တံမြက်စည်းရောင်းပြီး ခြေထောက်မကောင်းတဲ့ သမီးကို ရှာကျွေးနေတဲ့ အသက် (၉၀) အဘွားအိုကို ကူညီပေးခဲ့တဲ့ လူရွှင်တော် မိုးစက်

လူရွှင်တော် မိုးစက်ကတော့ ခုလိုကိုဗစ်ကာလ တွေအတွင်းမှာ အကြောင်းအမျိုးမျိုး ကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ အနုပညာသမားတွေနဲ့ သက်ကြီးရွယ်အိုတွေကို ကာလဒါနအဖြစ် တဖက်တလမ်းကနေ

ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာကြောင့် ပရိသတ်ရဲ့ အား ပေးချစ်ခင်မှုကို ရရှိနေတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။ယနေ့မှာလည်း ခြေထောက်မကောင်းတဲ့ သမီးကို တံမြက် စည်းရောင်းပြီး ရှာကျွေးနေတဲ့

အသက်(၉၀) အရွယ်အဘွားအိုကို ငွေ ၅၀၀၀၀ကူညီခဲ့ပါသေးတယ်။ “အဘွား အသက်ဘယ် လောက်ရှိပြီလဲ”၊ “၉၀ ပါ သား”(အသံတွေတုန် ခေါင်းတွေပါတုန်နေတာပါ)။“ဗျာ။ (၉၀) သားသမီး တွေရောမရှိဘူးလား” “ရှိတယ်။

တစ်ယောက်ထဲရှိတာ ခြေထောက် မကောင်းဘူး” “အဘွား တံမြက်စည်းကရော ဘယ်လိုရောင်းတာလဲ” “တစ်ချောင်း ၁၇၀၀” “ဟုတ်ကဲ့ပါ သားလိုတော့မလိုအပ်ဘူး။ တံမြက်စည်း မယူပေမယ့် အဘွားကို ၅သောင်းကန်တော့ခဲ့မယ်နော်”

” ကျေးဇူးတင်ပါတယ် သားရယ်” သမီးဖြစ်သူကိုရှာဖွေကျွေးမွေးရင်း တံမြက်စည်းရောင်း ကာ ဝမ်းစာရှာဖွေနေတဲ့ အဘွားအိုကို သနားလဲ သနားသလို လေးလဲ လေးစားပါတယ်…။ အဘွားရဲ့တံမြက်စည်းလေးတွေ အားပေးချင်တယ်ဆိုရင် စံပြဈေးအနီး ၊

လေးထောင့်ကန် (၇)လမ်းထဲမှာတော့ အဘွားဆီက အားပေးနိုင်ပါတယ်ခင်ဗျာ။ အဘွားက စံပြ (၅)လမ်းမှာ နေတာလို့လဲသိရပါတယ်။ ကျွန်တော်နဲ့အတူ ပါဝင်လှူဒါန်းကြသူများ ကျေးဇူးအထူးပါခင်ဗျာလို့ မိုးစက်က

 

သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ မျှဝေထားပါတယ်။ လူရွှင်တော်မိုးစက်လည်း ယခုကဲ့သို့ ကာလဒါန အလှူတွေ ဆထက်ထမ်းပိုး လှူဒါန်းနိုင်ပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ပါစေလို့လည်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Credit:

Zawgyi

လူ႐ႊင္ေတာ္ မိုးစက္ကေတာ့ ခုလိုကိုဗစ္ကာလ ေတြအတြင္းမွာ အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ စားဝတ္ေနေရးအတြက္ အခက္အခဲျဖစ္ေနတဲ့ အႏုပညာသမားေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြကို ကာလဒါနအျဖစ္ တဖက္တလမ္းကေန

ကူညီလႉဒါန္းမႈေတြ ျပဳလုပ္ေပးေနတာေၾကာင့္ ပရိသတ္ရဲ႕ အား ေပးခ်စ္ခင္မႈကို ရရွိေနတဲ့ အႏုပညာရွင္ တစ္ဦးျဖစ္ပါတယ္။ယေန႔မွာလည္း ေျခေထာက္မေကာင္းတဲ့ သမီးကို တံျမက္ စည္းေရာင္းၿပီး ရွာေကြၽးေနတဲ့

အသက္(၉၀) အ႐ြယ္အဘြားအိုကို ေငြ ၅၀၀၀၀ကူညီခဲ့ပါေသးတယ္။ “အဘြား အသက္ဘယ္ ေလာက္ရွိၿပီလဲ”၊ “၉၀ ပါ သား”(အသံေတြတုန္ ေခါင္းေတြပါတုန္ေနတာပါ)။“ဗ်ာ။ (၉၀) သားသမီး ေတြေရာမရွိဘူးလား” “ရွိတယ္။

တစ္ေယာက္ထဲရွိတာ ေျခေထာက္ မေကာင္းဘူး” “အဘြား တံျမက္စည္းကေရာ ဘယ္လိုေရာင္းတာလဲ” “တစ္ေခ်ာင္း ၁၇၀၀” “ဟုတ္ကဲ့ပါ သားလိုေတာ့မလိုအပ္ဘူး။ တံျမက္စည္း မယူေပမယ့္ အဘြားကို ၅ေသာင္းကန္ေတာ့ခဲ့မယ္ေနာ္”

” ေက်းဇူးတင္ပါတယ္ သားရယ္” သမီးျဖစ္သူကိုရွာေဖြေကြၽးေမြးရင္း တံျမက္စည္းေရာင္း ကာ ဝမ္းစာရွာေဖြေနတဲ့ အဘြားအိုကို သနားလဲ သနားသလို ေလးလဲ ေလးစားပါတယ္…။ အဘြားရဲ႕တံျမက္စည္းေလးေတြ အားေပးခ်င္တယ္ဆိုရင္ စံျပေဈးအနီး ၊

ေလးေထာင့္ကန္ (၇)လမ္းထဲမွာေတာ့ အဘြားဆီက အားေပးႏိုင္ပါတယ္ခင္ဗ်ာ။ အဘြားက စံျပ (၅)လမ္းမွာ ေနတာလို႔လဲသိရပါတယ္။ ကြၽန္ေတာ္နဲ႔အတူ ပါဝင္လႉဒါန္းၾကသူမ်ား ေက်းဇူးအထူးပါခင္ဗ်ာလို႔ မိုးစက္က

သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာ မွ်ေဝထားပါတယ္။ လူ႐ႊင္ေတာ္မိုးစက္လည္း ယခုကဲ့သို႔ ကာလဒါန အလႉေတြ ဆထက္ထမ္းပိုး လႉဒါန္းႏိုင္ပါေစ၊ ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာ ပါေစလို႔လည္း ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။