စိတ်မနှံ့ပေမယ့် မိခင်အိုကြီးကို လုပ်ကျွေးနေတဲ့သားကြီးကို “ဘာလို့ မိခင်ကို လုပ်ကျွေးနေတာလဲ ” ဟုမေးလိုက်သောအခါ

သားဆိုး သမီးဆိုး ပစ်ရိုးထုံးစံမရှိဘူးဆိုသလို၊ မိခင်ဆိုးဖခင်ဆိုးဆိုရင်လည်း သားသမီးတွေ နဲ့ ဆိုင်ပါတယ်။ မိဘနဲ့သားသမီးတွေဆိုတာ တစ်ဦးနဲ့တစ်ဦး ပစ်ပယ်ဖို့မသင့်တဲ့ အရင်းနီးဆုံး သော လူသားတွေဖြစ်ကြပါတယ်။

အခုလည်း အသက်(၅၀)အရွယ်သားကြီးတစ်ယောက် မိခင်ကို တစ်ဦးတည်း လုပ်ကျွေးနေ ရပါတယ်။ သူကိုယ်တိုင်က ဇရာဘက်ကို ခြေတစ်လှမ်း လှမ်းလာနေပြီဖြစ်တဲ့ သားကြီးဟာ သူ့ရဲ့အသက်(၉၀)အရွယ် မိခင်ကြီးကို ပြုစုလုပ်ကျွေး နေရတာပါ။

သားဖြစ်သူဟာ စိတ်လည်း သိပ်မနှံ့ပေမယ့် သူ့မှာ မိဘကို ပြုစုလုပ်ကျွေးမယ် ဆိုပြီး အသိ စိတ်ဓာတ်ရှိနေတာ အလွန် ချီးကျူးစရာပါ။ “ဘာလို့ မိခင်ကြီးကို လုပ်ကျွေးနေတာလဲ ” အမေးခံရတိုင်း ” ကျုပ်အမေမို့ပေါ့ … ကျုပ်က သူ့သားမို့

သူ့ကို လုပ်ကျွေးဖို့ ဝတ္တရားအပြည့်ရှိတယ် “လို့ ပြောခဲ့ပါတယ်။ ဒီစကားဟာ စိတ်မနှံ့ဘူးဆို တဲ့ လူတစ်ယောက်ဆီက စကားဆိုပေမယ့် မိဘတွေကိုယ့် အပေါ် တာဝန်ကျေခဲ့သလောက် ကိုယ်က တာဝန်မကျေနိုင်ရင်တောင် မိဘတွေ အိုမင်းမစွမ်းဖြစ်လာခဲ့အခါ

ကိုယ်က ပြုစု လုပ်ကျွေးရမယ့် ဝတ္တရားကိုတော့ သားသမီးတိုင်း ယူသင့်တယ်လို့ ထောက်ပြ ခဲ့တဲ့စကားပါ။ သူက ” ငွေဝင်ကတော့ မကောင်းဘူး … ဒါပေမယ့် ကျုပ်အမေ ထမင်းဝမှ ကျုပ်က စားမှာ “လို့ ပြောပါတယ်။

အသက်(၉၀)အရွယ် မိခင်အိုကြီးမှာ သားသမီး(၅) ယောက် ရှိခဲ့ပါတယ်။ (၂)ယောက်က သေသွားပြီ ဖြစ်ပြီး၊ အခြားနှစ်ယောက်က သူတိုနဲ့ အဝေးတစ် နေရာမှာ ကိုယ်ပိုင် မိသားစု တွေနဲပါ။ မိခင်ကြီးကတော့ စိတ်သိပ်မနှံ့တဲ့ အငယ်ဆုံးသားနဲ့သာ ကျန်နေရစ်ရှာပါတယ်။

စိတ်မနှံ့သူဆိုတော့ ဘယ်သူမှ အလုပ်မပေးချင်ကြပါဘူး။ ဒါကြောင့် သူဟာ စွန့်ပစ် ပစ္စည်း တွေ လိုက်ကောက်ပြီး၊ ငွေရှာရပါတယ်။ အမှိုက်ကောက်တဲ့ သူဆိုတော့ သူများတွေလောက် ပိုက်ဆံရဖို့ ဘယ်လွယ်မလဲ။

ဒီလိုပဲ အမှိုက်ကို ပြန်ဝယ်တဲ့လူတွေကလည်း သူ့ကို လူအမို့ ဈေးနှိမ်ကြပါတယ်။ ဒါပေမယ့် အမေ့ကို ထမင်း အငတ်မခံပါဘူး။ မိခင်က အစာအမာ စားဖို့မလွယ်တဲ့အရွယ်မို့ နွားနို့ ဆန်ပြုတ်တို့၊ သစ်သီးဖျော်ရည်တို့ကို ရှာကြံလုပ်ကျွေးရှာပါတယ်။

မိခင်ကြီးကို မကြာခဏ သန့်ရှင်းရေးလုပ်ပေးပါတယ်။ သူတို့သားအမိဟာ ဗီယက်နမ်က လူဆင်းရဲရပ်ကွက်မှာ နေရပါတယ်။ သားဖြစ်သူရဲ့လုပ်ရပ်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး ငွေရေးကြေးရေးအရ အကူအညီတွေရနိုင်မယ်လို့ မှန်းဆရပါတယ်။

Credit:

Zawgyi

သားဆိုး သမီးဆိုး ပစ္႐ိုးထုံးစံမရွိဘူးဆိုသလို၊ မိခင္ဆိုးဖခင္ဆိုးဆိုရင္လည္း သားသမီးေတြ နဲ႔ ဆိုင္ပါတယ္။ မိဘနဲ႔သားသမီးေတြဆိုတာ တစ္ဦးနဲ႔တစ္ဦး ပစ္ပယ္ဖို႔မသင့္တဲ့ အရင္းနီးဆုံး ေသာ လူသားေတြျဖစ္ၾကပါတယ္။

အခုလည္း အသက္(၅၀)အ႐ြယ္သားႀကီးတစ္ေယာက္ မိခင္ကို တစ္ဦးတည္း လုပ္ေကြၽးေန ရပါတယ္။ သူကိုယ္တိုင္က ဇရာဘက္ကို ေျခတစ္လွမ္း လွမ္းလာေနၿပီျဖစ္တဲ့ သားႀကီးဟာ သူ႔ရဲ႕အသက္(၉၀)အ႐ြယ္ မိခင္ႀကီးကို ျပဳစုလုပ္ေကြၽး ေနရတာပါ။

သားျဖစ္သူဟာ စိတ္လည္း သိပ္မႏွံ႔ေပမယ့္ သူ႔မွာ မိဘကို ျပဳစုလုပ္ေကြၽးမယ္ ဆိုၿပီး အသိ စိတ္ဓာတ္ရွိေနတာ အလြန္ ခ်ီးက်ဴးစရာပါ။ “ဘာလို႔ မိခင္ႀကီးကို လုပ္ေကြၽးေနတာလဲ ” အေမးခံရတိုင္း ” က်ဳပ္အေမမို႔ေပါ့ … က်ဳပ္က သူ႔သားမို႔

သူ႔ကို လုပ္ေကြၽးဖို႔ ဝတၱရားအျပည့္ရွိတယ္ “လို႔ ေျပာခဲ့ပါတယ္။ ဒီစကားဟာ စိတ္မႏွံ႔ဘူးဆို တဲ့ လူတစ္ေယာက္ဆီက စကားဆိုေပမယ့္ မိဘေတြ ကိုယ့္အေပၚတာဝန္ေက်ခဲ့သေလာက္ ကိုယ္က တာဝန္မေက်ႏိုင္ရင္ေတာင္ မိဘေတြ အိုမင္းမစြမ္းျဖစ္လာခဲ့အခါ

ကိုယ္က ျပဳစု လုပ္ေကြၽးရမယ့္ ဝတၱရားကိုေတာ့ သားသမီးတိုင္း ယူသင့္တယ္လို႔ ေထာက္ျပ ခဲ့တဲ့စကားပါ။ သူက ” ေငြဝင္ကေတာ့ မေကာင္းဘူး … ဒါေပမယ့္ က်ဳပ္အေမ ထမင္းဝမွ က်ဳပ္က စားမွာ “လို႔ ေျပာပါတယ္။

အသက္(၉၀)အ႐ြယ္ မိခင္အိုႀကီးမွာ သားသမီး(၅) ေယာက္ ရွိခဲ့ပါတယ္။ (၂)ေယာက္က ေသသြားၿပီ ျဖစ္ၿပီး၊ အျခားႏွစ္ေယာက္က သူတိုနဲ႔ အေဝးတစ္ေနရာမွာ ကိုယ္ပိုင္ မိသားစု ေတြနဲပါ။ မိခင္ႀကီးကေတာ့ စိတ္သိပ္မႏွံ႔တဲ့ အငယ္ဆုံးသားနဲ႔သာ က်န္ေနရစ္ရွာပါတယ္။

စိတ္မႏွံ႔သူဆိုေတာ့ ဘယ္သူမွ အလုပ္မေပးခ်င္ၾကပါဘူး။ ဒါေၾကာင့္ သူဟာ စြန႔္ပစ္ ပစၥည္း ေတြ လိုက္ေကာက္ၿပီး၊ ေငြရွာရပါတယ္။ အမႈိက္ေကာက္တဲ့သူဆိုေတာ့ သူမ်ားေတြေလာက္ ပိုက္ဆံရဖို႔ ဘယ္လြယ္မလဲ။

ဒီလိုပဲ အမႈိက္ကို ျပန္ဝယ္တဲ့လူေတြကလည္း သူ႔ကို လူအမို႔ ေဈးႏွိမ္ၾကပါတယ္။ ဒါေပမယ့္ အေမ့ကို ထမင္း အငတ္မခံပါဘူး။ မိခင္က အစာအမာ စားဖို႔မလြယ္တဲ့အ႐ြယ္မို႔ ႏြားႏို႔ ဆန္ျပဳတ္တို႔၊ သစ္သီးေဖ်ာ္ရည္တို႔ကို ရွာႀကံလုပ္ေကြၽးရွာပါတယ္။

မိခင္ႀကီးကို မၾကာခဏ သန႔္ရွင္းေရးလုပ္ေပးပါတယ္။ သူတို႔သားအမိဟာ ဗီယက္နမ္က လူဆင္းရဲရပ္ကြက္မွာ ေနရပါတယ္။ သားျဖစ္သူရဲ႕လုပ္ရပ္ဟာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ေနၿပီး ေငြေရးေၾကးေရးအရ အကူအညီေတြရႏိုင္မယ္လို႔ မွန္းဆရပါတယ္။