လူကြီးက ၅၀၀ ၊ ကလေးက ၃၀၀ ကျပ်နဲ့ ပြည်မြို့မှာ “အဝစား ၅၀၀ ကျပ်တန် ” ထမင်းဆိုင်စတင်ဖွင့်လှစ်

အဝစား ၅၀၀ ထမင်း ပထမဆုံး စတင်ရောင်းချတဲ့နေ့ရဲ့ မီနူးကတော့ ကြက်သားအာလူး ၊သီးစုံကုလားဟင်း နဲ့ ငရုတ်သီးကြော်တို့ဖြစ်ပြီး လူကြီးက ၅၀၀ ၊ ကလေးက ၃၀၀ ကျပ်နဲ့ စားသုံးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

“ပါဆယ်လက်မခံပါဘူး။ တစ်ရက်ကို လူ ၂၀၀ စာပဲ ရောင်းပေးပါ့မယ်။ အဝစား ၅၀၀ ထမင်းဆိုင်လေးဖွင့်ရတဲ့ ရည်ရွယ်ချက်က အခြေခံ လူတန်းစား တွေအတွက်ပဲ ရည်ရွယ် တာပါ။

ပထမအနေနဲ့က ဒီကာလမှာ လူတွေဒုက္ခကို ကိုယ်ချင်းစာလို့ စမိခဲ့တာပါ၊ နောက်တခုက တစ်နေ့တစ်နေ့ ကိုယ့်ဆီက ငွေဘယ်လောက်ကုန်နိုင်မလဲ အရင်တွက်ရပါတယ်၊ ရောင်းရငွေ ဆိုတာ ကျွန်မတို့အနေနဲ့ ထည့်မတွက်ထားပါဘူး။

ကျွန်မတို့ အနေနဲ့ ဈေးရောင်းဖူးတာ မဟုတ်တော့ ပြင်ဆင်ချိန် လုပ်ရပါတယ်၊ အခုဆိုင်ကို ပြင်ဆင်ချိန်ရအောင် ကြာရှည်လုပ်နိုင်အောင် တစ်ပတ်ကို ၃ ရက် ရောင်းပါမယ်။ ကျွန်မတို့ ရောင်းမှာက နေ့လယ်စာတစ်ချိန်ပါပဲ ” လို့ မရွှေထားကပြောပါတယ်။

အဝစား ၅၀၀ ထမင်းဆိုင်ကို ပြည်မြို့ ဂန္ဓမာရပ်ကွက် သီရိရတနာဆောင် ကျောင်းဝန်းထဲမှာ အပတ်စဉ် တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာ နေ့တိုင်းမှာ မနက် ၁၀ နာရီ ၃၀ ကနေ နေ့ခင်း ၂ နာရီ အထိ လူဦးရေ ၂၀၀ ကို ရောင်းချပေးမှာဖြစ်တယ်လို့သိရပါတယ်။

ပြည်မြို့မှာ တန်ဖိုးနည်း အဝစား ၅၀၀ ထမင်းဆိုင်ဖွင့်တာ ဒေသခံပြည်သူလူထုအတွက် အဆင်ပြေတဲ့အတွက် ကြိုဆိုကြသလို၊ လုပ်ငန်းရှင်တချို့ကလည်း တန်ဖိုးနည်း ထမင်း ရောင်းချပေးမှုအတွက် စားသုံးဆီလှူဒါန်းတာရှိတဲ့အပြင်

ကြက်သွန်နီ၊ဂျင်း တွေလှူဒါန်းမှုရှိတာကိုတွေ့ရပါတယ်။ခုဆိုရင် အဝစား ၅၀၀ တန် ထမင်း ဆိုင်တွေကို ပြည်အပါအဝင် မြို့အများအပြားမှာ ဖွင့်လှစ် ရောင်းချနေကြပြီဖြစ်ပါတယ်။

Credit:

Zawgyi

အဝစား ၅၀၀ ထမင္း ပထမဆုံး စတင္ေရာင္းခ်တဲ့ေန႔ရဲ႕ မီႏူးကေတာ့ ၾကက္သားအာလူး ၊သီးစုံကုလားဟင္း နဲ႔ င႐ုတ္သီးေၾကာ္တို႔ျဖစ္ၿပီး လူႀကီးက ၅၀၀ ၊ ကေလးက ၃၀၀ က်ပ္နဲ႔ စားသုံးႏိုင္မွာျဖစ္တယ္လို႔သိရပါတယ္။

“ပါဆယ္လက္မခံပါဘူး။ တစ္ရက္ကို လူ ၂၀၀ စာပဲ ေရာင္းေပးပါ့မယ္။ အဝစား ၅၀၀ ထမင္းဆိုင္ေလးဖြင့္ရတဲ့ ရည္႐ြယ္ခ်က္က အေျခခံလူတန္းစားေတြအတြက္ပဲ ရည္႐ြယ္ တာပါ။

ပထမအေနနဲ႔က ဒီကာလမွာ လူေတြဒုကၡကို ကိုယ္ခ်င္းစာလို႔ စမိခဲ့တာပါ၊ ေနာက္တခုက တစ္ေန႔တစ္ေန႔ ကိုယ့္ဆီက ေငြဘယ္ေလာက္ကုန္ႏိုင္မလဲ အရင္တြက္ရပါတယ္၊ ေရာင္းရေငြ ဆိုတာ ကြၽန္မတို႔အေနနဲ႔ ထည့္မတြက္ထားပါဘူး။

ကြၽန္မတို႔ အေနနဲ႔ ေဈးေရာင္းဖူးတာ မဟုတ္ေတာ့ ျပင္ဆင္ခ်ိန္ လုပ္ရပါတယ္၊ အခုဆိုင္ကို ျပင္ဆင္ခ်ိန္ရေအာင္ ၾကာရွည္လုပ္ႏိုင္ေအာင္ တစ္ပတ္ကို ၃ ရက္ ေရာင္းပါမယ္။ ကြၽန္မတို႔ ေရာင္းမွာက ေန႔လယ္စာတစ္ခ်ိန္ပါပဲ ” လို႔ မေ႐ႊထားကေျပာပါတယ္။

အဝစား ၅၀၀ ထမင္းဆိုင္ကို ျပည္ၿမိဳ႕ ဂႏၶမာရပ္ကြက္ သီရိရတနာေဆာင္ ေက်ာင္းဝန္းထဲ မွာ အပတ္စဥ္ တနလၤာ ၊ ဗုဒၶဟူး ၊ ေသာၾကာ ေန႔တိုင္းမွာ မနက္ ၁၀ နာရီ ၃၀ ကေန ေန႔ခင္း ၂ နာရီ အထိ လူဦးေရ ၂၀၀ ကို ေရာင္းခ်ေပးမွာျဖစ္တယ္လို႔သိရပါတယ္။

ျပည္ၿမိဳ႕မွာ တန္ဖိုးနည္း အဝစား ၅၀၀ ထမင္းဆိုင္ဖြင့္တာ ေဒသခံျပည္သူလူထုအတြက္ အဆင္ေျပတဲ့အတြက္ ႀကိဳဆိုၾကသလို၊ လုပ္ငန္းရွင္တခ်ိဳ႕ကလည္း တန္ဖိုးနည္း ထမင္း ေရာင္းခ်ေပးမႈအတြက္ စားသုံးဆီလႉဒါန္းတာရွိတဲ့အျပင္

ၾကက္သြန္နီ၊ဂ်င္း ေတြလႉဒါန္းမႈရွိတာကိုေတြ႕ရပါတယ္။ခုဆိုရင္ အဝစား ၅၀၀ တန္ ထမင္း ဆိုင္ေတြကို ျပည္အပါအဝင္ ၿမိဳ႕အမ်ားအျပားမွာ ဖြင့္လွစ္ေရာင္းခ်ေနၾကၿပီျဖစ္ပါတယ္။