ဂေါင်းကြီးတို့…အရိုးလေးကိုက်ရရုံနဲ့ သာယာမနေကြနဲ့

အမဲလိုက်ခွေးတွေဟာ မနက်ဖန် အမဲလိုက်ဖို့အတွက် တညကြိုပြီး သခင်က အစာမကျွေးပဲ အငတ်ထားတဲ့ထုံးစံရှိတယ်။ အမဲလိုက် ခွေးဟာ တညလုံးဆာလောင်နေတာပေါ့….ဒီလိုနဲ့တောထဲရောက်တော့ ဗိုက်ကဆာ ဒေါသကလည်းဖြစ်နေတာ့

သားကောင်ရဲ့အနံ့ကို သာမန်ခွေးတွေထက် ပိုရတယ်။ ဘယ်သူကို စိတ်နာရမှန်းမသိတဲ့စိတ် ကသခင်အားကိုးနဲ့ တွေ့သမျှသားကောင်ကို အစွမ်းကုန် သ တ်ပု တ်ဖမ်းဆီးပေးတယ်။ သားကောင်ရတော့

သူ့သခင်ကသူ့ခေါင်းကိုပွတ်ပေးလိုက်တယ်။ အမဲလိုက်ခွေးခဗျာ ကျေနပ်လွန်းလို့ ဗိုက်အဆာ ပျောက်သွားတယ်။ သူ့သခင်က သူကြောင့်ရတဲ့အမဲကို ကောင်းကောင်း ချက်ပြုတ် စီမံတယ်နေ့ဖို့ညစာ ထားတယ်။

တချို့ကိုအခြောက်လှမ်းတယ်။ အမဲလိုက် ခွေးဟာသူ့သခင်ကိုကြည့်ပြီး ပျော်နေရှာတယ်။ ဒီလိုနဲ့ သခင်စားသောက်ပြီးတဲ့ အခါ သူအတွက် အရိုးတွေကို ပစ်ပေးလိုက်တာကိုဟန်ကျ ပန်ကျနဲ့အမြီးနှံ့ပြီး စားရှာတယ်။

သူဟာ ဒီအခြေအနေမျိုးကိုသိပ်ကျေနပ်တယ်။ လောကမှာ သူ့လောက် စိတ်ချမ်းသာတဲ့ ခွေးမျိးမရှိဘူးလို့ ထင်နေရှာတယ်။ သူ့သခင်က သူကြောင့်စီးပွါးတွေဖြစ်လို့သူကတော့ ဒုံရင်းကဒုံရင်းပဲ…

သူလိုက်ဖမ်းသ တ်ပု တ်ပေးခဲ့အမဲကောင်တွေ တောကောင်တွေ ဘယ်လောက်တောင်များ လည်း လို့အမဲလိုက်ခွေးခမျာ…မမှတ်မိနိုင်တော့ဘူး။ အမှန်က သူအစာငတ်ခဲ့ရတဲ့ ရက်တွေ နဲ့ အတူတူပဲ သူမသိလို့ရယ်….ဒီလိုနဲ့ တခါမှာ သခင်ကို

မျက်နှာလုပ်ခြင်ဇောနဲ့တောဝက်ကို ဝင်အလုံးမှာ အဲခွေးဟာဝက်ပက်ခံရပြီး တောထဲမယ်ကိုယ်နဲ့ ခေါင်း နဲ့ တခြားစီဖြစ်ပြီး သွေး အလိမ်း လိမ်းနဲ့ အသက်ထွက်သွားခဲ့တယ်။ ဒီတော့လည်း သူ့သခင်က သူ့ကိုတောထဲမှာပဲပစ်စလက်ခတ် ပစ်ထားခဲ့တယ်။

အဲဒီလို အမဲလိုက်ခွေးရဲ့စွန့်စားခြင်းတွေအတွက် သူ့သခင်က သူ့ကို ဘာနစ်နာကြေးမှမပေးတဲ့အပြင် ဘာဂုဏ်ယူစွာလည်းလူကြားထဲ မပြောဘူးတဲ့….ဒီလိုနဲ့ သူ့သခင်ဟာ နောက်ထပ်ခိုင်းလို့ရမဲ့အမဲလိုက်ခွေးကိုထပ်မွေးပြီး…..

အရင်ခွေးကို သတိတောင်ရဖို့ စိတ်ကူးတောင် မရှိခဲ့ဘူး။ ဒီလိုပါပဲ တချို့လူတွေဟာ…. ဘယ်သူ့ကြောင့် ဆာလောင်ခဲ့ ရလဲ မသိပဲ အမဲလိုက်ခွေးလို သခင်ကြီးပွားဖို့အတွက် ခွေးစိတ်ထက် နိမ့်တဲ့စိတ်ဓာတ်တွေနဲ့ လုပ်ရပ်ဆိုးတွေကို လုပ်နေကြတယ်။

သခင်တွေကသာ ကြီးပွားပြီးခွေးစိတ်ဓာတ် နဲ့လူတွေကသခင်ဆိုတဲ့အာဏာရူးအတွက် မဖြစ်စလောက်…..အရိုးလေးကိုက်ရရုံနဲ့ဘဝမှာသာယာနေကြတယ်။ အမြင်မှန်တွေ အမြန်ဆုံးရဖို့တော့လိုပါပြီ။

Credit:

Zawgyi

အမဲလိုက္ေခြးေတြဟာ မနက္ဖန္ အမဲလိုက္ဖို႔အတြက္ တညႀကိဳၿပီး သခင္က အစာမေကြၽးပဲ အငတ္ထားတဲ့ထုံးစံရွိတယ္။ အမဲလိုက္ ေခြးဟာ တညလုံးဆာေလာင္ေနတာေပါ့….ဒီလိုနဲ႔ေတာထဲေရာက္ေတာ့ ဗိုက္ကဆာ ေဒါသကလည္းျဖစ္ေနတာ့

သားေကာင္ရဲ႕အနံ႔ကို သာမန္ေခြးေတြထက္ ပိုရတယ္။ ဘယ္သူကို စိတ္နာရမွန္းမသိတဲ့စိတ္ ကသခင္အားကိုးနဲ႔ ေတြ႕သမွ်သားေကာင္ကို အစြမ္းကုန္ သ တ္ပု တ္ဖမ္းဆီးေပးတယ္။ သားေကာင္ရေတာ့

သူ႔သခင္ကသူ႔ေခါင္းကိုပြတ္ေပးလိုက္တယ္။ အမဲလိုက္ေခြးခဗ်ာ ေက်နပ္လြန္းလို႔ ဗိုက္အဆာ ေပ်ာက္သြားတယ္။ သူ႔သခင္က သူေၾကာင့္ရတဲ့အမဲကို ေကာင္းေကာင္း ခ်က္ျပဳတ္ စီမံတယ္ေန႔ဖို႔ညစာ ထားတယ္။

တခ်ိဳ႕ကိုအေျခာက္လွမ္းတယ္။ အမဲလိုက္ ေခြးဟာသူ႔သခင္ကိုၾကည့္ၿပီး ေပ်ာ္ေနရွာတယ္။ ဒီလိုနဲ႔ သခင္စားေသာက္ၿပီးတဲ့ အခါ သူအတြက္ အ႐ိုးေတြကို ပစ္ေပးလိုက္တာကိုဟန္က် ပန္က်နဲ႔အၿမီးႏွံ႔ၿပီး စားရွာတယ္။

သူဟာ ဒီအေျခအေနမ်ိဳးကိုသိပ္ေက်နပ္တယ္။ ေလာကမွာ သူ႔ေလာက္ စိတ္ခ်မ္းသာတဲ့ ေခြးမ်ိးမရွိဘူးလို႔ ထင္ေနရွာတယ္။ သူ႔သခင္က သူေၾကာင့္စီးပြါးေတြျဖစ္လို႔သူကေတာ့ ဒုံရင္းကဒုံရင္းပဲ…

သူလိုက္ဖမ္းသ တ္ပု တ္ေပးခဲ့အမဲေကာင္ေတြ ေတာေကာင္ေတြ ဘယ္ေလာက္ေတာင္မ်ား လည္း လို႔အမဲလိုက္ေခြးခမ်ာ…မမွတ္မိႏိုင္ေတာ့ဘူး။ အမွန္က သူအစာငတ္ခဲ့ရတဲ့ ရက္ေတြ နဲ႔ အတူတူပဲ သူမသိလို႔ရယ္….ဒီလိုနဲ႔ တခါမွာ သခင္ကို

မ်က္ႏွာလုပ္ျခင္ေဇာနဲ႔ေတာဝက္ကို ဝင္အလုံးမွာ အဲေခြးဟာဝက္ပက္ခံရၿပီး ေတာထဲမယ္ကိုယ္နဲ႔ ေခါင္း နဲ႔ တျခားစီျဖစ္ၿပီး ေသြး အလိမ္း လိမ္းနဲ႔ အသက္ထြက္သြားခဲ့တယ္။ ဒီေတာ့လည္း သူ႔သခင္က သူ႔ကိုေတာထဲမွာပဲပစ္စလက္ခတ္ ပစ္ထားခဲ့တယ္။

အဲဒီလို အမဲလိုက္ေခြးရဲ႕စြန္႔စားျခင္းေတြအတြက္ သူ႔သခင္က သူ႔ကို ဘာနစ္နာေၾကးမွမေပးတဲ့အျပင္ ဘာဂုဏ္ယူစြာလည္းလူၾကားထဲ မေျပာဘူးတဲ့….ဒီလိုနဲ႔ သူ႔သခင္ဟာ ေနာက္ထပ္ခိုင္းလို႔ရမဲ့အမဲလိုက္ေခြးကိုထပ္ေမြးၿပီး…..

အရင္ေခြးကို သတိေတာင္ရဖို႔ စိတ္ကူးေတာင္ မရွိခဲ့ဘူး။ ဒီလိုပါပဲ တခ်ိဳ႕လူေတြဟာ…. ဘယ္သူ႔ေၾကာင့္ ဆာေလာင္ခဲ့ ရလဲ မသိပဲ အမဲလိုက္ေခြးလို သခင္ႀကီးပြားဖို႔အတြက္ ေခြးစိတ္ထက္ နိမ့္တဲ့စိတ္ဓာတ္ေတြနဲ႔ လုပ္ရပ္ဆိုးေတြကို လုပ္ေနၾကတယ္။

သခင္ေတြကသာ ႀကီးပြားၿပီးေခြးစိတ္ဓာတ္ နဲ႔လူေတြကသခင္ဆိုတဲ့အာဏာ႐ူးအတြက္ မျဖစ္စေလာက္…..အ႐ိုးေလးကိုက္ရ႐ုံနဲ႔ဘဝမွာသာယာေနၾကတယ္။ အျမင္မွန္ေတြ အျမန္ဆုံးရဖို႔ေတာ့လိုပါၿပီ။