အဝစား ၅၀၀ ကို ကြက်သားဒံပေါက်ပါ ကျွေးတာတဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အဝစား ကျပ် ၅၀၀ ထမင်းဆိုင်ကို သီရိမင်္ဂလာရပ် ဓမ္မာရုံ မှာ ဒီဇင်ဘာ ၁၂ ရက်က ဒံပေါက်ဖြင့် စတင်ဖွင့်လှစ်ရောင်းချရာ စားသုံးသူ များပြားခဲ့ ကြောင်း သိရပါတယ်။

အဝစား မြန်ကောင်းသက်သာ ထမင်းဆိုင် ဖွင့်ပွဲအနေနဲ့ ကြက်သားဒံပေါက်နဲ့ သီးစုံပဲဟင်း ပွဲ ၄၀၀ စာ ရောင်းချပေးခဲ့ကြောင်း သိရပါတယ်။ နောက်နေ့တွေမှာ ကြက်နဲ့ ဝက် ဟင်းနှစ်မျိုး နဲ့ အဝစား ထမင်း ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ မြန်ကောင်းသက်သာ အဝစား (၅၀၀) ကျပ်တန် ထမင်းဆိုင်ကို မော်လမြိုင်မြို့မှ မနောဖြူညီနောင်တော်များ အဖွဲ့ကနေ တာဝန်ယူ ဆောင်ရွက်ပြီး ဖွင့်လှစ်ထားခြင်း ဖြစ်ပါ တယ်။ အခြေခံလူတန်းစားတွေ မြန်ကောင်းသက်သာပြီး

ထမင်းတနပ်ကို ဝဝလင်လင် စားရဖို့အတွက် အလှူရှင်များရဲ့ ပံ့ပိုးမှုအပေါ် မူတည်ပြီး ဆက် လက် လုပ်ကိုင်သွားမယ်လို့ အသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ယခုလို ခက်ခဲနေကြ တဲ့ ကာလထဲမှာ မြန်ကောင်းသက်သာ

အဝစား (၅၀၀) ကျပ်တန် ထမင်းဆိုင်တွေ တိုင်းနဲ့ပြည်နယ် အနှံ့မှာ ရှိစေချင်တယ်လို့ ဒေသခံ တဦးက ရင်ထဲက ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လှူဒါန်းပေးတဲ့ အလှူရှင်များနဲ့

ဝေယျာဝစ္စလုပ်ကိုင်ပေးတဲ့ စေတနာရှင် လူငယ်မောင်မယ်များ အားလုံး ကျန်းမာရွှင်လန်း ပြီး လိုတိုင်းတ တတိုင်းရနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Credit:

Zawgyi

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္ အဝစား က်ပ္ ၅၀၀ ထမင္းဆိုင္ကို သီရိမဂၤလာရပ္ ဓမၼာ႐ုံ မွာ ဒီဇင္ဘာ ၁၂ ရက္က ဒံေပါက္ျဖင့္ စတင္ဖြင့္လွစ္ေရာင္းခ်ရာ စားသုံးသူ မ်ားျပားခဲ့ ေၾကာင္း သိရပါတယ္။

အဝစား ျမန္ေကာင္းသက္သာ ထမင္းဆိုင္ ဖြင့္ပြဲအေနနဲ႔ ၾကက္သားဒံေပါက္နဲ႔ သီးစုံပဲဟင္း ပြဲ ၄၀၀ စာ ေရာင္းခ်ေပးခဲ့ေၾကာင္း သိရပါတယ္။ ေနာက္ေန႔ေတြမွာ ၾကက္နဲ႔ ဝက္ ဟင္းႏွစ္မ်ိဳး နဲ႔ အဝစား ထမင္း ေရာင္းခ်ေပးသြားမယ္လို႔ သိရပါတယ္။

အဆိုပါ ျမန္ေကာင္းသက္သာ အဝစား (၅၀၀) က်ပ္တန္ ထမင္းဆိုင္ကို ေမာ္လၿမိဳင္ၿမိဳ႕မွ မေနာျဖဴညီေနာင္ေတာ္မ်ား အဖြဲ႕ကေန တာဝန္ယူ ေဆာင္႐ြက္ၿပီး ဖြင့္လွစ္ထားျခင္း ျဖစ္ပါ တယ္။ အေျခခံလူတန္းစားေတြ ျမန္ေကာင္းသက္သာၿပီး

ထမင္းတနပ္ကို ဝဝလင္လင္ စားရဖို႔အတြက္ အလႉရွင္မ်ားရဲ႕ ပံ့ပိုးမႈအေပၚ မူတည္ၿပီး ဆက္ လက္ လုပ္ကိုင္သြားမယ္လို႔ အသင္း တာဝန္ရွိသူတဦးက ေျပာပါတယ္။ ယခုလို ခက္ခဲေနၾက တဲ့ ကာလထဲမွာ ျမန္ေကာင္းသက္သာ

အဝစား (၅၀၀) က်ပ္တန္ ထမင္းဆိုင္ေတြ တိုင္းနဲ႔ျပည္နယ္ အႏွံ႔မွာ ရွိေစခ်င္တယ္လို႔ ေဒသခံ တဦးက ရင္ထဲက ဆႏၵကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ လႉဒါန္းေပးတဲ့ အလႉရွင္မ်ားနဲ႔

ေဝယ်ာဝစၥလုပ္ကိုင္ေပးတဲ့ ေစတနာရွင္ လူငယ္ေမာင္မယ္မ်ား အားလုံး က်န္းမာ႐ႊင္လန္း ၿပီး လိုတိုင္းတ တတိုင္းရႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ ခင္ဗ်ာ။