ရဲတပ်ဖွဲ့ဝင်တွေ အဆင်ပြေစေဖို့ ဘိုးဘိုးကြီး နတ်နန်းမှာ ပွဲတင်တဲ့ ရဲမှူးချုပ်
ရှမ်းပြည်နယ် အတွင်းမှ ရဲတပ်ဖွဲ့ဝင်များအားလုံး ဘေးကင်းရေးအတွက်ဟုဆိုကာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၏ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုနှင့် ဇနီးက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့က…သီပေါမြို့ရှိ တုံစင့်ဘိုးဘိုးကြီးနတ်နန်းတွင် အုန်းပွဲငှက်ပျောပွဲတင်ကာ ဆုတောင်းနေရကြောင်း သိရပါတယ်။
သီပေါမြို့ရှိ တုံစင့် ဘိုးဘိုးကြီးနတ်နန်းတွင် “ရဲမှူးချုပ်တင်ကိုကိုနှင့် ဇနီး ဒေါ်အိအိထွန်း”…“ရှမ်းပြည်နယ် ရှေ့၊ တောင်၊ မြောက်၊ တစ်ခွင်ရှိကြသော ရဲတပ်ဖွဲ့ဝင်အားလုံး လုပ်ငန်းများ အဆင်ပြေကြပါစေ။ ဘေးအန္တရာယ်အပေါင်း၊ ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးကြပါစေ၊
ကပ်ရောဂါဘေး ကျော်လွှားနိုင်ကြပါစေ” ဟု…စာသားချိတ်ထားသည့် အုန်းပွဲငှက်ပျောပွဲ တင်ထား သည်ကို တွေ့ရကြောင်း သိရသည်။တုံစင့် ဘိုးဘိုးကြီးနတ်နန်းမှ ဆုတောင်းစာ…ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမြို့အပါအဝင်
ဒေသအတွင်းမှ အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား ဖမ်းဆီး နှိမ်နင်းရာတွင် အမိန့်ပေးစေခိုင်းသူတဦးလည်းဖြစ်ပြီး…အစည်းအဝေးများတွင် ယင်းကဲ့သို့ ပစ်ခတ် ဖမ်းဆီးပုံများကို အားပါးတရ ပြန်လည်ပြောဆိုတတ်သူဖြစ်ကြောင်း သိရသည်။…
Credit:
Zawgyi