ်ပါတယ်။

” တောထဲဝင် ယူနီဖောင်းလေးဝတ်​
လေးကိုင်ပြီးဓာတ်ပုံရိုက်ပြရင်
အဆင်ပြေမလား….
ကျနော်fb accလေးပြန်ရပြီး မိတ်ဆွေတွေကိုလိုက်ကြည့်မိတယ်။အများအားဖြင့်တော့ အရင်အတိုင်းပါပဲ…
ကျနော်လား…?
ကိုဗစ် ငှက်ဖျား တုတ်ကွေး အားလုံးထိပြီး လွန်မြောက်ခဲ့ပါပြီ။
ကိုယ်ရောစိတ်ပါ ကျန်းမာလျက်ပါ။
မီးစိမ်းလေးမလင်း ပြန်မလာ ပြန်မဆုံတော့တဲ့မိတ်ဆွေတွေအတွက်စိတ်မကောင်းကြီးစွာဖြစ်မိပါတယ်။
မြို့ပြမှာ စိတ်ရောကိုယ်ပါဒုက္ခရောက်နေကြသူတွေအတွက်လည်း စိတ်ထိခိုက်ရပါတယ်။
စိတ်ပူနေကြသူတွေအားလုံးကိုလည်း
ကျေးဇူးတင်စွာ နှုတ်ခွန်းဆက်ပါတယ်။ ” လို့ ရေးထားပါတယ်။