“တခြားသူတွေရဲ့အကူအညီကို မယူဘူးလို့ ဆုံးဖြတ်ထားတဲ့ မုဆိုးမကိုမှ ကူညီချင်တဲ့ စျေးဆိုင်ပိုင်ရှင်ရဲ့ စိတ်ကူးကောင်းလေး”

စျေးဝယ်သူတစ်ယောက် ဆိုင်ထဲဝင်လာပြီး မေးတယ်။ ငှက်ပျောသီး ဘယ်စျေးလဲ?ဆိုင်ရှင် က ပြန်ဖြေတယ်။ ငှက်ပျောသီးက ငွေဒင်္ဂါး ၁၂ ပြား၊ ပန်းသီးက ၁ဝ ပြားပါ။ အဲဒီ့အချိန်မှာပဲ ဆိုင်ထဲကို အမျိုးသမီးတစ်ယောက် ဝင်လာပြီး

ကျွန်မ ငှက်ပျောသီးဝယ်ချင်လို့ငှက်ပျောသီး ဘယ်စျေးလဲ လို့ မေးပြန်တယ်။ ဆိုင်ရှင်က ပြန်ဖြေတယ်။ ငှက်ပျောသီးက ငွေဒင်္ဂါး ၃ ပြား၊ပန်းသီးက ၂ ပြား ပါ။ ဒါကို ကြားတော့ ပထမ ဝယ်သူ အမျိုးသားကဒေါသထွက်နေတဲ့ အကြည့်နဲ့ ဆိုင်ရှင်ကို

ကြည့်နေတယ်။အဲဒါကို ရိပ်စားမိတဲ့ ဆိုင်ရှင်က ပထမ ဝယ်သူ အမျိုးသားကို ဟို အမျိုးသမီး မမြင်အောင်မျက်စေ့တစ်ဖက် မှိတ်ပြပြီး ခဏလေး စောင့်ဖို့ ပြောတယ်။ အမျိုးသမီးက ဝယ်ခြမ်းပြီးတော့ ပျော်ရွှင်စွာဆိုင်ထဲကအထွက် မှာ

နှုတ်ကအို ဆိုင်ရှင်ကြီး ကျေးဇူးတင်ပါတယ်။ ကျွန်မ ကလေးတွေ ဒါတွေကို စားပြီး အရမ်း ပျော်သွား ကြလိမ့်မယ်လို့ ပြောရင်း ထွက်သွားပါတယ်။ အမျိုးသမီး ထွက်သွားတော့မှ ဆိုင်ရှင်က ပထမ ဝယ်သူကို ကျွန်တော် ခင်ဗျားကို သက်သက်

စျေးတင်ပြီးရောင်းတာ မဟုတ်ပါဘူး။ ဒီအမျိုးသမီးက ဖတဆိုး ကလေး ၄ ယောက်ရဲ့မိခင် မုဆိုးမ တစ်ယောက်ပါ။ ဒါပေမယ့် သူမက ဘယ်သူ့ဆီကမှ ဘယ်လို အကူအညီမျှ ယူလေ့ မရှိဘူး။ ကျွန်တော် သူ့ကို ကူညီဖို့ အများကြီး ကြိုးစားကြည့်ပြီးပါပြီမအောင်မြင်ဘူး။

အဲဒါနဲ့ ကျွန်တော်လည်းနည်းလမ်း တစ် ခု စဉ်းစားမိသွားတယ်။ ဒီအမျိုးသမီးဆိုင်မှာ ဘာပဲ လာဝယ် လာဝယ်အနည်းဆုံး စျေးနှုန်းနဲ့ လျှော့ပြီးရောင်းပေးလိုက်မယ်။ အဲဒါဆိုရင် သူ့ကို ကူညီရာလည်းရောက်မယ် ပြီးတော့ ဒီအမျိုးသမီးရဲ့ဘယ်သူ့ရဲ့အကူအညီမှ

မလိုဘူးဆိုတဲ့ ယုံကြည်ချက်ကိုလည်း မထိခိုက်တော့ ဘူးပေါ့။ ပြီးတော့ ဒီအမျိုးသမီးက တစ်ပါတ်လုံးမှာမှ တစ်ရက်ပဲ လာတာ သူမ လာတဲ့နေ့ဆို ရင်ဆိုင်က ပိုပြီး ရောင်းရတယ်။ အဲဒီတော့မှ ပထမ ဝယ်သူလည်း သဘောပေါက်သွားပြီး

မျက်ရည်တွေ စီးကျလာတယ်။ တစ်ပါးသူကို ကူညီခြင်းရဲ့အရသာကို ကူညီဖူးသူတွေပဲ သိပါတယ်လို့ ပြောရင်း ဝယ်ခြမ်းပြီး ပြန်သွားပါတော့တယ်။ ဒီအဖြစ်အပျက် မှာ ဆိုင်ရှင် ပုဂ္ဂိုလ် ဟာအတုယူသင့်တဲ့ သူပါ။ တစ်ဖက်သားကိုကူညီလည်း ကူညီ လိုက်တယ်။ တစ်ဖက်သားရဲ့ စိတ်ခံစားချက်ကိုလည်း ငဲ့ကွက်တယ်။

ယုံကြည်ချက်ကိုလည်း မပျက်ယွင်း စေဘူး။ သူစျေးလျှော့ပေးတာ (တနည်းအားဖြင့် သွယ်ဝိုက်သောနည်းနဲ့ ပေးကမ်းလှူဒါန်းတာ) တစ်ဖက်သားက သိတောင် မသိလိုက်ပါဘူး။ ကျွန်တော်တို့ အားလုံးလည်းဒီလိုဆိုင်ရှင်ကို အတုယူပြီး လက်တွေ့ ပြုလုပ်နိုင်စွမ်း ရှိသူတွေ ဖြစ်ကြပါစေ။

Credit:

Zawgyi

ေစ်းဝယ္သူတစ္ေယာက္ ဆိုင္ထဲဝင္လာၿပီး ေမးတယ္။ ငွက္ေပ်ာသီး ဘယ္ေစ်းလဲ?ဆိုင္ရွင္ က ျပန္ေျဖတယ္။ ငွက္ေပ်ာသီးက ေငြဒဂၤါး ၁၂ ျပား၊ ပန္းသီးက ၁ဝ ျပားပါ။ အဲဒီ့အခ်ိန္မွာပဲ ဆိုင္ထဲကို အမ်ိဳးသမီးတစ္ေယာက္ ဝင္လာၿပီး

ကြၽန္မ ငွက္ေပ်ာသီးဝယ္ခ်င္လို႔ငွက္ေပ်ာသီး ဘယ္ေစ်းလဲ လို႔ ေမးျပန္တယ္။ ဆိုင္ရွင္က ျပန္ေျဖတယ္။ ငွက္ေပ်ာသီးက ေငြဒဂၤါး ၃ ျပား၊ပန္းသီးက ၂ ျပား ပါ။ ဒါကို ၾကားေတာ့ ပထမ ဝယ္သူ အမ်ိဳးသားကေဒါသထြက္ေနတဲ့ အၾကည့္နဲ႔ ဆိုင္ရွင္ကို

ၾကည့္ေနတယ္။အဲဒါကို ရိပ္စားမိတဲ့ ဆိုင္ရွင္က ပထမ ဝယ္သူ အမ်ိဳးသားကို ဟို အမ်ိဳးသမီး မျမင္ေအာင္မ်က္ေစ့တစ္ဖက္ မွိတ္ျပၿပီး ခဏေလး ေစာင့္ဖို႔ ေျပာတယ္။ အမ်ိဳးသမီးက ဝယ္ျခမ္းၿပီးေတာ့ ေပ်ာ္႐ႊင္စြာဆိုင္ထဲကအထြက္ မွာ

ႏႈတ္ကအို ဆိုင္ရွင္ႀကီး ေက်းဇူးတင္ပါတယ္။ ကြၽန္မ ကေလးေတြ ဒါေတြကို စားၿပီး အရမ္း ေပ်ာ္သြား ၾကလိမ့္မယ္လို႔ ေျပာရင္း ထြက္သြားပါတယ္။ အမ်ိဳးသမီး ထြက္သြားေတာ့မွ ဆိုင္ရွင္က ပထမ ဝယ္သူကို ကြၽန္ေတာ္ ခင္ဗ်ားကို သက္သက္

ေစ်းတင္ၿပီးေရာင္းတာ မဟုတ္ပါဘူး။ ဒီအမ်ိဳးသမီးက ဖတဆိုး ကေလး ၄ ေယာက္ရဲ႕မိခင္ မုဆိုးမ တစ္ေယာက္ပါ။ ဒါေပမယ့္ သူမက ဘယ္သူ႔ဆီကမွ ဘယ္လို အကူအညီမွ် ယူေလ့ မရွိဘူး။ ကြၽန္ေတာ္ သူ႔ကို ကူညီဖို႔ အမ်ားႀကီး ႀကိဳးစားၾကည့္ၿပီးပါၿပီမေအာင္ျမင္ဘူး။

အဲဒါနဲ႔ ကြၽန္ေတာ္လည္းနည္းလမ္း တစ္ ခု စဥ္းစားမိသြားတယ္။ ဒီအမ်ိဳးသမီးဆိုင္မွာ ဘာပဲ လာဝယ္ လာဝယ္အနည္းဆုံး ေစ်းႏႈန္းနဲ႔ ေလွ်ာ့ၿပီးေရာင္းေပးလိုက္မယ္။ အဲဒါဆိုရင္ သူ႔ကို ကူညီရာလည္းေရာက္မယ္ ၿပီးေတာ့ ဒီအမ်ိဳးသမီးရဲ႕ဘယ္သူ႔ရဲ႕အကူအညီမွ

မလိုဘူးဆိုတဲ့ ယုံၾကည္ခ်က္ကိုလည္း မထိခိုက္ေတာ့ ဘူးေပါ့။ ၿပီးေတာ့ ဒီအမ်ိဳးသမီးက တစ္ပါတ္လုံးမွာမွ တစ္ရက္ပဲ လာတာ သူမ လာတဲ့ေန႔ဆို ရင္ဆိုင္က ပိုၿပီး ေရာင္းရတယ္။ အဲဒီေတာ့မွ ပထမ ဝယ္သူလည္း သေဘာေပါက္သြားၿပီး

မ်က္ရည္ေတြ စီးက်လာတယ္။ တစ္ပါးသူကို ကူညီျခင္းရဲ႕အရသာကို ကူညီဖူးသူေတြပဲ သိပါတယ္လို႔ ေျပာရင္း ဝယ္ျခမ္းၿပီး ျပန္သြားပါေတာ့တယ္။ ဒီအျဖစ္အပ်က္ မွာ ဆိုင္ရွင္ ပုဂၢိဳလ္ ဟာအတုယူသင့္တဲ့ သူပါ။ တစ္ဖက္သားကိုကူညီလည္း ကူညီ လိုက္တယ္။ တစ္ဖက္သားရဲ႕ စိတ္ခံစားခ်က္ကိုလည္း ငဲ့ကြက္တယ္။

ယုံၾကည္ခ်က္ကိုလည္း မပ်က္ယြင္း ေစဘူး။ သူေစ်းေလွ်ာ့ေပးတာ (တနည္းအားျဖင့္ သြယ္ဝိုက္ေသာနည္းနဲ႔ ေပးကမ္းလႉဒါန္းတာ) တစ္ဖက္သားက သိေတာင္ မသိလိုက္ပါဘူး။ ကြၽန္ေတာ္တို႔ အားလုံးလည္းဒီလိုဆိုင္ရွင္ကို အတုယူၿပီး လက္ေတြ႕ ျပဳလုပ္ႏိုင္စြမ္း ရွိသူေတြ ျဖစ္ၾကပါေစ။