အာဏာသိမ်းစစ်ခေါင်းဆောင်ကို ICC တွင်တရားစွဲရန် ဦးတိုက်လျှောက်ထား၊ ဖမ်းဝရမ်းထုတ်ဖို့ အခြေအနေရှိ

တရားမဝင် အာဏာသိမ်းထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC မှာ အမှုဖွင့် တရားစွဲဖို့ လန်ဒန် အခြေစိုက်တဲ့ MAP- Myanmar Accountability Project က တရားရုံးကို သက်သေတွေနဲ့ တကွ ဦးတိုက်လျှောက် ထားလိုက်ပါတယ်။

ရောမ သဘောတူညီချက် Rome Statute ဥပဒေ ပုဒ်မ (၁၅) အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမှုဖွင့် တရားစွဲဖို့ MAP က တောင်းဆိုလိုက်တာ ဖြစ်ပြီး၊ မြန်မာပြည်မှာ စစ်ကောင်စီတပ်တွေက ဆန္ဒပြပွဲတွေကို နှိမ်နင်းတဲ့ နေရာမှာ ညှဉ်းပမ်း နှိပ်စက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်၊

စနစ်တကျ ကျူးလွန်နေတယ်လို့ ဖော်ပြထားပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ တရား ဥပဒေမဲ့ ရာဇဝတ်မှု လုပ်ရပ်အားလုံးအတွက် အာဏာသိမ်း ခေါင်းဆောင်မှာ တာဝန် ရှိတယ်လို့ အဖွဲ့ရဲ့ ညွန်ကြားရေးမှူးဖြစ်သူ ခရစ္စတိုဖာဂန်းနက်က ပြောပါတယ်။

ခရစ္စတိုဖာဂန်းနက်ဟာ ၁၉၈၈ လူထု အရေးတော်ပုံတုန်းက ဘီဘီစီရဲ့ သတင်းထောက် ဖြစ်ခဲ့ပြီး မြန်မာပြည်အရေးကို ကမ္ဘာကျော်အောင် သတင်းတင်ပြ ခဲ့သူအဖြစ် အသိအမှတ် ပြုခံရသူ ဖြစ်ပါတယ်။

ဘီဘီစီမှာ ၂၃ နှစ် အလုပ်လုပ်ခဲ့ပြီးနောက် ကုလသမဂ္ဂမှာ အရှေ့အလယ်ပိုင်းဆိုင်ရာ မဟာဗျူဟာ အကြံပေးအဖြစ် တာဝန်ထမ်းခဲ့ပါတယ်။ အခု သူတို့ အဖွဲ့က အိုင်စီစီၤကို တင်ပြလိုက်တဲ့ သက်သေတွေမှာ လူတစ်ဦးချင်းအပေါ် ကျူးလွန်တဲ့ လုပ်ရပ်တွေရော၊

တရားရေးဆိုင်ရာ သုံးသပ်ချက်တွေ အသေးစိတ် ပါဝင်ပြီး၊စစ်ကောင်စီက ညှဉ်းပမ်း နှိပ်စက်မှုတွေကို မူဝါဒ တရပ်အနေနဲ့ ကျယ်ကျယ် ပြန့်ပြန့် စနစ်တကျ ကျူးလွန်နေတယ် ဆိုတာ သက်သေ ထင်ရှားနေတယ်လို့ ဆိုပါတယ်။

ဒါဟာ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်တယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် အိုင်စီစီက အာဏာသိမ်း စစ်ခေါင်းဆောင်ကို အမှုဖွင့်မယ့် အလားအလာ ကောင်းပြီး၊

မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အခြေအနေလည်း ရှိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံဟာ အိုင်စီစီအဖွဲ့ဝင်နိုင်ငံမဟုတ်တာကြောင့် တရားစီရင်ခွင့် မရှိတဲ့ အကြောင်း မြန်မာအစိုးရ အဆက်ဆက်က အစဉ်တစိုက် ပြောနေတာဖြစ်ပါတယ်။

Credit:

Zawgyi

တရားမဝင္ အာဏာသိမ္းထားတဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ႏိုင္ငံတကာ ရာဇဝတ္မႈခုံ႐ုံး ICC မွာ အမႈဖြင့္ တရားစြဲဖို႔ လန္ဒန္ အေျခစိုက္တဲ့ MAP- Myanmar Accountability Project က တရား႐ုံးကို သက္ေသေတြနဲ႔ တကြ ဦးတိုက္ေလွ်ာက္ ထားလိုက္ပါတယ္။

ေရာမ သေဘာတူညီခ်က္ Rome Statute ဥပေဒ ပုဒ္မ (၁၅) အရ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို အမႈဖြင့္ တရားစြဲဖို႔ MAP က ေတာင္းဆိုလိုက္တာ ျဖစ္ၿပီး၊ ျမန္မာျပည္မွာ စစ္ေကာင္စီတပ္ေတြက ဆႏၵျပပြဲေတြကို ႏွိမ္နင္းတဲ့ ေနရာမွာ ညႇဥ္းပမ္း ႏွိပ္စက္မႈေတြကို က်ယ္က်ယ္ျပန႔္ျပန႔္၊

စနစ္တက် က်ဴးလြန္ေနတယ္လို႔ ေဖာ္ျပထားပါတယ္။ လုံၿခဳံေရး တပ္ဖြဲ႕ေတြရဲ႕ တရား ဥပေဒမဲ့ ရာဇဝတ္မႈ လုပ္ရပ္အားလုံးအတြက္ အာဏာသိမ္းေခါင္းေဆာင္မွာ တာဝန္ ရွိတယ္လို႔ အဖြဲ႕ရဲ႕ ၫြန္ၾကားေရးမႉးျဖစ္သူ ခရစၥတိုဖာဂန္းနက္က ေျပာပါတယ္။

ခရစၥတိုဖာဂန္းနက္ဟာ ၁၉၈၈ လူထု အေရးေတာ္ပုံတုန္းက ဘီဘီစီရဲ႕ သတင္းေထာက္ ျဖစ္ခဲ့ၿပီး ျမန္မာျပည္အေရးကို ကမာၻေက်ာ္ေအာင္ သတင္းတင္ျပခဲ့သူအျဖစ္ အသိအမွတ္ ျပဳခံရသူ ျဖစ္ပါတယ္။

ဘီဘီစီမွာ ၂၃ ႏွစ္ အလုပ္လုပ္ခဲ့ၿပီးေနာက္ ကုလသမဂၢမွာ အေရွ႕အလယ္ပိုင္းဆိုင္ရာ မဟာဗ်ဴဟာ အႀကံေပးအျဖစ္ တာဝန္ထမ္းခဲ့ပါတယ္။ အခု သူတို႔ အဖြဲ႕က အိုင္စီစီကႋု တင္ျပလိုက္တဲ့ သက္ေသေတြမွာ လူတစ္ဦးခ်င္းအေပၚ က်ဴးလြန္တဲ့ လုပ္ရပ္ေတြေရာ၊

တရားေရးဆိုင္ရာ သုံးသပ္ခ်က္ေတြ အေသးစိတ္ ပါဝင္ၿပီး၊စစ္ေကာင္စီက ညႇဥ္းပမ္း ႏွိပ္စက္မႈေတြကို မူဝါဒ တရပ္အေနနဲ႔ က်ယ္က်ယ္ ျပန႔္ျပန႔္ စနစ္တက် က်ဴးလြန္ေနတယ္ ဆိုတာ သက္ေသ ထင္ရွားေနတယ္လို႔ ဆိုပါတယ္။

ဒါဟာ လူသားေတြအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈအျဖစ္ သတ္မွတ္ႏိုင္တယ္လို႔လည္း ေျပာပါတယ္။ ဒါေၾကာင့္ အိုင္စီစီက အာဏာသိမ္း စစ္ေခါင္းေဆာင္ကို အမႈဖြင့္မယ့္ အလားအလာ ေကာင္းၿပီး၊

မင္းေအာင္လႈိင္ကို ဖမ္းဝရမ္းထုတ္ဖို႔ အေျခအေနလည္း ရွိတယ္လို႔ ေျပာပါတယ္။ ျမန္မာႏိုင္ငံဟာ အိုင္စီစီအဖြဲ႕ဝင္ႏိုင္ငံမဟုတ္တာေၾကာင့္ တရားစီရင္ခြင့္မရွိတဲ့ အေၾကာင္း ျမန္မာအစိုးရ အဆက္ဆက္က အစဥ္တစိုက္ ေျပာေနတာျဖစ္ပါတယ္။