ထပ်မံဖွင့်လှစ်လာတဲ့ဘားအံမြို့ရဲ့ စားချင်စရာ စိမ်းစိမ်းစိုစို ၅၀၀ ကျပ်တန် ဇလုံထမင်းဆိုင်လေး

၅၀၀ ကျပ်တန် ဇလုံထမင်းဆိုင်လေးတွေ နေရာတိုင်း တိုးချဲ့ဖွင့်လှစ်လာတာနှင့်အမျှ ကရင်ပြည်နယ် ဘားအံမြို့က ဇလုံထမင်းဆိုင်လေးဟာလည်း လူအများရဲ့ စားချင်စိတ်ကို နှိုးဆွလို့နေပါတယ်။

ဒီဇလုံထမင်းဆိုင်လေးဟာ ကရင်ပြည်နယ် ၊ ဘားအံမြို့ အမှတ် ၄ ရပ်ကွက် ၊ ခရေလမ်း မှာတည်ရှိတာဖြစ်တာလို့ သိရပါတယ်။ ၅၀၀ ကျပ်တန် ဇလုံထမင်းဆိုင်လေးဖြစ်ပေမယ့် ပါဝင်တဲ့ ဟင်းတွေကတော့ လုံးဝကို ရှယ်တွေပါနော်။

ပုံလေးတွေထဲမှာဆိုရင် ကြက်ဆီပြန် ၊ ငါးချဉ်ပေါင်ချက် ၊ စိမ်းစိုလတ်ဆက်တဲ့တို့စရာအစုံ ၊ သီးစုံပဲဟင်း ၊ ဝဥသုပ် လေးတွေပါပါတယ်။ ၅၀၀ ကျပ်တန် တန်ဖိုးမက အဖိုးတန်တဲ့ ပါဝင်ပစ္စည်းလေးတွေကို

ဒီ ဇလုံထမင်းဆိုင်လေးမှာ အထင်းသားတွေရပါတယ်။ ဆိုင်ရှင်က တော်တော် စေတနာပါ တာပဲနော်။ ဒီထက်မက များများ လှူဒါန်းနိုင်ပြီး အလှူရှင်တွေလည်း အများကြီးလည်း ပေါ်လာပါစေ။

Credit:

Zawgyi



