အဖိုးရေ…ဘာတွေရောင်းတုန်း? အမ်…ဘာပြောတာလဲ သား (အဖိုးက နားမကြားဘူး)
ဘဝ နေဝင်ချိန်…ထမင်းစားဖို့ပါ…အဖိုးရေ…ဘာတွေရောင်းတုန်း?? အမ်…ဘာပြောတာလဲ သား (အဖိုးက နားမကြားဘူး) ဟုတ်…အဖိုး သား ပစ္စည်းတွေ ဝယ်ချင်လို့ပါ (အကျယ်ကြီးအော်ပြောရတယ်) အဖိုးရေ…
ဘာတွေရောင်းတုန်း??အစုံပဲ သား… (အဖိုးက စိတ်ကျန်းမာရေးလဲ နည်းနည်းထိခိုက်ထား သလို…မှတ်ဉာဏ်လဲ မကောင်းဘူး )ကျနော် ကပ်ကြေး…ဂျုတ်…ခေါင်းကလစ်…ချိတ်လေး…ဘီးစစ်…ဝယ်လိုက်တယ်။
(တချို့ပစ္စည်းလေးတွေက အဖိုးရောင်းတာ အရမ်းသက်သာနေတယ်။ ကပ်ကြေးဆို အပြင်မှာ ၃၀၀၀လောက်ရှိတယ်။ အဖိုးက ၅၀၀ နဲ့ ရောင်းတယ်။)အဖိုး တွက်ကြည့်ပါအုံး…သား (၆၀၀၀)ကျပ် ကျတယ်။
အမ်…ဟုတ်လို့လား သားပြန်တွက်ကြည့်မယ်နော်…အားလုံး (၈၀၀၀) ကျပ် ကျတာ အဖိုး(အဖိုး မမှတ်မိ မှားတွက်)ဟုတ်လား သား…ဟုတ်တယ် အဖိုး…ဈေးဦးကော ပေါက်ပြီ လား ?? တထောင်တန်လေး (၂)ရွက်ထုတ်ပြတယ်။
ဟုတ်…အဖိုး ရော့ 30,000 Ks အဖိုး အရမ်းပျော်သွားတယ်…ဆုတွေ ပေးရှာတယ်။ ကျေးဇူးတင်ပါတယ် သားရယ်….. အဖိုး လှူချင်တာလေးတွေ လှူလို့ရပြီ…ဒီနေ့ ရအောင် သွားလှူမယ်။
ဟုတ် အဖိုး…ဂရုစိုက်ပြီ ပြန်နော်…သားလဲ ပြန်တော့မယ်နော်… အဖိုး တာ့တာတွေပြပြီ…ပျော်နေတယ်…အော်…ကျနော်တို့အတွက် (၅၀၀) (၁၀၀၀)က မပြောပြလောက်ပေမဲ့…လမ်းဘေးဆင်းရဲနွမ်းပါး အဖိုးအဖွားတွေအတွက်ကျ တနေကုန်တောင်
မရောင်းရတတ်ကြဘူး။ ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက ကိုပူတူးနှင့်ဘော်ဒါများ ဖုန်းနံပါတ် 09-5408437 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင်…
Credit:
Zawgyi