အင်းစိန်ထောင်တွင် ကျောင်းသားခေါင်းဆောင် ကိုဇော်ထက်နိုင် အပြင်းအထန်အရိုက်ခံရပြီး သတိလစ်နေကာ ဆေးကုသခွင့်မရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ၊ ရန်ကုန်အင်းစိန်အကျဉ်းထောင်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ်တွင် နိုင်ငံရေးအကျဉ်းသား ကျောင်းသား များက ဦးဆောင်ပါဝင်ခဲ့ကြပြီး

အစာငတ်ခံဆန္ဒပြခဲ့ရာမှာ အပြင်း အထန်ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံထားရကြောင်း ဗကသ များအဖွဲ့ချုပ်၏ အရေးပေါ် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ဗဟိုအလုပ် အမှုဆောင် ကိုဇော်ထက်နိုင်(ခ) ကိုဆစ်နိုင်၊

ရန်ကင်း ပညာရေးကောလိပ် ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း ကိုသုတစိုး၊ ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုး၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကျောင်းသားထုအခွင့်အရေး တာဝန်ခံ ကိုလေပြေစိုးမိုးတို့ အပါအဝင်

နိုင်ငံရေးအကျဉ်းသား ၈၉ ဦးသည် အသံတိတ် သပိတ်လှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် ပြင်းပြင်းထန်ထန်ရိုက်နှက် နှိပ်စက်ခံထားရပြီး တိုက် ပိတ်ခံထားရကြောင်း သိရှိရသည်။ ထိုအထဲတွင် ဗကသကျောင်းသား ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ-

ဒုဥက္ကဌ ကိုဇော်ထက်နိုင်(ခ)ဆစ်နိုင်သည် လူ့အခွင့် အရေးနေ့ လှုပ်ရှားမှုမှာ ပါ၀င်ခဲ့သည့် အတွက်ထောင်အတွင်း နှိပ်စက်မှုများကြောင့်သတိလစ် မေ့မျော နေကြောင်း သိရှိ ရပြီး ယခုအချိန်ထိ ဆေးကုသမှု တစုံတရာမရှိသေးကြောင်း သိရှိ ရသည်။

အင်းစိန်ထောင် တွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရသော နိုင်ငံရေးအကျဉ်း သား ၈၉ ဦးကို အကျဉ်းဦးစီးဌာနက သီးသန့်ဆောင်မှ ပင်မအကျဉ်းထောင်သို့ ရွှေ့ပြောင်းပြီး တိုက်ပိတ်ထားသည်ဟု သိရသည်။

ဗကသများအဖွဲ့ချုပ်က လက်ရှိ အင်းစိန်အကျဉ်းထောင် တွင် နိုင်ငံရေးအကျဉ်းသားများ အပြင်းအထန်ရိုက်နှက် တိုက်ပိတ်ခံနေရမှုနှင့်ပတ်သက်ပြီး (၁) မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသူများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေး

(၂) မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအချုပ်သားများ၏ ကျန်းမာရေး၊ လုံခြုံရေး စသည့် အခွင့်အရေးများ ရရှိရေးအတွက် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါရန် ပြည်သူ လူထု တရပ်လုံးထံ မေတ္တာ ရပ်ခံထားသည်။

ထောင်တွင်းရဲဘော်များ၏ လက်ရှိအခြေအနေသည် အလွန်စိုးရိမ် ဖွယ်ရာ ဖြစ်နေကြောင်း၊ သို့ဖြစ်ပါ၍ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး တိုက်ပွဲတွင် တတပ်တအား ပါဝင်နေကြ သော လူထုတရပ်လုံးနှင့် တော်လှန်ရေးအင်အားစုများ အနေဖြင့်

ထပ်မံသိရှိလာ ရသော သတင်းများအပေါ်မူတည်၍ ထောင်တွင်း ရဲဘော် များကို ဝန်းရံကူညီပေးကြပါရန် အလေးအနက်ထား တိုက်တွန်းကြောင်း ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်က သတင်းထုတ်ပြန်သည်။

“အခုလက်ရှိ အသံ တိတ်သပိတ် တင်မဟုတ်တော့ဘူး။ အစာငတ်ခံ ဆန္ဒပြတာတွေပါ ရှိနေတော့ အခြေအနေက စိုးရိမ်စရာကောင်းပါတယ်။ ထောင်ထဲ မှာ ဘယ်လိုတွေဖြစ် နေလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ အရိုက်ခံရတာ၊ သတိလစ်နေ တယ်ဆိုတာတွေတောင် ၃ ရက်၊ ၄ ရက်ကြာမှ သတင်း ထွက်လာတာ။

ထောင်အာဏာပိုင် တွေက အလွန်အကျူးလုပ်တယ်၊ စစ်တပ်ပါဝင် ပတ်သက်နေတယ် ဆိုတာတွေလည်း ကျနော်တို့ကြားနေရတယ်” ဟု အင်းစိန်ထောင် အတွင်းအခြေအနေကို တောက်လျှောက် စုံစမ်းနေသော တော်လှန်ရေး တက်ကြွ လူငယ်တစ်ဦးက ပြောဆိုသည်။

Credit:Khit Thit

Zawgyi

ရန္ကုန္၊ ဒီဇင္ဘာ ၁၄ ၊ ရန္ကုန္အင္းစိန္အက်ဥ္းေထာင္တြင္ ဒီဇင္ဘာလ ၁၀ ရက္ေန႔ စစ္အာဏာရွင္ ေတာ္လွန္ေရး အသံတိတ္ သပိတ္တြင္ ႏိုင္ငံေရးအက်ဥ္းသား ေက်ာင္းသား မ်ားက ဦးေဆာင္ပါဝင္ခဲ့ၾကၿပီး

အစာငတ္ခံဆႏၵျပခဲ့ရာမွာ အျပင္း အထန္႐ိုက္ႏွက္ခံရၿပီး တိုက္ပိတ္ခံထားရေၾကာင္း ဗကသ မ်ားအဖြဲ႕ခ်ဳပ္၏ အေရးေပၚ သတင္းထုတ္ျပန္ခ်က္အရ သိရွိရသည္။ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသား သမဂၢမ်ား အဖြဲ႕ခ်ဳပ္(ဗကသ) ဗဟိုအလုပ္ အမႈေဆာင္ ကိုေဇာ္ထက္ႏိုင္(ခ) ကိုဆစ္ႏိုင္၊

ရန္ကင္း ပညာေရးေကာလိပ္ ေက်ာင္းသားမ်ား သမဂၢ(ဗကသမ်ားအဖြဲ႕ခ်ဳပ္) ဥကၠ႒ေဟာင္း ကိုသုတစိုး၊ ဗကသမ်ားအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠဌ ကိုေဝယံၿဖိဳးမိုး၊ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ ေက်ာင္းသားထုအခြင့္အေရး တာဝန္ခံ ကိုေလေျပစိုးမိုးတို႔ အပါအဝင္

ႏိုင္ငံေရးအက်ဥ္းသား ၈၉ ဦးသည္ အသံတိတ္ သပိတ္လႈပ္ရွားမႈတြင္ ပါဝင္မႈေၾကာင့္ ျပင္းျပင္းထန္ထန္႐ိုက္ႏွက္ ႏွိပ္စက္ခံထားရၿပီး တိုက္ ပိတ္ခံထားရေၾကာင္း သိရွိရသည္။ ထိုအထဲတြင္ ဗကသေက်ာင္းသား ရန္ကုန္ပညာေရး တကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢ-

ဒုဥကၠဌ ကိုေဇာ္ထက္ႏိုင္(ခ)ဆစ္ႏိုင္သည္ လူ႔အခြင့္ အေရးေန႔ လႈပ္ရွားမႈမွာ ပါ၀င္ခဲ့သည့္ အတြက္ေထာင္အတြင္း ႏွိပ္စက္မႈမ်ားေၾကာင့္သတိလစ္ ေမ့ေမ်ာ ေနေၾကာင္း သိရွိ ရၿပီး ယခုအခ်ိန္ထိ ေဆးကုသမႈ တစုံတရာမရွိေသးေၾကာင္း သိရွိ ရသည္။

အင္းစိန္ေထာင္ တြင္ မတရားဖမ္းဆီးခ်ဳပ္ေႏွာင္ခံေနရေသာ ႏိုင္ငံေရးအက်ဥ္း သား ၈၉ ဦးကို အက်ဥ္းဦးစီးဌာနက သီးသန႔္ေဆာင္မွ ပင္မအက်ဥ္းေထာင္သို႔ ေ႐ႊ႕ေျပာင္းၿပီး တိုက္ပိတ္ထားသည္ဟု သိရသည္။

ဗကသမ်ားအဖြဲ႕ခ်ဳပ္က လက္ရွိ အင္းစိန္အက်ဥ္းေထာင္ တြင္ ႏိုင္ငံေရးအက်ဥ္းသားမ်ား အျပင္းအထန္႐ိုက္ႏွက္ တိုက္ပိတ္ခံေနရမႈႏွင့္ပတ္သက္ၿပီး (၁) မတရားဖမ္းဆီး ခ်ဳပ္ေႏွာင္ခံထားရသူမ်ားအားလုံးကို ႁခြင္းခ်က္မရွိ လႊတ္ေပးေရး

(၂) မတရားဖမ္းဆီးခံ ႏိုင္ငံေရးအက်ဥ္းသားအခ်ဳပ္သားမ်ား၏ က်န္းမာေရး၊ လုံၿခဳံေရး စသည့္ အခြင့္အေရးမ်ား ရရွိေရးအတြက္ ဝိုင္းဝန္းကူညီေစာင့္ေရွာက္ေပးၾကပါရန္ ျပည္သူ လူထု တရပ္လုံးထံ ေမတၱာ ရပ္ခံထားသည္။

ေထာင္တြင္းရဲေဘာ္မ်ား၏ လက္ရွိအေျခအေနသည္ အလြန္စိုးရိမ္ ဖြယ္ရာ ျဖစ္ေနေၾကာင္း၊ သို႔ျဖစ္ပါ၍ စစ္အာဏာရွင္စနစ္တိုက္ဖ်က္ေရး တိုက္ပြဲတြင္ တတပ္တအား ပါဝင္ေနၾက ေသာ လူထုတရပ္လုံးႏွင့္ ေတာ္လွန္ေရးအင္အားစုမ်ား အေနျဖင့္

ထပ္မံသိရွိလာ ရေသာ သတင္းမ်ားအေပၚမူတည္၍ ေထာင္တြင္း ရဲေဘာ္ မ်ားကို ဝန္းရံကူညီေပးၾကပါရန္ အေလးအနက္ထား တိုက္တြန္းေၾကာင္း ဗမာႏိုင္ငံလုံး ဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ ခ်ဳပ္က သတင္းထုတ္ျပန္သည္။

“အခုလက္ရွိ အသံ တိတ္သပိတ္ တင္မဟုတ္ေတာ့ဘူး။ အစာငတ္ခံ ဆႏၵျပတာေတြပါ ရွိေနေတာ့ အေျခအေနက စိုးရိမ္စရာေကာင္းပါတယ္။ ေထာင္ထဲ မွာ ဘယ္လိုေတြျဖစ္ ေနလဲဆိုတာ ဘယ္သူမွ မသိၾကဘူး။ အ႐ိုက္ခံရတာ၊ သတိလစ္ေန တယ္ဆိုတာေတြေတာင္ ၃ ရက္၊ ၄ ရက္ၾကာမွ သတင္း ထြက္လာတာ။

ေထာင္အာဏာပိုင္ ေတြက အလြန္အက်ဴးလုပ္တယ္၊ စစ္တပ္ပါဝင္ ပတ္သက္ေနတယ္ ဆိုတာေတြလည္း က်ေနာ္တို႔ၾကားေနရတယ္” ဟု အင္းစိန္ေထာင္ အတြင္းအေျခအေနကို ေတာက္ေလွ်ာက္ စုံစမ္းေနေသာ ေတာ္လွန္ေရး တက္ႂကြ လူငယ္တစ္ဦးက ေျပာဆိုသည္။