မိမိအသက်နဲ့ခန္ဓာကိုယ်တည်ရှိနေသရွေ့ ပြည်သူတွေနဲ့အတူတူအမြဲရှိနေပါ့မယ်ဆိုတဲ့ ဒါရိုက်တာ ကိုပေါက်

နာမည်ကြီးအနုပညာရှင်အချို့ကတော့ပြည်သူတွေဘက်ကနေရပ်တည်ပြီးအာဏာရှင်ဆန့်ကျင်တဲ့နွေဦးတော်လှန်ရေးဆင်နွှဲခဲ့လို့ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ ဒါရိုက်တာ တယောက်ကလည်းပြည်သူတွေဘက်ကနေမားမားမတ်မတ်ရပ်တည်ခဲ့တဲ့အနုပညာရှင်တယောက်ဖြစ်ပြီး ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရသူဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက်ကတော့ ရောက်ရာနေရာ ကနေ တော်လှန်ရေးတိုက်ပွဲ ဆင်နွဲနေသူဖြစ်ပါတယ်။ ကိုပေါက်ကတော့ သရုပ်ဆောင်နဲ့ ဒါရိုက်တာ လုပ်ရာမှာ တော်ရုံမက ပန်းချီနဲ့ ကဗျာတွေ ရေးစပ်ရာမှာ တော်လွန်းသူလည်း ဖြစ်ပါတယ်။

ဒါရိုက်တာ ကိုပေါက်ကတော့ အသက်နဲ့ ခန္ဓာတည်ရှိသရွေ့ ပြည်သူတွေနဲ့ အတူတူ အမြဲရှိနေပါမယ်လို့ သစ္စာပြုလိုက်ပါတယ်။ ဒါရိုက်တာကိုပေါက်ဟာ လွတ်မြောက်နယ်မြေ မှာ ကျရာတာဝန်ကို ထမ်းဆောင်နေတဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ရံဖန်ရံခါ တော်လှန်ရေး ရဲဘော်တွေအတွက် အစားအစာတွေ ချက်ပြုတ်ကျွေးမွေးတတ်ပါသေး တယ်။

ဒီနေ့မှာတော့ ဒါရိုက်တာကိုပေါက်တို့အဖွဲ့ကို ဂျပန်နိုင်ငံမှ ပြည်သူတစ်ဦးက ကြဥအလုံးရေ (၂၀၀၀) လှူဒါန်းလိုက်ပါတယ်။” တောတွေ တောင်တွေ ကျော်ကာဖြတ်လို့ အသက်နဲ့ခန္ဓာ တည်နေသရွေ့အထိ မုန်တိုင်းရှိရာကို ပြည်သူနဲ့အတူတူ အမြဲရှိနေပါမယ်။ ကြက်ဥအလုံး ၂၀၀၀ လှူပေးတဲ့ ဂျပန်နိုင်ငံက အစ်မကြီး NTT ကို ကျေးဇူးတင်ပါတယ်။ ” လို့

ကိုပေါက်ဟာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားထားတဲ့ သတင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒါ့အပြင် ကိုပေါက်က အသက်ရှင်နေသရွေ့ ပြည်သူတွေနဲ့ အတူတူ အမှန်တရားဘက်က ရပ်တည်သွားမယ်လို့ ရေးသားထားပါသေးတယ်နော်။

ပရိတ်သတ်ကြီးရေ … ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ခက်ခက်ခဲခဲ စစ်ကောင်စီကို တွန်းလှန်နေတဲ့ ဒါရိုက်တာ ကိုပေါက်ကို အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော်။

ကိုပေါက်လည်း ချစ်ရတဲ့ မိသားစုနဲ့အတူ ဘေးကင်းစွာ အမြန်ဆုံး ပြန်လည်ဆုံစည်းနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ဆယ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

Credit:

Zawgyi

နာမည္ႀကီးအႏုပညာရွင္အခ်ိဳ႕ကေတာ့ျပည္သူေတြဘက္ကေနရပ္တည္ၿပီးအာဏာရွင္ဆန႔္က်င္တဲ့ေႏြဦးေတာ္လွန္ေရးဆင္ႏႊဲခဲ့လို႔ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။ ဒါ႐ိုက္တာ တေယာက္ကလည္းျပည္သူေတြဘက္ကေနမားမားမတ္မတ္ရပ္တည္ခဲ့တဲ့အႏုပညာရွင္တေယာက္ျဖစ္ၿပီး ၅၀၅ (က) နဲ႔ အမႈဖြင့္ခံထားရသူျဖစ္ပါတယ္။

လြတ္ေျမာက္နယ္ေျမ တစ္ေနရာကို ေရာက္ရွိေနတဲ့ ကိုေပါက္ကေတာ့ ေရာက္ရာေနရာ ကေန ေတာ္လွန္ေရးတိုက္ပြဲ ဆင္ႏြဲေနသူျဖစ္ပါတယ္။ ကိုေပါက္ကေတာ့ သ႐ုပ္ေဆာင္နဲ႔ ဒါ႐ိုက္တာ လုပ္ရာမွာ ေတာ္႐ုံမက ပန္းခ်ီနဲ႔ ကဗ်ာေတြ ေရးစပ္ရာမွာ ေတာ္လြန္းသူလည္း ျဖစ္ပါတယ္။

ဒါ႐ိုက္တာ ကိုေပါက္ကေတာ့ အသက္နဲ႔ ခႏၶာတည္ရွိသေ႐ြ႕ ျပည္သူေတြနဲ႔ အတူတူ အၿမဲရွိေနပါမယ္လို႔ သစၥာျပဳလိုက္ပါတယ္။ ဒါ႐ိုက္တာကိုေပါက္ဟာ လြတ္ေျမာက္နယ္ေျမ မွာ က်ရာတာဝန္ကို ထမ္းေဆာင္ေနတဲ့သူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ရံဖန္ရံခါ ေတာ္လွန္ေရး ရဲေဘာ္ေတြအတြက္ အစားအစာေတြ ခ်က္ျပဳတ္ေကြၽးေမြးတတ္ပါေသး တယ္။

ဒီေန႔မွာေတာ့ ဒါ႐ိုက္တာကိုေပါက္တို႔အဖြဲ႕ကို ဂ်ပန္ႏိုင္ငံမွ ျပည္သူတစ္ဦးက ၾကဥအလုံးေရ (၂၀၀၀) လႉဒါန္းလိုက္ပါတယ္။” ေတာေတြ ေတာင္ေတြ ေက်ာ္ကာျဖတ္လို႔ အသက္နဲ႔ခႏၶာ တည္ေနသေ႐ြ႕အထိ မုန္တိုင္းရွိရာကို ျပည္သူနဲ႔အတူတူ အၿမဲရွိေနပါမယ္။ ၾကက္ဥအလုံး ၂၀၀၀ လႉေပးတဲ့ ဂ်ပန္ႏိုင္ငံက အစ္မႀကီး NTT ကို ေက်းဇူးတင္ပါတယ္။ ” လို႔

ကိုေပါက္ဟာ သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာေပၚမွာ ဓာတ္ပုံေလးေတြနဲ႔အတူ ေရးသားထားတဲ့ သတင္းေလးကို တင္ဆက္ေပးလိုက္ပါတယ္။ ဒါ့အျပင္ ကိုေပါက္က အသက္ရွင္ေနသေ႐ြ႕ ျပည္သူေတြနဲ႔ အတူတူ အမွန္တရားဘက္က ရပ္တည္သြားမယ္လို႔ ေရးသားထားပါေသးတယ္ေနာ္။

ပရိတ္သတ္ႀကီးေရ … ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ခက္ခက္ခဲခဲ စစ္ေကာင္စီကို တြန္းလွန္ေနတဲ့ ဒါ႐ိုက္တာ ကိုေပါက္ကို အားေပးစကားေလးေတြ ေျပာေပးခဲ့ပါဦးေနာ္။

ကိုေပါက္လည္း ခ်စ္ရတဲ့ မိသားစုနဲ႔အတူ ေဘးကင္းစြာ အျမန္ဆုံး ျပန္လည္ဆုံစည္းႏိုင္ပါေစ လို႔ ဆုေတာင္းေပးလိုက္ပါတယ္။ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၁ ရက္က စတင္ကာ အၾကမ္းဖက္စစ္ေကာင္စီက ႏိုင္ငံေတာ္အာဏာကို သိမ္းယူခဲ့တဲ့ ကာလဟာ ဆယ္လေက်ာ္ ၾကာျမင့္ခဲ့ၿပီျဖစ္ပါတယ္။