ပြည်သူ့မျက်နှာကို မကြည့်တဲ့ ဖုန်းအော်ပရေတာအားလုံး Mytelလို အကြိတ်ခံရမယ်လို့ PDFတွေ သတိပေး

ဖုန်းအော်ပရေတာများအနေဖြင့် စစ်ကောင်စီခိုင်းစေသမျှ လုပ်ဆောင်နေပါက Mytel တာဝါတိုင်များနည်းတူ ပြတ်သားစွာအရေးယူသွားမည်ဟု AREA-21 Revolution Network အတွင်းမှ PDF တပ်ဖွဲ့များက ပထမဆုံးနှင့် နောက်ဆုံးအကြိမ်အဖြစ် သတိပေး ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် သတိပေးလိုက်သည်။

 

AREA-21 Revolution Network က ဖုန်းအော်ပရေတာများ ဒီဇင်ဘာ ၇ ရက်မှစ၍ ဒေတာသုံးစွဲခနှုန်းထားများ တိုးမြှင့်မည့်အကြောင်းကြားရ သည့်အတွက် များစွာစိတ်အနှောက်အယှက်ဖြစ်ကြောင်း ဆိုထားသည်။

လက်ရှိတွင် ဖုန်းအော်ပရေတာများအနေဖြင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်အရဆိုကာ ဖုန်းခေါ်ဆိုခနှင့်အင်တာနက်ဈေး နှုန်းများအား ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ကြောင်း သုံးစွဲသူများထံ စာပို့အသိပေးထားသည်။

ဖုန်းအော်ပရေတာများသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသူများဖြစ်သဖြင့် ပြည်သူ့ အကျိုးကိုသာ ဦးစားပေးစဉ်းစားလုပ်ကိုင်ရမည်ဖြစ်ပြီး ပြည် သူ့မျက်နှာကို ကြည့်ရန် လိုအပ်ကြောင်း အသိပေးထားသည်။

ဖုန်းအော်ပရေတာများအနေဖြင့် ပြည်သူ့မျက်နှာကို မကြည့်ပါက စစ်ကောင်စီ၏ လက်ပါးစေများအဖြစ် မိမိတို့ PDF များက သတ်မှတ်ရလိမ့်မည်ဖြစ်ကြောင်း၊ စစ်ကောင်စီလက်ပါးစေအားလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လက်တုံ့ပြန်ခြင်းကို ထိရောက်ပြင်းထန်စွာခံကြရမည်ဖြစ်ပြီး Mytel တာဝါတိုင်များက သက်သေခံလျှက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ဒေတာသုံးစွဲခနှုန်းထားများ တိုးမြှင့်ရန်စီစဉ်နေသော ဖုန်အော်ပရေတာများအားလုံး ပြည်သူ့မျက်နှာကို ကြည့်ရန်နှင့် ပြည်သူ့အကျိုးစီးပွားအတွက်အလုပ်လုပ် ကိုင်ပြီး အချိန်မှီပြန်လည်သုံးသပ်ပြင်ဆင်ရန် သတိပေးထားပြီး ပြည်သူ့မျက်နှာမမူပါက Mytel တာဝါတိုင်နည်းတူ ပြတ်သာစွာအရေး ယူသွားမည်ဟု သတိပေးထားသည်။