အသံတိတ်သပိတ် ညနေ ၄ နာရီတွင် ပြည်သူများ လက်ခုပ်တီး၍ အောင်မြင်စွာ အဆုံးသတ်ဂုဏ်ပြု (ရုပ်/သံ)

Silent Strike ဆိုတာ တကယ်တော့ စောင်ချဉ်မဟုတ်ဘူး။ လမ်းပေါ်ထွက် ဆန္ဒပြရတာ ထက်ခက်ပါတယ်။ Silent Strike ဆိုတာမျိုးက အကုန်ညီမှ အထမြောက်အောင် လုပ်နိုင်တဲ့သပိတ်ဖြစ်ပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် Silent Strike ကို ဘယ်နိုင်ငံမှ တော်ယုံ Call မခေါ်ရဲဘူး။ နိုင်ငံအဆင့် Silent Strike အထမြောက်ဖို့ ဆိုတာ အရမ်းခက်ပါတယ်။ ဒီလို Strike အမျိုးအစားကို ကျနော်တို့တတွေ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ပြခဲ့ပြီးပြီ ဖြစ်တယ်။

ဒါဟာ ကျနော်တို့ ပြည်သူတွေ ဘယ်လောက်ထိ တစ်သားတည်းရှိလဲ၊ ဘယ်လောက်ညီတယ် ဆိုတာ ကမ္ဘာကသိအောင် ပြသခြင်းပဲဖြစ်တယ်။ ငါတို့ အထမြောက်ခြင်း၊ လုပ်နိုင်ခဲ့ခြင်းဟာ သွေးပူတုန်း ညီခဲ့ကြတာမဟုတ်ဘူး။ ပေါ်ပင်လုပ်ပြခဲ့တာမဟုတ်ဘူး။

ငါတို့ရဲ့ နွေဦးတော်လှန်ရေးဟာ Performant Revolution သက်သက် မဟုတ်ဘူး။ ငါတို့ ဘယ်လောက်ပဲ ခက်ခဲပါစေ။ ဘယ်လောက်ပဲ ရုတ်မာရက်စက်တဲ့ ကောင်တွေနဲ့ ရင်ဆိုင်နေရပါစေ ငါတို့ဟာ အခုအချိန်အထိ တစ်သွေးတည်း

အဲဒီကောင်တွေကို တော်လှန်နေဆဲပဲလို့ ကမ္ဘာကသိ‌အောင် ထပ်ပြီး သက်သေထူလိုက်ကြ လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ယနေ့ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့တော်တွင် စစ်အာဏာရှင်တော်လှန်ရေး အသံတိတ်သပိတ် Silent Strike ကို

 

ညနေ ၄ နာရီတွင် ရန်ကုန်မြို့အနှံ့ရှိ ပြည်သူအားလုံးနီးပါးက လက်ခုပ်သံပြိုင်တီးကာ ဂုဏ်ပြုအဆုံးသတ်လိုက်နိုင်ပါပြီ။ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ်ကို ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ နိုင်ငံတဝန်း ပြုလုပ် နိုင်ခဲ့ပြီတာဖြစ်ပါတယ်။ အရေးတော်ပုံအောင်ကိုအောင်ရမည်။

Credit:Khit Thit