၇ ရက်သားသမီးတို့၏ ဒီဇင်ဘာ(၁)လစာ ကံကြမ္မာဟောစာတမ်း

တနင်္ဂနွေ သားသမီးများအတွက် ဒီဇင်ဘာ တစ်လစာ ဟောစာတမ်း

စီးပွားရေး – အဆင်မပြေမှုများပြီးဆုံးပြီး လုပ်ငန်းအတွက် အခွင့်ရေးတွေ ပြန်ပေါ်လာတော့မှာပါ ။ လုပ်ငန်းတွေတိုးချဲ့လုပ်ကိုင်ရပြီး အလုပ်သစ် လုပ်ငန်းအသစ်တွေ စတင်လုပ်ကိုင်ရတော့မယ့်အချိန်ပါ ။ အလုပ်မှာ လစာတိုး ရာထူးတိုးဖို့မျှော်လင့်ထားသူတွေ ဒီလမှာ လစာ/ ရာထူးတိုးဖို့ရှိပါတယ် ။လက်ရှိ အလုပ်ကထွက်ဖို့စိတ်ကူးထားသူတွေလဲ ဒီလထဲထွက်ဖြစ်ပြီး အလုပ်သစ်စတင်နိုင်ပါလိမ့်မယ် ။ အလုပ်ရှာနေသူတွေလဲ ဒီလထဲ အခွင့်အလမ်းတွေပေါ်လာပါလိမ့်မယ် ။
အချစ်ရေး – လူပျိုအပျိုများဒီလထဲ ချစ်သူရပါလိမ့်မယ်။ ကိုယ့်ပေါ်တကယ်နွေးထွေး ကြင်နာပြီး အရိပ်တကြည့်ကြည့် ချစ်တတ်တဲ့လူမျိုးနဲ့ကြုံရပါလိမ့်မယ် ။ ချစ်သူသမီးရည်းစားများ မိမိချစ်သူနှင့်ဒီလထဲ စေ့စပ်ခြင်း လက်ထပ်ခြင်းမင်္ဂလာ ပြုရပါလိမ့်မယ်။ကိုယ့်ရဲ့စိတ်မြန်တတ်ခြင်း ဒေါသကြီးတတ်ခြင်းလေးတွေကိုလျော့ပေးပါ ။
အိမ်ထောင်ရေး – သားသမီးရတနာရတတ်ပါတယ် ။ ခရီးလွန်နေတဲ့အိမ်ထောင်ဘက်က ကိုယ့်ဆီပြန်ရောက်လာပါလိမ့်မယ် ။ အိမ်ထောင်ဘက်က ယခင်ကာလမှာ ကျန်းမာရေးညံ့နေခဲ့ရင် ဒီလ အတွင်းမှာ ပြန်ကောင်းမွန်လာပါလိမ့်မယ်။
ပညာရေး – လက်ရှိသင်နေတဲ့ဘာသာရပ်ကိုထူးထူးချွန်ချွန်နဲ့ အောင်အောင်မြင်မြင် ပြီးဆုံးထိတိုင်သင်ကြားခွင့်ရပါလိမ့်မယ် ။ Schoolar လျှောက်ထားသူများ ပညာသင်ခွင့်ရပါလိမ့်မယ် ။
ကျန်းမာရေး – နေမကောင်းဖြစ်နေသူများ မိမိကိုယ်ကိုပြန်ကျန်းမာလာရမယ်လို့ စိတ်ကယုံကြည်ထားပါ ပြန်ကျန်းမာလာပါလိမ့်မယ် ။ အိပ်ယာနေရာပြောင်းအိပ်ပေးပါ ။
လူမှုရေး – မိတ်ဆွေတွေထံမှ မွေးဖွားခြင်း သတင်းနဲ့ သေဆုံးခြင်းသတင်း များကို ကြားရတက်ပါတယ် ။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်ရဲ့ စိတ်မြန်မှုဒေါသကြီးမှုတွေကိုလျော့ပေးပါ ။

တနင်္လာ သားသမီးများအတွက် ဒီဇင်ဘာ တစ်လစာဟောစာတမ်း

စီးပွားရေး – လက်ရှိအလုပ်မှာ ကိုယ်နဲ့အပြိုင်တွေ ကိုယ့်ကိုလိုက်တိုက်ခိုက်နေတာမျိုး တွေကြုံရတက်ပါတယ် ။ လက်ရှိလုပ်နေတဲ့အလုပ်အပြင် တခြားအလုပ်သစ်တစ်ခုကို စတင်လုပ်ကိုင်ချင်နေပြီး လုပ်ရမလား မလုပ်ရဘူးလားဆိုတာ တွေဝေနေပါလိမ့်မယ် ။ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ဖို့လဲ စိတ်ကူးမိနေပါလိမ့်မယ် ။ ထိုင်ပြီးတွေဝေမနေဘဲရဲရဲဝံ့ဝံ့သာ လုပ်စရာရှိတာကို လုပ်ပါ ။ အစပိုင်းမှာအနည်းငယ် ရုန်းကန်ရပေမယ့် အောင်မြင်မှာအသေချာပါ ။
အချစ်ရေး – ချစ်သူမရှိတဲ့လူတွေအတွက် အလွန်စန်းပွင့်နေမယ့် လ တစ်လပါ ရွေးစရာလူတွေများနေပေမယ့် ကိုယ်မျှော်လင့်ထားတဲ့လူကတော့ တခြားတစ်ယောက်​ဖြစ်နေတက်ပါတယ် ။ ချစ်သူသမီးရည်းစားများ LDRS အခြေအနေကြောင့် လွမ်းနေရတက်ပါတယ် ။ ရန်ခနခနဖြစ်ရတက်ပါတယ် ။ လက်ရှိချစ်သူနဲ့ ရေရှည်မှာအဆင်ပြေနိုင်ပါ့မလားလို့ စိတ်ကတွေဝေနေရတတ်ပါတယ် ။
အိမ်ထောင်ရေး – ယောက်ခထီး ယောက်ခမတွေနဲ့ စကားများရတာမျိုးကြုံရတက်ပါတယ် ။ အိမ်ထောင်ဘက်က အဝေးကိုထွက်ပြီးအလုပ်လုပ်ဖို့ တိုင်ပင်တာမျိုးကြုံရပါလိမ့်မယ် ။
ပညာရေး – ပညာရေးမှာအပျင်းကြီးတာလျော့ပေးပါ ။ ကြောက်နေတာမျိုးတွေ တွေဝေနေတာမျိုး ထိုင်ပဲစိတ်ကူးယဥ်နေတာမျိုးတွေလျော့ပြီး ယခုလကနေစပြီး လက်တွေ့အကောင်ထည်ဖော်ပါ ။
ကျန်းမာရေး -ခေါင်းကိုက်တာ ဒူးနာတာ ခါးညောင်းတာ မျိုးတွေဖြစ်တက်ပါတယ် ။ အမျိုးသမီးများ အမျိုးသမီးရောဂါသွေးသား သားအိမ်ဂရုစိုက်ပါ ။
လူမှုရေး – နိုင်ငံရပ်ခြားမှ သတင်းကောင်းများကြားရတက်ပါတယ် ။ လူအများရဲ့ ချစ်ကြောက်ရိုသေချင်းကိုခံရတက်ပါတယ် ။ တစ်ချို့လူတွေကလဲ ကိုယ့်ကို ကြည့်မရဖြစ်နေတက်ပါတယ် ။

အင်္ဂါ သားသမီးများအတွက် ဒီဇင်ဘာတစ်လစာဟောစာတမ်း

စီးပွားရေး – အလုပ်ထဲအထက်လူကြီးနဲ့အဆင်မပြေဖြစ်တာမျိုး ကိုယ့်အောက်လက်ငယ်သားတွေနဲ့ အဆင်မပြေဖြစ်တာမျိုးလေးတွေကြုံရတက်ပါတယ် ။ လအစပိုင်းမှာ အဆင်မ​ပြေမှုလေးတွေအနည်းငယ်ကြုံရတက်ပါတယ် ။
လုပ်ငန်းစတင်လုပ်ဖို့စီစဥ်ထားသူတွေ ဒီဇင်ဘာ 16ရက်ကျော်လောက် မှစလုပ်ပါ ။
အချစ်ရေး – ကိုယ့်ဘက်က အရမ်းရစ်တက်တာ ချုပ်ချယ်တက်တာမျိုးရှိရင် လျော့ပေးစေချင်ပါတယ် ။ ချစ်သူက ကိုယ့်ကိုစိတ်ကုန်ပြီး တခြားတယောက်ရှာတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ် ။ ကိုယ့်ကိုလဲတွဲနေရင်း တခြားတယောက်ထပ်ထားတာမျိုးတွေ နှစ်ယောက်တပြိုင်ထဲ ထားတာမျိုးတွေ ကြုံရတက်ပါတယ် ။ အတိတ်မှာ နှလုံးသားရေးရာနဲ့ပတ်သတ်ပြီး ဒဏ်ရာရထားသူတွေ ဒီလထဲမှာ အားလုံးကို move on လုပ်နိုင်ပါလိမ့်မယ် ။
အိမ်ထောင်ရေး – ကြားလူတယောက်ကြောင့် မိသားစုအဆင်မပြေတာမျိုးကြုံရနိုင်ပါတယ် ။ ဘယ်ကိစ္စမဆို သေချာလေ့လာ ​စဥ်းစားပြီးမှဆုံးဖြတ်ချက်ချပါ ။ စိတ်လောပြီးအမှားတွေဖြစ်လာတက်ပါတယ် ။
ပညာရေး – တကယ်တော်တဲ့ဆရာမျိုးတွေထံမှာပညာသင်ခွင့်ရပါလိမ့်မယ် ။ ဆရာထက်ပိုပြီး လူတက်ကြီးလုပ်ပြီး ဆရာတွေကိုခြေစုံကန်တာမျိုးမလုပ်မိအောင် ဂရုစိုက်ပါ ။
ကျန်းမာရေး – ဗိုက်အောင့်တာ ၊ ခေါင်းကိုက်တာ ၊ သွေးပေါင်ကျတာမျိုးလေးတွေ ဖြစ်တက်ပါတယ် ။
လူမှုရေး – ဒီလထဲမှာ လူပေါင်းမမှားအောင် အထူးဂရုစိုက်သင့်ပါတယ် ။ အပေါင်းသင်းကြောင့် အမှားတွေလုပ်မိတက်ပါတယ် ။ ကိုယ့်ဘေးမှာ ကောင်းတဲ့လူရောမကောင်းတဲ့လူရောရှိနေတက်ပါတယ် ။

ဗုဒ္ဓဟူး သားသမီးများအတွက် ဒီဇင်ဘာ တစ်လစာဟောစာတမ်း

စီးပွားရေး – ဒီကာလမှာ လုပ်ချင်တဲ့အရာတွေရှိနေရင်တောင် လုပ်သင့်တာတွေကို ဦးစားပေးလုပ်ကိုင်ပါ ။ စီးပွားရေးအတွက် အကျိုးရှိမယ့်အခွင့်ရေး ပေါင်းစပ်လုပ်ကိုင်ရမယ့်အခွင့်လန်းတွေပေါ်လာပါလိမ့်မယ် လုပ်ချင်တာကိုဦးစားပေးပြီး လက်လွတ်ဆုံးရှုံးလိုက်ရတာမျိုးမဖြစ်သွားအောင်ဂရုစိုက်ပါ ။ ငွေကြေးပိုင်းမှာ ငွေဝင်လဲများနေပြီး ထွက်ငွေတွေလဲများနေတက်ပါတယ် ။
အချစ်ရေး – ချစ်သူစုံတွဲများ လအစပိုင်းမှာ နားလည်မှုလွဲတာလေးတွေ အဆင်မပြေမှုလေးတွေ ကြုံရတတ်ပါတယ် ။ တကိုယ်ကောင်းစိတ်နဲ့ အတ္တကိုလျော့ပြီး တစ်ယောက်နဲ့တစ်ယောက်အပေးယူမျှမှသာ အဆင်ပြေနိုင်ပါလိမ့်မယ်။ လက်ရှိ single တွေအနေနဲ့ ယခင်ကာလမှာ ကိုယ်ကပဲ လိုက်ဖြည့်စည်းပြီး ချစ်နေရခဲ့ပေမယ့် ဒီလထဲမှာ ကိုယ်နဲ့တကယ်လိုက်ဖက်ပြီး ကိုယ့်ကိုနားလည်ပေးနိုင်မယ့်လူမျိုးနဲ့ကြုံရပါလိမ့်မယ် ။
အိမ်ထောင်ရေး – တစ်ယောက်နဲ့တယောက် နားလည်မှုရှိတဲ့အိမ်ထောင်ရေးပါ ။ အိမ်ထောင်ဘက်က တခါတလေ နားပူအောင် ပူညံပူညံလုပ်တက်ပေမယ့် ပျော်စရာကောင်းတဲ့အိမ်ထောင်ရေးမျိုးပါ ။
ပညာရေး – ဘာသာရပ်နှစ်ခုကို တပြိုင်ထဲသင်ရတက်ပါတယ် ။ စာမေးပွဲဖြေထားသူများ အောင်ပါလိမ့်မယ် ။
ကျန်းမာရေး -ကိုယ်လက်ကိုက်ခဲတာ အအေးမိတာ နားကိုက်တာမျိုး ဖြစ်တက်ပါတယ် ။
လူမှုရေး – ကိုယ့်ကိုချစ်တဲ့ခင်တဲ့လူတွေများနေပေမယ့် ကိုယ်ကတော့တစ်ယောက်ထဲ အေးဆေးနေရတာကိုပိုသဘောကျနေပါလိမ့်မယ် ။

ကြာသပတေး သားသမီးများအတွက် ဒီဇင်ဘာ တစ်လစာ အဟော

စီးပွားရေး – အလုပ်သစ်တစ်ခုကို သေချာပေါက်စတင်လုပ်ကိုင်ရမှာပါ ။ ထိုအလုပ်ကနေလဲ အောင်မြင်မှုနဲ့ အကျိုးအမြတ်တွေခံစားခွင့်ရပါလိမ့်မယ် ။ အလုပ်မှာ ရာထူးတိုးဖို့ မျှော်လင့်ထားသူတွေရာထူးတိုးပါလိမ့်မယ် ။ အလုပ်နေရာရွေ့ပြောင်းလုပ်ကိုင်ရပါလိမ့်မယ် ။ ဆုံးပြီလို့ထင်ထားရတဲ့ငွေကြေးတွေပြန်ရရှိပါလိမ့်မယ် ။ ငွေကြေးကံလဲကောင်းနေတဲ့ ကာလတစ်ခုပါ 2D /3Dနဲ့ထီဆုအသေးလေးတွေ ပေါက်တက်ပါတယ် ။
အချစ်ရေး – ရည်းစားဟောင်းတွေပြန်လာပါလိမ့်မယ် ။ တစ်ယောက်ထဲနေရတာ ပိုသဘောကျနေပေမယ့် တစ်တခါတလေ အထီးကျန်တာကြောင့် ချစ်သူတစ်ယောက်တော့ လိုချင်နေပါလိမ့်မယ် ချစ်သူ ရပါလိမ့်မယ် ။ Rsတေွအနေနဲ့ အရင်က ပြသနာအဟောင်း တွေပြန်ပေါ်လာတာမျိုး မိမိရဲ့ချစ်သူက ​ပြသနာမီးခွက်ထွန်းရှာတာမျိုးတွေ ကြုံရတတ်ပါတယ်။
အိမ်ထောင်ရေး – အိုးအိမ်ရွေ့ပြောင်းရတာမျိုးကြုံရတက်ပါတယ် ။အိမ်ထောင်ဘက်နဲ့ခွဲ နေရတာမျိုးကြုံရတတ်ပါတယ် ။
ပညာရေး – ပညာအသစ်တွေသင်နိုင်ဖို့အခွင့်ရေးတွေရောက်လာပါလိမ့်မယ် ။ ပညာအသစ်တွေသင်ဖို့ တခြားနေရာတခုကိုရွေ့ပြောင်းရတာမျိုးဖြစ်လာနိုင်ပါတယ်။
ကျန်းမာရေး – မျက်စိအားနည်းတာ ခါးကိုက်တာ ခေါင်းမူးတာ သွေးပေါင် အတက်အကျမမှန်တာမျိုးတွေကြုံရနိုင်ပါတယ် ။ လမ်းသွားရင် ဂရုစိုက်ပါ accident အသေးစားလေးတွေကြုံရတက်ပါတယ် ။
လူမှုရေး – ကိုယ့်ကိုအမြင်မကြည်နေတဲ့လူတွေဒုက္ခပေးချင်နေတဲ့လူတွေ ကိုယ့်ဘေးကနေ ထွက်သွားတော့မှာပါ ။ ကိုယ့်အတွက် ကောင်းမွန်တဲ့ မိတ်ဆွေ အသစ်တွေ ရောက်ရှိလာပါလိမ့်မယ် ။

သောကြာ သားသမီးများအတွက် ဒီဇင်ဘာ တစ်လစာ ဟောစာတမ်း

စီးပွားရေး – နိုင်ငံခြားနဲ့ဖက်စပ်လုပ်ကိုင်မယ့် အလုပ်တွေအထူးကောင်းမွန်ပြီးအကျိုးပေးပါတယ် ။ ဆန် ဆီ ဆားနဲ့ပတ်သတ်တာတွေ အကျိုးပေးပါတယ် ။ နိုင်ငံခြားကနေ ရင်းနှီးမြုပ်နှံမှုတွေရတတ်ပါတယ် ။ လုပ်ငန်းတွေတိုးချဲ့ဖို့အတွက် အကောင်းဆုံးအချိန်ပါ ။ တစ်ခုသတိထားဂရုစိုက်ရမှာက ကိုယ့်ရှေ့မှာရှိနေတဲ့အခွင့်ရေးကို အမိအရ ယူပါ ဘာများထပ်လာအုန်းမလဲ စောင့်မနေပါနဲ့ စောင့်နေရင်းနဲ့ အဲ့အရာကရောက်မလာဘဲ ရှေ့မှာရှိနေတဲ့အခွင့်​ရေးပါ ဆုံးရှုံးရတက်ပါတယ် ။
အချစ်ရေး – ကိုယ်မျှော်လင့်ထားတဲ့သူမဟုတ်ဘဲ တခြားတစ်ယောက်နဲ့ ချစ်သူတွေဖြစ်ရတက်ပါတယ် ။ချစ်သူတွေဖြစ်ပြီးကာမှ ကိုယ့်လုပ်ရပ်ကမှန်ရဲ့လားဆိုတာ ပြန်တွေဝေနေရတက်ပါတယ် ။ အဲ့လိုတွေဝေနေရင်တော့ အဲ့စိတ်ကိုဖျောက်ပစ်လိုက်ပါ ။ ချစ်သူသမီးရည်းစားများ အမျိုးသမီးတစ်ဦးကြားလာဝင်တက်ပါတယ် ဂရုစိုက်ပါ ။
အိမ်ထောင်ရေး – အိမ်ထောင်ဘက်အမျိုးသမီးမှာကိုယ်ဝန်လွယ်ထားရတက်ပါတယ် ။ မိသားစုထဲနောက်ထပ်ချစ်ရမယ့်သူတစ်ဦးတိုးလာပါလိမ့်မယ် ။ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးမျိုးဖြစ်ပါမယ် ။ သတိထားရမှာက ကိုယ့်ရဲ့အတ္တစိတ်ကြောင့် သာယာပျော်ရွင်ဖို့ကောင်းတဲ့အိမ်ထောင်ရေးကို ပျက်စီးအောင် မလုပ်မိပါစေနဲ့ ။
ကျန်းမာရေး – ကိုယ်ဝန်ဆောင်အမျိုးသမီးများဂရုစိုက်ပါ ။ အရေပြားနဲ့ပတ်သတ်တာ အတွေးတွေများပြီးစိတ်ပင်ပန်းရတာမျိုးလေးတွေ ဖြစ်တက်ပါတယ်
ပညာရေး – နိုင်ငံခြားပညာသင်ခွင့် မျှော်လင့်ထားသူတွေ ရပါလိမ့်မယ် သို့သော် ကိုယ်က တွေဝေနေပါလိမ့်မယ် ။ အခက်ခဲလေးတွေတော့ရှိနေပါတယ် ။
လူမှုရေး – ကိုယ့်ရဲ့ အများကိုကူညီပေးတက်မှုတွေကြောင့် လူချစ်လူခင်ပေါ်နေတက်သလို ကိုယ့်ရဲ့နာမည်ကျော်ကြားမှုကို မနာလိုတဲ့လူတွေလဲရှိနေတက်ပါတယ် ။ သဒ္ဒါလွန်ပြီး တဏှာကျွံတက်တာတော့ဂရုပြုပါ။

စနေ သားသမီးများအတွက် ဒီဇင်ဘာ တစ်လ စာအဟော

စီးပွားရေး – စီးပွားရေးလုပ်ငန်းမှာ အပြိုင်အဆိုင်တွေများနေတက်ပါတယ် ။
ပူးပေါင်းကမ်းလှမ်းမှုတွေကြုံရနိုင်ပါတယ် ။ ကိုယ့်ဘက်ကလဲမှန်မှန်ကန်ကန်လုပ်ပါ ။ လာပြီး ကမ်းလှမ်းတဲ့လူရဲ့ နောက်ကြောင်းနဲ့အ​​ခြေအနေကိုလဲသေချာစုံစမ်းပါ ။ ဒီလအတွင်းမှာ အလုပ်လုပ်အခါသေချာဆုံးဖြတ်လုပ်ကိုင်ပါ ။ ဖျံကျတက်တဲ့လူလည်မျိုးတွေနဲ့ကြုံရနိုင်ပါတယ် ။ ငွေကံကတော့ကောင်းနေပါတယ်။
အချစ်ရေး – မကောင်းတာသိနေတာတောင်ရုန်းမထွက်နိုင်တဲ့အခြေနေမျိုးဖြစ်နေတာပါ ။ ချစ်သူသမီးရည်းစားများ စိတ်ဆန္ဒကိုထက် ဦးနှောက်ကိုပိုပြီးအလုပ်ပေးပါ ။ အမျိုးသမီးများဂရုစိုက်ပါ ကိုယ့်ကိုတကယ်မချစ်ဘဲ ကိုယ့်ဆီက တခြားအရာကြောင့်ကို့ကိုလာကပ်တာမျိုးကြုံရတက်ပါတယ် ။
အိမ်ထောင်ရေး – ကိုယ့်အိမ်ထောင်ဘက်ကို တခြားသူက လုယူတာမျိုးတွေဖြစ်လာတက်ပါတယ် ။ ဒါပေမယ့် ပြန်အဆင်ပြေသွားမှာပါ နှစ်ယောက်ကြားမှာ ဖြတ်မရတဲ့သံဃောဇဥ်တွေရှိနေတဲ့အတွက်ကြောင့်ပါ ။
ပညာရေး – စာထဲကိုစိတ်မဝင်စားဖြစ်နေပြီး အခက်ခဲတွေကြားထဲက သင်ယူနေရတက်ပါတယ် ။
ကျန်းမာရေး – အိပ်မပျော်တာ ခေါင်းကိုက်တာ ရေဓာတ်မပြည့်ဝတာ အူ အရေပြား ကျောက်ကပ် အဆုတ် ဂရုစိုက်ပါ ။
လူမှုရေး – အကျိုးလိုလို့ညောင်းရေသွန်းတဲ့လူမျိုးတွေနဲ့ကြုံရတက်ပါတယ် ။

Credit