အထက်မြန်မာပြည်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုက ဗြိတိန်ထုတ် AWM နှင့် ပုံစံတူ စနိုက်ပါလက်နက်ထုတ်လုပ်နိုင်ခဲ့ခြင်း

ဗြိတိန်ထုတ် AWM – Arctic Warfare Magnumနှင့် ပုံစံတူ စနိုက်ပါ သေ နတ်ကို အထက်မြန်မာပြည်အခြေ စိုက် တော်လှန်ရေးအဖွဲ့ တစ်ခုဖြစ်သည့် Special Attacking Force က ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

Special Attacking Force (SAF)မှတာဝန်ရှိသူက “AWM အမျိုးအစားနဲ့က ပုံစံတူ လက်လုပ် သေ နတ်ကို ထုတ်လုပ်ခဲ့တာပါ။ ဒီမှာရှိတဲ့ ကျနော်တို့ ရဲဘော်တွေနဲ့ ထုတ်လုပ် ထားတာပါ။ အခုတော့ တိုက်ပွဲဝင်ပြီး တိုက်နိုင်တဲ့ အနေအထား ဖြစ်နေပါပြီ” ဟု ပြောသည်။

SAFက ထုတ်လုပ်သည့် AWM နှင့် ပုံစံတူ စနိုက်ပါမှာ မီတာ ၃၀၀ ( ပေ ၁၀၀၀ နီးပါး) အထိ ပစ်ခတ်နိုင်ပြီး တိုက်ပွဲဝင်နိုင်သော အသင့်အနေအထားတွင် ရှိနေပြီဖြစ်ကြောင်း သိရသည်။ သို့သော်လည်း လက်ရှိအချိန်တွင် ကျည်တစ်ထောင့်ထိုး၍သာ ပစ်ခတ်ရသော အနေအထားတွင်ရှိနေပြီး…

ထပ်မံ၍ အတွဲလိုက် ပစ်ခတ်နိုင်သော အနေအထားအထိ ကြိုးစားသွားကြမည် ဖြစ်ကြောင်း သိရသည်။ နမူနာ သေ နတ်တစ်လက်တည်းသာ လက်ရှိအချိန်တွင်ထုတ်လုပ်နိုင်သေးပြီး ငွေကြေးနှင့် လုံလောက်သည့် ပစ္စည်းများ ရရှိပါက

တစ်လလျင် ငါးလက်ခန့်အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအထက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး အဖွဲ့များ အကြား စစ်ရေးအခြေအနေများ တင်းမာလျက် ရှိနေသည်။

ယင်းသို့သော အခြေအနေတွင် လက်နက်ဝယ်ယူရသည့် ကုန်ကျစရိတ်များပြားနှင့် သယ်ယူပို့ဆောင် ရန် ခက်ခဲခြင်းတို့ကြောင့် တော်လှန်ရေး အဖွဲ့အများအပြား သေ နတ်ကို ကိုယ်တိုင် ထုတ်လုပ်လာကြကြောင်း သိရသည်။”

ဝယ်တဲ့အခါမှာလည်း ဈေးတွေက အများကြီးမြောက်တယ်။ လမ်းကြောင်းတွေကလည်း ကြပ်နေကြတယ်လေ” ဟု စစ်ကိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုကလည်းပြောသည်။ AWM သည် ဗြိတိန်နိုင်ငံ၏ ကမ္ဘာကျော် Sniper တစ်လက်ဖြစ်ပြီး Accuracy International က

Design ဆွဲထုတ်လုပ်ခဲ့ ခြင်းဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး Sniper အဖြစ် မှတ်တမ်းဝင်ထား သည်။ AWM ၏ မူရင်း design မှာ ၁၈၈၀ ပြည့်နှစ်ကတည်းက စတင်တည်ထောင်ခဲ့သည့် Accuracy International Arctic Warfare ( AW) ဖြစ်ပြီး ၎င်းကို ပြန်လည် အဆင့် မြှင့်တင် ခဲ့ခြင်း ဖြစ်သည်။

AW sniper များသည် အမဲပ စ်သမားများ၊ အထူးရဲများနှင့် စစ်တပ်များအကြား အလွန်နာမည်ကျော်ကြားကာ နိုင်ငံပေါင်း ၂၀ ခန့်က စစ်တပ်များ လက်ရှိအသုံးပြုနေသည့် အမျိုးအစား ဖြစ်သည်။ မူရင်း AW Sniper များ သည် ကျည်အမျိုးအစား ပေါ်မူတည်ပြီး ပေ ၂၄၀၀ မှ ပေ ၁၂၀၀၀ အထိ ပစ်ခတ်နိုင်သည်

Credit:

Zawgyi

ၿဗိတိန္ထုတ္ AWM – Arctic Warfare Magnumႏွင့္ ပုံစံတူ စႏိုက္ပါ ေသ နတ္ကို အထက္ျမန္မာျပည္အေျခ စိုက္ ေတာ္လွန္ေရးအဖြဲ႕ တစ္ခုျဖစ္သည့္ Special Attacking Force က ထုတ္လုပ္ႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

Special Attacking Force (SAF)မွတာဝန္ရွိသူက “AWM အမ်ိဳးအစားနဲ႔က ပုံစံတူ လက္လုပ္ ေသ နတ္ကို ထုတ္လုပ္ခဲ့တာပါ။ ဒီမွာရွိတဲ့ က်ေနာ္တို႔ ရဲေဘာ္ေတြနဲ႔ ထုတ္လုပ္ ထားတာပါ။ အခုေတာ့ တိုက္ပြဲဝင္ၿပီး တိုက္ႏိုင္တဲ့ အေနအထား ျဖစ္ေနပါၿပီ” ဟု ေျပာသည္။

SAFက ထုတ္လုပ္သည့္ AWM ႏွင့္ ပုံစံတူ စႏိုက္ပါမွာ မီတာ ၃၀၀ ( ေပ ၁၀၀၀ နီးပါး) အထိ ပစ္ခတ္ႏိုင္ၿပီး တိုက္ပြဲဝင္ႏိုင္ေသာ အသင့္အေနအထားတြင္ ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္လည္း လက္ရွိအခ်ိန္တြင္ က်ည္တစ္ေထာင့္ထိုး၍သာ ပစ္ခတ္ရေသာ အေနအထားတြင္ရွိေနၿပီး…

ထပ္မံ၍ အတြဲလိုက္ ပစ္ခတ္ႏိုင္ေသာ အေနအထားအထိ ႀကိဳးစားသြားၾကမည္ ျဖစ္ေၾကာင္း သိရသည္။ နမူနာ ေသ နတ္တစ္လက္တည္းသာ လက္ရွိအခ်ိန္တြင္ထုတ္လုပ္ႏိုင္ေသးၿပီး ေငြေၾကးႏွင့္ လုံေလာက္သည့္ ပစၥည္းမ်ား ရရွိပါက

တစ္လလ်င္ ငါးလက္ခန႔္အထိ ထုတ္လုပ္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံအထက္ပိုင္းတြင္ အၾကမ္းဖက္စစ္တပ္ႏွင့္ ေဒသခံ ကာကြယ္ေရး အဖြဲ႕မ်ား အၾကား စစ္ေရးအေျခအေနမ်ား တင္းမာလ်က္ ရွိေနသည္။

ယင္းသို႔ေသာ အေျခအေနတြင္ လက္နက္ဝယ္ယူရသည့္ ကုန္က်စရိတ္မ်ားျပားႏွင့္ သယ္ယူပို႔ေဆာင္ ရန္ ခက္ခဲျခင္းတို႔ေၾကာင့္ ေတာ္လွန္ေရး အဖြဲ႕အမ်ားအျပား ေသ နတ္ကို ကိုယ္တိုင္ ထုတ္လုပ္လာၾကေၾကာင္း သိရသည္။”

ဝယ္တဲ့အခါမွာလည္း ေဈးေတြက အမ်ားႀကီးေျမာက္တယ္။ လမ္းေၾကာင္းေတြကလည္း ၾကပ္ေနၾကတယ္ေလ” ဟု စစ္ကိုင္းအေျခစိုက္ ေတာ္လွန္ေရးအဖြဲ႕တစ္ခုကလည္းေျပာသည္။ AWM သည္ ၿဗိတိန္ႏိုင္ငံ၏ ကမာၻေက်ာ္ Sniper တစ္လက္ျဖစ္ၿပီး Accuracy International က

Design ဆြဲထုတ္လုပ္ခဲ့ ျခင္းျဖစ္ၿပီး ကမာၻ႔အေကာင္းဆုံး Sniper အျဖစ္ မွတ္တမ္းဝင္ထား သည္။ AWM ၏ မူရင္း design မွာ ၁၈၈၀ ျပည့္ႏွစ္ကတည္းက စတင္တည္ေထာင္ခဲ့သည့္ Accuracy International Arctic Warfare ( AW) ျဖစ္ၿပီး ၎ကို ျပန္လည္ အဆင့္ ျမႇင့္တင္ ခဲ့ျခင္း ျဖစ္သည္။

AW sniper မ်ားသည္ အမဲပစ္သမားမ်ား၊ အထူးရဲမ်ားႏွင့္ စစ္တပ္မ်ားအၾကား အလြန္နာမည္ေက်ာ္ၾကားကာ ႏိုင္ငံေပါင္း ၂၀ ခန႔္က စစ္တပ္မ်ား လက္ရွိအသုံးျပဳေနသည့္ အမ်ိဳးအစား ျဖစ္သည္။ မူရင္း AW Sniper မ်ား သည္ က်ည္အမ်ိဳးအစား ေပၚမူတည္ၿပီး ေပ ၂၄၀၀ မွ ေပ ၁၂၀၀၀ အထိ ပစ္ခတ္ႏိုင္သည္။