မြေးနဲ့ချွေးမက မကြည်ဖြူလို့နေပူထဲမှာတနေကုန်စျေးရောင်းနေရတဲ့(၇၉)နှစ်အရွယ်အဖွား
တသောင်းတန်(၃)ရွက် ပိုနေတယ်။ သား…အဖွား လိမ္မော်သီးတွေ ဘယ်လိုရောင်း၊ သားလေး (၁၀)လုံး တထုပ်(၁၅၀၀) ပါသား၊ သင်္ဘောသီးကကော တလုံး(၁၀၀၀) သား၊ ရောင်းကောင်းလား အဖွား? မကောင်းပါဘူး သားရယ် ဒီလိုပဲ ရောင်းနေရတာပါပဲ။
ဒါဆို သားအားလုံး ယူမယ်အဖွား၊ အဖွားမတွက်တတ်ဘူး အဖွား၊ သားပဲရေတွက်ပြီး ထည့်ပေး ပါနော်။ ဟုတ်…အဖွား၊ သား ရေပေးမယ်၊ အဖွား အိတ်ထဲ ထည့်ပေးနော်။ ဟုတ် သား အဖွားထည့်ပေးမယ်နော်။
လိမ္မော်သီး (၁၁) ထုပ်၊ သင်္ဘောသီး(၉)လုံး အဖွား၊ သားဘယ်လောက်ကျလဲ အဖွားကိုတွက် ပေးပါ။ အဖွားမတွက်တတ်ဘူး။ အဖွားရေ အားလုံး (၂၅၅၀၀) ကျတယ် အဖွား၊ ဟုတ် သားလေးရေ (20000 ကျပ်ပဲပေးပါ အဖွားလျော့ပေးမယ်၊ ဟုတ် အဖွား၊ ကျေးဇူးပါ။
ရော့ အဖွား ၅၀၀၀၀ (အဖွားကို တသောင်းတန်လေးထပ်ပေးတော့ အဖွား ရေကြည့်ပြီ) သားလေး(၃)ရွက်တောင် ပိုနေတယ်။ ရော့ သား‌လေး ပိုနေတာ လေး။ ဟုတ်လား အဖွား၊ ပိုနေတယ်ဆို အဖွား ယူထားလိုက်တော့လေ၊
ဟာ…ကျေးဇူးတင်လိုက်တာ အဖွား ဆေးဝယ်သောက်လို့လည်းရပြီ။ အိမ်လဲ အစောကြီး ပြန်ရတယ်။ အရင်ရက်တွေဆို ညနေစောင်းထိ ရောင်းနေတာ တောင်မကုန်ပဲ ပြန်ရတာ ဒီနေ့တော့အရမ်းပျော်တာပဲ၊ အဖွားလက်တွေအရမ်းတုန်နေပြီနော်၊
အသက်ဘယ်လောက်ရှိပြီလဲ မေးကြည့်တော့၊ အဖွား အသက်(၇၉)နှစ် ရှိပြီးသား၊ အဖွားက သားသမီးမရှိဘူးလား မေးကြည့်တော့၊ ယောင်္ကျားက ဆုံးပြီး၊ သားနဲ့လိုက်နေပါသေးတယ်၊ ချွေးမနဲ့ မြေးလေးတွေက မကြည်ဖြူတော့ အဖွား စျေးပဲရောင်းစားတော့မယ် သားရယ်။
အော် ဟုတ် အဖွား၊ ဒီလိုပါပဲအဖွားရယ်၊ ဒီနေ့ ရောင်းကုန်ပြီဆိုတော့ ပျော်ရဲ့လား၊ အရမ်း ပျော်တာပဲ သားရယ်၊ အဖွား ပစ္စည်းတွေသိမ်းပြီ ဆေးဝယ်ပြီးပြန်တော့မယ်။ ဟုတ် အဖွား ဂရုစိုက်ပြန်နော်။
ဪ…မိဘတွေရှိတယ်ဆိုတာ သက်ရှိဘုရားကို ပြုစုခွင့်ရတာပါ။ တန်ဖိုးထား တတ်ကြပါ စေ။ ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူတကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက ကိုပူးတူးနှင့်ဘော်ဒါများ(09-5408437)သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင်…
Credit:
Zawgyi
အသက်ဘယ်လောက်ရှိပြီလဲ မေးကြည့်တော့၊ အဖွား အသက်(၇၉)နှစ် ရှိပြီးသား၊ အဖွားက သားသမီးမရှိဘူးလား မေးကြည့်တော့၊ ယောင်္ကျားက ဆုံးပြီး၊ သားနဲ့လိုက်နေပါသေးတယ်၊ ချွေးမနဲ့ မြေးလေးတွေက မကြည်ဖြူတော့ အဖွား ဈေးပဲရောင်းစားတော့မယ် သားရယ်။