စစ်ကားဖြင့် တိုက်ခံလိုက်ရပြန်သော CDM ဝန်ထမ်းများ

ပုလောတွင် CDM လက်ထောက်မြို့နယ်ပညာရေးမှူးဦးသာဝင်း၊ မဆောင်းမြတ်အောင်နှင့် မခြူးသီရိနိုင်တို့ စစ်တပ်ပိုင် စရဖ ကားဖြင့် တိုက်သတ်ခံရ၊ ကားမောင်းသူမှာ ကြံ့ခိုင်ရေး ပါတီဝင် စစ်တပ်ထောက်ခံသူဖြစ်နေ တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၁၃ တနင်္သာရီတိုင်း၊

ပုလောမြို့နယ် လက်ထောက်ပညာရေးမှူး ဦးသာဝင်းနှင့် အမျိုးသမီးငယ် နှစ်ဦးသည်ယမန် နေ့ညပိုင်း စစ်တပ်ပိုင် စရဖကားဖြင့် တိုက်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ ပုလောမြို့နယ်၊ ဖိုးရှမ်းကမ်းခြေအနီးမှာ ဒီဇင်ဘာလ ၁၂ ရက်ည ၇ နာရီဝန်းကျင်အချိန် ကားဖြင့်

တိုက်သတ်ခံရခြင်းဖြစ်ပြီး အရှိန်ပြင်းပြင်းဖြင့်တိုက်သတ်သွား သည့် ကားသည် စစ်ဘက် ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) ကားဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ စစ်တပ်ပိုင် စရဖကားကို မောင်းသူမှာ ဦးသန်းရှိန်ဖြစ်ပြီး ကြံ့ခိုင်ရေး ပါတီဝင်ဖြစ်ကြောင်း ၊

အာဏာသိမ်းမှုဘက်မှ ရပ်တည်သူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ CDM ပြုလုပ်ထား သည့် လက်ထောက်မြို့နယ်ပညာရေးမှူး အသက် ၅၇ နှစ် အရွယ် ဦးသာဝင်းသည် ဖိုးရှမ်း ကမ်းခြေဘက်မှ ပြန်လာချိန်မှာ ကားတိုက် အသတ်ခံရခြင်း ဖြစ်ကြောင်း သိရှိ ရသည်။

ဦးသာဝင်းကိုမတိုက်မိခင် လမ်းနံဘေးရပ်စကားပြောနေတဲ့ အမျိုးသမီးငယ် ၄ ဦးကို အရှိန် ပြင်းပြင်းဖြင့် အရင်တိုက်မိခဲ့ပြီး နှစ်ဦးမှာ ပွဲချင်းပြီးသေဆုံး ကြောင်း၊ အခြား အမျိုးသမီး တစ်ဦးမှာမူ ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။ ဦးသာဝင်းကို ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံးခဲ့ပြီး

အလောင်းများ လက်ရှိအချိန်တွင် ပုလော မြို့နယ်ဆေးရုံတွင် ရှိနေကြောင်း ဒေသခံများက ဆိုသည်။” ဦးသာဝင်းကို ကားနဲ့တိုက်တဲ့ သူရဲ့ အဖွဲ့ထဲက တစ်ယောက်က ဖုန်းဆက်ပြီး ခေါ်လိုက်တာ။ ကမ်းခြေမှာမွေးနေ့ရှိလို့စားကြ သောက်ကြဖို့ဆိုပြီး။

ဦးသာဝင်းက နေ့လယ် တစ်နာရီခွဲလောက်ကတည်းကဆိုင်ကယ်တစ်စီး နဲ့ အိမ်ကထွက်သွား တယ်။ ကမ်းခြေရောက်ပြီးနည်းနည်းကြာတော့ အသိထဲက အမူးလွန် နေတဲ့သူ တစ်ယောက် ကို ဆိုင်ကယ်နဲ့ပဲ ကမ်းခြေနဲ့ သုံးမိုင်လောက်ဝေးတဲ့ ရေချိုရွာကို ပြန် လိုက်ပို့တယ်။ ပြီးတာနဲ့ ကမ်းခြေကိုပြန်လာတော့

ကမ်းခြေမှာ မွေးနေ့ပွဲပြီးပြီဆိုပြီး လူတွေ ပြန်နေကြတော့ သူလည်းပြန်လာလိုက်တာ။ အပြန်လမ်းမှာ အခုလိုဖြစ်တာပဲ” ဟု ဒေသခံ တစ်ဦးကဆိုသည်။ ဦးသာဝင်းကို တိုက်ခဲ့သည့် စစ်တပ်ပိုင် စရဖ ကားကိုမောင်းသည့် ဦးသန်းရှိန် သည် ဖိုးရှမ်းကမ်းခြေတွင် မွေးနေ့ပွဲကို တက်ရောက်ခဲ့သဖြစ်ကြောင်း သိရှိရသည်။

ကားဖြင့် တိုက်ခံရသော အမျိုးသမီးငယ် ၄ ဦးမှာလည်း ကမ်းခြေမှ ပြန်လာသူများ ဖြစ်ပြီး အသက်နှစ်ဆယ်ဝန်းကျင်အရွယ် မဆောင်းမြတ်အောင်နှင့် မခြူးသီရိနိုင်တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။“စရဖကားကိုမောင်းလာတဲ့ ဦးသန်းရှိန်ဆိုတဲ့လူက ဦးသာဝင်းနဲ့ သူငယ်ချင်းအရင်းကြီးတွေ။

အခုက ဘယ်လိုဖြစ်ကြတာလဲမသိဘူး။ တမင် တိုက်သတ်တဲ့ပုံစံမျိုးဖြစ်နေတယ်” ဟု ဖိုးရှမ်းကမ်းခြေအနီးမှ ရှပ်ပုံရွာသားတစ်ဦးက ပြောသည် ဦးသာဝင်းနှင့် အမျိုးသမီး ငယ် နှစ်ဦးကို ရည်ရွယ်ချက်ရှိရှိကားဖြင့် တိုက်သတ် ခဲ့သည့်ဖြစ်စဉ်တွင် အကြမ်းဖက် လုပ်ဆောင်ခဲ့သူများနှင့်

ပါဝင်ဆက်စပ်သူများကို ပြင်းပြင်း ထန်ထန်အပြစ်ပေး အရေးယူမည်ဖြစ်ကြောင်း ပုလော မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ က ထုတ်ပြန်သည်။ ဓာတ်ပုံ – ကားတိုက်ခံရပြီး သေဆုံးခဲ့သည့် CDM လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသာဝင်း၊ မဆောင်းမြတ်အောင် နှင့် မခြူးသီရိနိုင်။

Credit: