မသန်စွမ်းပေမယ့် ဘဝကိုအရှုံးမပေးပဲ ဟင်းသီးဟင်းရွက်တွေကို သုံးဘီးပေါ်မှာတင်ရင်း စျေးရောင်းကာ ဝင်ငွေရှာခဲ့သော ဖခင်တစ်ဦး

ဖိလစ်ပိုင်နိုင်ငံ မှ အသက်(၅၀)အရွယ် အမျိုးသားတစ်ဦးသည် ငယ်စဥ်က အဖျားတက် နေသော်လည်း မိဘနှစ်ပါးရဲ့ ဂရုစိုက်စောင့်ရှောက်ခြင်းကို မခံရပဲ ဆေးလည်း မကုသ နိုင်ခဲ့၍ လေဖြတ်သွားရင်းကနေ မသန်စွမ်းသူတစ်ယောက် ဖြစ်ခဲ့ရသည်။

အမျိုးသားရဲ့ မသန်စွမ်းမှုကြောင့် ဖခင်ဖြစ်သူသည် မလိုချင်ခဲ့ပဲ အမြဲလိုလို လမ်းဘေးမှာ သွားရောက် စွန့်ပစ်ဖို့ ပြောဆိုခဲ့ရာ အဖိုးအဖွားတွေက ခေါ်ယူပြီး ကျွေးမွေးစောင့်ရှောက် ပေးခဲ့သည်။ အမျိုးသားသည် မသန်စွမ်းပေမယ့်လည်း

အိမ်ထောင်ကျသောအခါ လမ်းဘေးတွင် အသီးအရွက်လိုက်ရောင်းရင်းက စိတ်သဘော ထား ပြည့်ဝသူ တစ်ဦးနဲ့ ဆုံခဲ့ပြီး သုံးဘီးဆိုင်ကယ်ကို ဝယ်ပေးခဲ့သည်။ ထို့ကြောင့် အမျိုး သားသည်

သားငယ်လေးနှင့်အတူ သုံးဘီးဆိုင်ကယ်ပေါ်မှာ ဟင်းသီးဟင်းရွက်တွေကို တင်ပြီး နေရာ အနှံ့လှည့်လည်ရောင်းကာ ဝင်ငွေရှာခဲ့ပြီး မိသားစုစားဝတ်နေရေးကို ထောက်ပံ့ပေးလျက် ရှိသည်။

Credit:

Zawgyi



