ထမင်းမစားရတာ (၅)ရက်ရှိပါပြီဆိုတဲ့ အဖိုးနဲ့အဖွား လင်မယား

မိတ်ဆွေတဦးမှ ဖုန်းနံပါတ်ပေးလို့…အဖိုး နဲ့အဖွားမှ ကျနော့်ဆီ ဖုန်းဆက်သွယ်လာပါတယ်။ အဖိုးအသက် (၇၈)နှစ် (အဖိုးကတုန်ချိဖြစ်နေပြီ)၊ အဖွားအသက် (၈၈)နှစ် (အဖွားက နားတဖက်မကြား…မျက်စိ တဖက်မမြင်) သားသမီး မရှိ။

အရင်က အစိုးရဝန်ထမ်းတွေပါ ခုနေတဲ့ အိမ်လေးက အရင်ဝန်ထမ်းဘဝက ရထားတဲ့ အိမ်လေးပါတဲ့။ ကျနော့် ဖုန်းနံပါတ်လေး စာရွက်လေးပေါ်မှာ ရေးထားတာလေး ကိုင်ပြီး ထိုင်စောင့်နေရှာတယ်။

အောက်က ထမင်းနဲ့ ဟင်းဝယ်ပြီး တက်သွားတော့ သားလေးလာတာ အဖွား အရမ်းကျေးဇူး တင်ပါတယ်။ အဖွားတို့ ထမင်းမစားရတာ (၅)ရက်ရှိနေပြီ။ စားစရာလဲ မရှိ…ပိုက်ဆံလဲ မရှိ။ အဖိုးနဲ့ အဖွား အရင်က ဘယ်လို စားသောက်လည်း

မေးကြည့်တော့ ပင်စာ လစာလေးနဲ့ စားသောက်တယ်။ ခု အဖိုးကော အဖွားကောလမ်းမ လျှောက်နိုင်တော့ဘူး။ မရှက်တမ်း ပြောပါ့မယ်။ ဒီပတ်ဝန်ကျင်နားက ထမင်းဆိုင်တွေက အကြွေးနဲ့ စားပါတယ်…ရှိတဲ့ခါလဲ အကြွေးပြန်ဆပ်ပါတယ်။

ခု အကြွေးတွေများတော့ သွားမစားရဲတော့ဘူး အားနာတယ် သားရယ်။ ဟုတ်၊ အဖိုး နဲ့ အဖွား ရော့ 100,000 Ks နော်။ အဖွားက နားမကြားတော့ အဖိုးကို ဘာလဲတဲ့ မေးတော့ အဖိုးက သားလေးက ပိုက်ဆံ (၁)သိန်းပေးတာ

(အကျယ်ကြီးပြောတော့) အဖွား ပိုက်ဆံလေးချပြီး ငိုပါလေရော။ အဖွား ဘဝမှာ ခုလို (၁)သိန်းကို ခုမှ ကိုင်ဖူးတာ။ အဖိုးနဲ့အဖွား သူများ ပေးစားကမ်းစားလေးပဲ စားလာရတာပါ (ငိုပါလေရော ပျော်ရွှင်ခြင်းကော ဝမ်းနည်းခြင်းကော တွေ့ရတယ်)

အရမ်းကျေးဇူးတင်ပါတယ် သားရယ်။ အဖွား မသေခင် သားလေးနဲ့ ပြန်တွေ့ချင်တယ်နော်။ ပြန်လာခဲ့နော်။ လာမှာပေါ့ အဖွားရဲ့။သား ထပ်လာမယ်နော်။ စိတ်မကောင်း မဖြစ်နဲ့ တော့နော်။ ခု သားပေးတာ အဖိုးနဲ့အဖွား ကြိုက်တာ သုံးနော်။

အဖိုးနဲ့အဖွား ပျော်ရွှင်နေကြတာရော၊ ဝမ်းနည်းနေကြတာရော မြင်တွေ့ရတယ်။ ပြန်ခါနီးထိ ကျေးဇူးတင်ကြောင်း၊ အဖွားဆီ ရောက်အောင် ပြန်လာနော် တဖွဖွမှာ နေရှာတယ်။ အော်…ကျနော် အဖိုးနဲ့အဖွား ရှိနေသေးရင်ဆိုတဲ့ စိတ်လေးဖြင့် ထပ်လာပါမယ် ကတိပေးခဲ့တယ်။

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက “ကိုပူတူး နှင့် ဘော်ဒါများ” ဖုန်း 09-5408437 သို့ ဆက်သွယ်လှူဒါန်း နိုင်ကြပါတယ်။ ကိုပူတူးနှင့် ဘော်ဒါများ၊ အလှူရှင်များလည်း ခုထက်မက လှူဒါန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။

Credit:

Zawgyi

မိတ္ေဆြတဦးမွ ဖုန္းနံပါတ္ေပးလို႔…အဖိုး နဲ႔အဖြားမွ က်ေနာ့္ဆီ ဖုန္းဆက္သြယ္လာပါတယ္။ အဖိုးအသက္ (၇၈)ႏွစ္ (အဖိုးကတုန္ခ်ိျဖစ္ေနၿပီ)၊ အဖြားအသက္ (၈၈)ႏွစ္ (အဖြားက နားတဖက္မၾကား…မ်က္စိ တဖက္မျမင္) သားသမီး မရွိ။

အရင္က အစိုးရဝန္ထမ္းေတြပါ ခုေနတဲ့ အိမ္ေလးက အရင္ဝန္ထမ္းဘဝက ရထားတဲ့ အိမ္ေလးပါတဲ့။ က်ေနာ့္ ဖုန္းနံပါတ္ေလး စာ႐ြက္ေလးေပၚမွာ ေရးထားတာေလး ကိုင္ၿပီး ထိုင္ေစာင့္ေနရွာတယ္။

ေအာက္က ထမင္းနဲ႔ ဟင္းဝယ္ၿပီး တက္သြားေတာ့ သားေလးလာတာ အဖြား အရမ္းေက်းဇူး တင္ပါတယ္။ အဖြားတို႔ ထမင္းမစားရတာ (၅)ရက္ရွိေနၿပီ။ စားစရာလဲ မရွိ…ပိုက္ဆံလဲ မရွိ။ အဖိုးနဲ႔ အဖြား အရင္က ဘယ္လို စားေသာက္လည္း

ေမးၾကည့္ေတာ့ ပင္စာ လစာေလးနဲ႔ စားေသာက္တယ္။ ခု အဖိုးေကာ အဖြားေကာလမ္းမ ေလွ်ာက္ႏိုင္ေတာ့ဘူး။ မရွက္တမ္း ေျပာပါ့မယ္။ ဒီပတ္ဝန္က်င္နားက ထမင္းဆိုင္ေတြက အေႂကြးနဲ႔ စားပါတယ္…ရွိတဲ့ခါလဲ အေႂကြးျပန္ဆပ္ပါတယ္။

ခု အေႂကြးေတြမ်ားေတာ့ သြားမစားရဲေတာ့ဘူး အားနာတယ္ သားရယ္။ ဟုတ္၊ အဖိုး နဲ႔ အဖြား ေရာ့ 100,000 Ks ေနာ္။ အဖြားက နားမၾကားေတာ့ အဖိုးကို ဘာလဲတဲ့ ေမးေတာ့ အဖိုးက သားေလးက ပိုက္ဆံ (၁)သိန္းေပးတာ

(အက်ယ္ႀကီးေျပာေတာ့) အဖြား ပိုက္ဆံေလးခ်ၿပီး ငိုပါေလေရာ။ အဖြား ဘဝမွာ ခုလို (၁)သိန္းကို ခုမွ ကိုင္ဖူးတာ။ အဖိုးနဲ႔အဖြား သူမ်ား ေပးစားကမ္းစားေလးပဲ စားလာရတာပါ (ငိုပါေလေရာ ေပ်ာ္႐ႊင္ျခင္းေကာ ဝမ္းနည္းျခင္းေကာ ေတြ႕ရတယ္)

အရမ္းေက်းဇူးတင္ပါတယ္ သားရယ္။ အဖြား မေသခင္ သားေလးနဲ႔ ျပန္ေတြ႕ခ်င္တယ္ေနာ္။ ျပန္လာခဲ့ေနာ္။ လာမွာေပါ့ အဖြားရဲ႕။သား ထပ္လာမယ္ေနာ္။ စိတ္မေကာင္း မျဖစ္နဲ႔ ေတာ့ေနာ္။ ခု သားေပးတာ အဖိုးနဲ႔အဖြား ႀကိဳက္တာ သုံးေနာ္။

အဖိုးနဲ႔အဖြား ေပ်ာ္႐ႊင္ေနၾကတာေရာ၊ ဝမ္းနည္းေနၾကတာေရာ ျမင္ေတြ႕ရတယ္။ ျပန္ခါနီးထိ ေက်းဇူးတင္ေၾကာင္း၊ အဖြားဆီ ေရာက္ေအာင္ ျပန္လာေနာ္ တဖြဖြမွာ ေနရွာတယ္။ ေအာ္…က်ေနာ္ အဖိုးနဲ႔အဖြား ရွိေနေသးရင္ဆိုတဲ့ စိတ္ေလးျဖင့္ ထပ္လာပါမယ္ ကတိေပးခဲ့တယ္။

ဆင္းရဲႏြမ္းပါး အဖိုးအဖြားမ်ားအတြက္ အတူအကြ ပူးေပါင္း ကူညီလႉဒါန္းလိုပါက “ကိုပူတူး ႏွင့္ ေဘာ္ဒါမ်ား” ဖုန္း 09-5408437 သို႔ ဆက္သြယ္လႉဒါန္း ႏိုင္ၾကပါတယ္။ ကိုပူတူးႏွင့္ ေဘာ္ဒါမ်ား၊ အလႉရွင္မ်ားလည္း ခုထက္မက လႉဒါန္းႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ ရပါတယ္။