ရေခဲမုန့်ရောင်းပြီး မိသားစုအတွက်နဲ့ ရုန်းကန်လှုပ်ရှားနေရသေးတဲ့ အသက် 89 နှစ်အရွယ် ရေခဲရောင်းသူ အဘိုးအို

တချို့သော လူတွေက အသက်ကြီးလာတဲ့အခါမှာ အလုပ်မှ အနားယူကြပြီး မိသားစုနဲ့ အချိန်များစွာဖြုန်းကြပါတယ်။ ဒါပေမဲ့ တချို့မပြည့်စုံတဲ့ လူတွေအတွက်တော့ အသက်က ကြီးပေမဲ့ ဘဝအတွက်နဲ့ပင် ရုန်းကန်နေရတုန်းပါ။

ဟုတ်ကဲ့ ၊ TikTok အကောင့် @kita_berbagi2 မှ တင်ထားတဲ့ အသက် 89 နှစ်အရွယ် ရေခဲရောင်းသူအဖိုးရဲ့ ဗီဒီယိုကို မကြာသေးမီက မြင်တွေ့ခဲ့ရပြီး လူအများ ဝမ်းနည်းစရာ ဖြစ်စေမိပါတယ်။

ရေခဲရောင်းသူ အဖိုးက ဇနီးဖြစ်သူနဲ့ ငှားထားတဲ့ အိမ်မှာ နေထိုင်တယ်။ အဖိုးကရေခဲချောင်း တွေကို မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ရောင်းချပါတယ်။ ကလေးတွေအကြောင်း မေးတော့ အဖိုးက ချက်ခြင်း ငိုချသွားတယ် လို့ ဗီဒီယိုထဲကနေ ရေးသားခဲ့ပါတယ်။

အဘိုးတစ်ယောက် ရဲ့ ရုန်းကန်မှုအကြောင်းဒီဗီဒီယိုကိုအကြိမ်ရေ700,000 ကျော် ကြည့်ရှုပြီး Like79,000 ရရှိပြီးနောက် ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။ ထောင်ပေါင်းများစွာ သော အင်တာနက် အသုံးပြုသူများကလည်း အဖိုးကိုဆုတောင်းပြီး အားပေးခဲ့ကြပါတယ်။

Credit:

Zawgyi



