အ​ဝေးပစ် ၆၀(မမ) တီထွင်နိုင်ခဲ့ပြီလို့ လက်နက်ထုတ်လုပ်​ရေးအဖွဲ့ အတည်ပြု(ဂုဏ်ယူစွာဖြင့်)

အဝေးပစ်လက်နက် ၆၀(မမ)ကို တီထွင်အသုံးပြုနိုင်ပြီဖြစ်တယ်လို့ မြန်မာပြည် အလယ်ပိုင်း ရှိ လက်နက်ထုတ်လုပ်ရေးအဖွဲ့ MTT Production တာဝန်ရှိသူတစ်ဦးက အတည်ပြုပါ တယ်။ ၆၀(မမ) တီထွင်ဖို့ အချိန် တစ်လကျော်ကြာမြင့်ခဲ့ပြီး

တီထွင်စဉ်မှာ ရဲဘော်တစ်ဦးဆုံးပါးခဲ့ကာ အခြားတစ်ဦး လက်ချောင်းနှစ်ချောင်း ပြတ်ခဲ့ရ တယ် လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။”LPDF တွေကိုတော့ ၆၀(မမ) တချို့ စထောက်ပံ့ နေပြီ။

ကျွန်တော်တို့ကိုယ်တိုင်လည်း ယင်းမာပင်နဲ့ ကနီဘက်တိုက်ပွဲတွေမှာ ကိုယ်တိုင်ပါဝင် နေပါ တယ်” လို့ သူက ပြောပါတယ်။ လက်ရှိမှာ လက်နက်အချို့ ဆက်လက်တီထွင်နိုင်ဖို့ ငွေကြေး နဲ့ ခဲယမ်းတွေ အခက်အခဲရှိနေတာကြောင့်

တတ်နိုင်သမျှထောက်ပံ့ ပေးဖို့လည်း တာဝန်ရှိသူက တောင်းဆိုပါတယ်။ မကြာသေးမီ ရက်ပိုင်း က စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ရေမြုပ်မိုင်းများ တီထွင် နိုင်ခဲ့တယ်လို့ ကြေညာထားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၃ ရက်က ကနီမြို့နယ်၊ မဲဒင်ရွာ ကျွန်းခုံအနီးမှာ ရေမြုပ်မိုင်းကို စတင် အသုံးပြုခဲ့ပြီး တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရေယာဉ်တစ်စီး နစ်မြှုပ်ခဲ့တယ် လို့ ကနီPDFက ထုတ်ပြန်ထားပါတယ်။

Credit:

Zawgyi

အေဝးပစ္လက္နက္ ၆၀(မမ)ကို တီထြင္အသုံးျပဳႏိုင္ၿပီျဖစ္တယ္လို႔ ျမန္မာျပည္ အလယ္ပိုင္း ရွိ လက္နက္ထုတ္လုပ္ေရးအဖြဲ႕ MTT Production တာဝန္ရွိသူတစ္ဦးက အတည္ျပဳပါ တယ္။ ၆၀(မမ) တီထြင္ဖို႔ အခ်ိန္ တစ္လေက်ာ္ၾကာျမင့္ခဲ့ၿပီး

တီထြင္စဥ္မွာ ရဲေဘာ္တစ္ဦးဆုံးပါးခဲ့ကာ အျခားတစ္ဦး လက္ေခ်ာင္းႏွစ္ေခ်ာင္း ျပတ္ခဲ့ရ တယ္ လို႔ အဲဒီတာဝန္ရွိသူက ဆိုပါတယ္။”LPDF ေတြကိုေတာ့ ၆၀(မမ) တခ်ိဳ႕ စေထာက္ပံ့ ေနၿပီ။

ကြၽန္ေတာ္တို႔ကိုယ္တိုင္လည္း ယင္းမာပင္နဲ႔ ကနီဘက္တိုက္ပြဲေတြမွာ ကိုယ္တိုင္ပါဝင္ ေနပါ တယ္” လို႔ သူက ေျပာပါတယ္။ လက္ရွိမွာ လက္နက္အခ်ိဳ႕ ဆက္လက္တီထြင္ႏိုင္ဖို႔ ေငြေၾကး နဲ႔ ခဲယမ္းေတြ အခက္အခဲရွိေနတာေၾကာင့္

တတ္ႏိုင္သမွ်ေထာက္ပံ့ ေပးဖို႔လည္း တာဝန္ရွိသူက ေတာင္းဆိုပါတယ္။ မၾကာေသးမီ ရက္ပိုင္း က စစ္ကိုင္းတိုင္းရွိ ျပည္သူ႔ကာကြယ္ေရးတပ္ေတြဟာ ေရျမဳပ္မိုင္းမ်ား တီထြင္ ႏိုင္ခဲ့တယ္လို႔ ေၾကညာထားပါတယ္။

ဒါ့အျပင္ ဒီဇင္ဘာ ၁၃ ရက္က ကနီၿမိဳ႕နယ္၊ မဲဒင္႐ြာ ကြၽန္းခုံအနီးမွာ ေရျမဳပ္မိုင္းကို စတင္ အသုံးျပဳခဲ့ၿပီး တိုက္ခိုက္ခံရတဲ့ အၾကမ္းဖက္စစ္ေကာင္စီရဲ႕ ေရယာဥ္တစ္စီး နစ္ျမႇဳပ္ခဲ့တယ္ လို႔ ကနီPDFက ထုတ္ျပန္ထားပါတယ္။