နောက်(၁)နှစ် (၂)နှစ်အတွင်း မင်္ဂလာဆောင်ဖို့ အစီအစဉ်ရှိသူများ ယခုစာကို မဖြစ်မနေဖတ်သင့်
Wedding အတွက် အလွယ်ကူဆုံးစီစဉ် နိုင်ဖို့ ဦးစားပေး အဓိကအလုပ် 1 year before (1) Dateသတ်မှတ်ပါ။ (ချစ်သူ၂ဦး ယူမဲ့နှစ် လ ဆုံးဖြတ်ပါ ၊ ဗေဒင် လေးလည်း မေးပါ အုံး ရက် ၄ ၊ ၅ ရက် ရာထားပါ )
(2)Hotel သို့ ဘုန်းကြီးကျောင်း Booking လုပ်ပါ။ (နှစ် ၊ လ သတ်မှတ်ပြီးတာနဲ့ အရင်ဆုံး လုပ်ကိုလုပ်သင့်တာပါ ၊ hotel or ဘုန်းကြီးကျောင်းကရတဲ့ရက် နဲ့ ကိုယ်လိုချင်တဲ့ရက် ကိုက်ပြီး တခါတည်း book ထားပါ) (ပိုက်ဆံ deposit မပေးလည်း ရသေးတယ် ၊ hotel ဆို နောက်လူ မမေးမချင်းစောင့်တယ် ၊ နောက်လူမေးလို့ ကိုယ့်ကို ယူမှာသေချာလား ပြန်လာမေးရင်တော့ သေချာယူမယ်ဆို deposit ပါ)
၃ လအလိုတွင် (1) Pre Wedding လေးရိုက်ထားပါ ဒါမှအေးဆေးပြီး ပျော်စရာလည်း ကောင်းမယ် ၊ နီးမှဆို stress များပြီး ပျော်စရာမကောင်းပါဘူး ၊ ၃လထက်ပိုစောလည်း ပိုကောင်းပါတယ်။ ၁လခွဲလောက်အကြာမှAlbum ၊ Photo Fram ၊ photo softcopy ရတောင် wedding နဲ့ ၁လခွဲလောက်ကွာသေးတာမို့ အေးဆေး facebook တင် ၊ ပုံကြီးမကြိုက်ရင်ပြင်ထုတ်နိုင်သေးတယ်။
(2) Wedding Dress ပြင်ပါ။ သတို့သမီး သတို့သား အပြင် အရံ မိဘ ဖို့ပါဆို ၃လလောက်စောတာ မပိုပါဘူး ၊ ချုပ်ပေးမယ်ဆို အရံတွေရွေးပါအုံး ၊ လူသေချာရမှ ချုပ်ပါ။ (3) Make up ဆရာ ရွေးပါ ၊ booking လုပ်ပါ date place time၊ (4)ဓါတ်ပုံဆရာ(Photographer)ပါ ရွေးပါ ၊Booking လုပ်ပါ Date place time (5) အခမ်းအနားမှူး bookingလုပ်ပါ။ မရတတ်လို့ ကြို booking စေ ချင်ပါတယ်။
၂လ အလိုတွင် (1) ဖိတ်စာအတွက်လူချရေးပါ။ (Hotel အတွက်လူတွက်လိုလျှင် ၁အိမ် လူ ၂ယောက်နှုန်းမဟုတ်ပါတဲ့ ဖိတ်စာ၁စောင် 1.5 နဲ့မြှောက်ကြည့်ပါတဲ့ ) (2) ဖိတ်စာရိုက်ပါ။ တလ အလိုမှလုပ်လည်းရပေမဲ့ ရိုက်ရမဲ့ရက် နဲ့ စိတ်အေးရအောင်ပါ။ ၁ လ အလိုတွင် (1) ပန်း အလှပြင်ဖို့ ပြောပါ။ (2) လက်ဆောင်ကမ်းဖို့ ပစ္စည်းမှာပါ။
၂ပတ် အလိုတွင် (1) ဖိတ်စာဝေပါ။ (2) Dress ယူထားပါ။ (3) အရံဖို့ ဖိနပ် ဝယ်ပါ။ ဝတ်စုံက ငှားမှာဆို ၂ ပတ်အလိုလောက် အားလုံးခေါ်သွားရွေး ဘိုကင်လုပ်ထား ရပါတယ် ။ (4) ကားစီစဉ်ပါ။၂ ရက် အလိုတွင် (1) လက်ဝတ်လက်စား ငှားပါ။ (2) စိတ်မချရင် အားလုံးကို ph ဆက်ပြီး confirm လုပ်ပါ။(hotel ၊ Make up ၊ အခမ်းအနားမှူး ၊ ဂီတ ၊ ပန်း ) (3) လက်သည်း ခြေသည်း ခေါင်းလျှော် စသည် လုပ်ပါ။
၁ရက် အလိုမှာတော့ (1) ယူသွားမည့် ပစ္စည်းထည့်ပါ။ Dress ထည့်ထားပါ ၊လက်ဝတ်ရတနာ ..ဖိနပ် Photo Album ၊ Fram ၊ Slide show CD ပိုက်ဆ ံ- ရှင်းမည့်သူ ၁ယောက်ကိုင်ပါ။ (2) ကူမဲ့သူတွေဖုန်းဆက် ချိန်းပါ။ရှေ့ထွက် အရံတွေ မိတ်ကပ်ပြင်ရန် ဘယ် အချိန်အရောက် မိဘတွေ ဘယ်အချိန် ရောက်လက်ဖွဲ့သိမ်း ၊ ဧည့်ခံ နေရာချ ဘယ်အချိန် လက်ဖွဲ့ ပစ္စည်းသိမ်း သယ် …ဘယ်သူ ဘယ်ကားစီစဉ်ပါ။ စာဖတ်သူအားလုံးပဲပျော်ရွှင်ကြပါစေရှင်…
Credit
Zawgyi