လမ်းဘေးတဲလေးတွင်နေထိုင်ပြီး ဆန်ပြုတ်များရောင်းချကာ ဝင်ငွေရှာဖွေနေရသည့် အသက်၈၅နှစ်အရွယ်အဖိုးအို

ပုံမှန်အားဖြင့်တော့ လူသားတို့ဟာအသက်ရှင်သန်ရေးအတွက် အလုပ်လုပ်ကိုင်ကာ ဝင်ငွေ များကို ရှာဖွေနေကြရမှာဖြစ်ပါတယ်။ သို့သော်လည်း အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်သော်လည်း

အရွယ်နှင့်မလိုက်အောင် ရုန်းကန်နေကြရသည့် အဖိုးအဖွားများ၏ ဘဝသည်ကာ အလွန်စာနာဖွယ်ကောင်းလှပါတယ်။ ယခုတွင်လည်း ထိုင်းနိုင်ငံ ဘန်ကောက် မြို့တွင် နေထိုင်သောအသက်၈၅နှစ် အရွယ်အဖိုးအိုတစ်ဦးဟာဘဝကိုပင်ပန်းစွာဖြင့် ဖြတ်သန်း နေရပါတယ်။

အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော်လည်း မှီခိုအားထားစရာ မိသားစုဝင်များမရှိသည့် အတွက် လမ်းဘေးကတဲလေးထဲတွင် တစ်ဦးတည်းသာနေထိုင်ပြီး ဘဝ၏ စားဝတ်နေရေးများကို

ပြေလည်စေရန်အတွက် ဆန်ပြုတ်ရောင်းပြီး ဝင်ငွေရှာဖွေ နေခဲ့ရတာဖြစ်ပါတယ်။ အဖိုးအိုဟာ အရင်းအနှီးလုံလောက်စွာမရှိသည့်အတွက် ဆန်ပြုတ် လေးကိုသာ သေချာစွာပြုတ်ပြီး အရသာရှိအောင် ကြိုးစားပြင်ဆင်ရောင်းချနေရတာ ဖြစ်ပါတယ်။

Credit:

Zawgyi



