တော်လှန်ရေးရိက္ခာ အထောက်အကူဖြစ်ရန် နွေဦးကြက်ခြံ စီမံကိန်းစတင်

ပြည်သူများ၏ ပံ့ပိုးကူညီမှုဖြင့် တော်လှန်ရေး ရဲဘော်များက နွေဦးကြက်ခြံ စီမံကိန်းကို လွတ်မြောက် နယ်မြေ တစ်နေရာတွင် စတင်နေပြီ ဖြစ်သည်။ အဆိုပါ ကြက်ခြံစီမံကိန်းမှ အမြတ်ငွေ ရရှိလာလျှင် တော်လှန်ရေး ရဲဘော်များ၏

လက်နက် လိုအပ်ချက်ကို ဖြည့်ဆည်းရန်နှင့် ရဲဘော်များ၏ ရိက္ခာအတွက်လည်း အထောက်အကူ ဖြစ်စေရန် ရည်ရွယ်သည်ဟု တော်လှန်ရေးရဲဘော် တစ်ဦးက မဇ္ဈိမကို ပြောသည်။”ရှေ့တန်း မသွားရသေးဘဲ နောက်တန်းမှာ

ကျန်ခဲ့တဲ့ ရဲဘော်တွေအနေနဲ့ တစ်ခုခုအကျိုးရှိအောင် မွေးမြူရေးလုပ်မယ်။ ကြက်ခြံလုပ် မယ်ဆိုပြီး တစ်ယောက်က စဉ်းစားမိပြီး စလုပ်ဖြစ်ခဲ့တာ” ဟု ၎င်းက ပြောသည်။ လက်ရှိ နွေဦးကြက်ခြံတွင် တစ်လသားအရွယ် ကြက်အကောင် ၂၀၀ နှင့်

ကြက်ပေါက် ၃၃ ကောင် စတင် မွေးမြူနေပြီ ဖြစ်ပြီး ဆိတ် ၁၀ ကောင်လည်း မွေးမြူထား သေးကြောင်း ၎င်းက ဆက်ပြောသည်။“ ခုမှစပြီး လုပ်တဲ့အတွက် အရှုံး အမြတ်တွေလည်း ရှိနိုင်လို့ တစ်ခြံပဲ အရင် စလုပ်တာ” ဟု တော်လှန်ရေး ရဲဘော်က ပြောသည်။

ယခု ပထမအကြိမ် မွေးမြူရာတွင် အောင်မြင်ပါက နောက်ပိုင်းတွင် အကောင်ရေ တိုးချဲ့ မွေးမြူရန်လည်း အစီအစဉ်ရှိသည်ဟု ဆိုသည်။ ထို့ပြင် ကြက်များ၏ ကျန်းမာရေးအတွက် လည်း တိမွေးကု ဆရာဝန်များ၏ အကြံပေး လမ်းညွှန်မှုများနှင့် စနစ်တကျ

မွေးမြူလျက်ရှိပြီး အနည်းဆုံး ရဲဘော် လေးဦးခန့်က ကြက်ခြံ အတွက် အမြဲတမ်း လုပ်အား ပေး ကူညီလျက်ရှိသည်။ နောက်သုံးလအတွင်း ဈေးကွက်တွင် ကြက်များ စတင်ရောင်း ချနိုင်ရန်လည်း မျှော်မှန်းထားကြောင်း သိရသည်။

Credit:Mizzima Media

Zawgyi

ျပည္သူမ်ား၏ ပံ့ပိုးကူညီမႈျဖင့္ ေတာ္လွန္ေရး ရဲေဘာ္မ်ားက ေႏြဦးၾကက္ၿခံ စီမံကိန္းကို လြတ္ေျမာက္ နယ္ေျမ တစ္ေနရာတြင္ စတင္ေနၿပီ ျဖစ္သည္။ အဆိုပါ ၾကက္ၿခံစီမံကိန္းမွ အျမတ္ေငြ ရရွိလာလွ်င္ ေတာ္လွန္ေရး ရဲေဘာ္မ်ား၏

လက္နက္ လိုအပ္ခ်က္ကို ျဖည့္ဆည္းရန္ႏွင့္ ရဲေဘာ္မ်ား၏ ရိကၡာအတြက္လည္း အေထာက္အကူ ျဖစ္ေစရန္ ရည္႐ြယ္သည္ဟု ေတာ္လွန္ေရးရဲေဘာ္ တစ္ဦးက မဇၩိမကို ေျပာသည္။”ေရွ႕တန္း မသြားရေသးဘဲ ေနာက္တန္းမွာ

က်န္ခဲ့တဲ့ ရဲေဘာ္ေတြအေနနဲ႔ တစ္ခုခုအက်ိဳးရွိေအာင္ ေမြးျမဴေရးလုပ္မယ္။ ၾကက္ၿခံလုပ္ မယ္ဆိုၿပီး တစ္ေယာက္က စဥ္းစားမိၿပီး စလုပ္ျဖစ္ခဲ့တာ” ဟု ၎က ေျပာသည္။ လက္ရွိ ေႏြဦးၾကက္ၿခံတြင္ တစ္လသားအ႐ြယ္ ၾကက္အေကာင္ ၂၀၀ ႏွင့္

ၾကက္ေပါက္ ၃၃ ေကာင္ စတင္ ေမြးျမဴေနၿပီ ျဖစ္ၿပီး ဆိတ္ ၁၀ ေကာင္လည္း ေမြးျမဴထား ေသးေၾကာင္း ၎က ဆက္ေျပာသည္။“ ခုမွစၿပီး လုပ္တဲ့အတြက္ အရႈံး အျမတ္ေတြလည္း ရွိႏိုင္လို႔ တစ္ၿခံပဲ အရင္ စလုပ္တာ” ဟု ေတာ္လွန္ေရး ရဲေဘာ္က ေျပာသည္။

ယခု ပထမအႀကိမ္ ေမြးျမဴရာတြင္ ေအာင္ျမင္ပါက ေနာက္ပိုင္းတြင္ အေကာင္ေရ တိုးခ်ဲ႕ ေမြးျမဴရန္လည္း အစီအစဥ္ရွိသည္ဟု ဆိုသည္။ ထို႔ျပင္ ၾကက္မ်ား၏ က်န္းမာေရးအတြက္ လည္း တိေမြးကု ဆရာဝန္မ်ား၏ အႀကံေပး လမ္းၫႊန္မႈမ်ားႏွင့္ စနစ္တက်

ေမြးျမဴလ်က္ရွိၿပီး အနည္းဆုံး ရဲေဘာ္ ေလးဦးခန႔္က ၾကက္ၿခံ အတြက္ အၿမဲတမ္း လုပ္အား ေပး ကူညီလ်က္ရွိသည္။ ေနာက္သုံးလအတြင္း ေဈးကြက္တြင္ ၾကက္မ်ား စတင္ေရာင္း ခ်ႏိုင္ရန္လည္း ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။