အကြမ်းဖက်စစ်ကောင်စီ၏လူမဆန်စွာဆက်လက်ရက်စက်ယုတ်မာနေမှု့များ

ဒီပဲယင်း ၊ နဂါးတွင်းကျေးရွာတွင် စစ်တပ်က ဦးသန်းထွေး၊ ဦးကျော်ဝင်း၊ ကိုမိုး၊ ဦးကံညွှန့်၊ ကိုတိုးနှင့် ဦးဇော်ဝင်းတို့ကို ရက်စက်စွာ သတ်ဖြတ်ပြီး ရွာကို ဖျက်ဆီးသွားခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ နဂါးတွင်းကျေးရွာတွင် စစ်တပ်က ဝင်ရောက်တပ်စွဲပြီးနောက် ဒီဇင်ဘာလ ၁၀ ရက်နေ့ ပြန်လည် ထွက်ခွာသွားရာ တွင်

ပြည်သူ ၆ ဦး၏ သတ်ဖြတ်ခံထားရသော အလောင်းများကို တွေ့ရှိရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ စစ်တပ်က ဒီပဲယင်း နဂါးတွင်းကျေးရွာတွင် သတ် ဖြတ် သွားသည့်ပြည်သူ ၆ ဦးမှာ –

(၁)ဦးသန်းထွေး၊ (၂)ဦးကျော်ဝင်း၊ (၃)ကိုမိုး၊ (၄) ဦးကံညွှန့်၊ (၅) ကိုတိုး၊ (၆) ဦးဇော်ဝင်း တို့ဖြစ်ကြောင်း သိရှိရသည်။ “တစ်ရွာလုံး အိမ်တွေကို ဖျက်ဆီးသွားတယ်။

အသတ်ခံထားရတဲ့သူတွေကလည်း ရက်ရက်စက်စက် အသတ်ခံထားရတယ်” ဟု ကျေးရွာ သားတစ်ဦးက ပြောသည်။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် နဂါးတွင်းရွာမှ တပ်စွဲထားသော စစ်တပ်များ

ယနေ့ ထွက်သွားအပြီးရက် ရက် စက်စက်သတ်ဖြတ်ခံထားရသည့် ပြည်သူများ အလောင်း များကို တွေ့ရှိရကြောင်း၊ ကျေးရွာရှိ နေအိမ်များကိုလည်း ဖျက်ဆီးသွားကြောင်း သိရှိရသည်။

Credit:Khit Thit Media

Zawgyi





