ဒီဖျာကုန်မှ ရွာပြန်ခွင့်ရမယ့် အသက်(၈၀)နီးပါးအဖိုးအို
ဟူး…မောလိုက်တာ…ဒီဖျာတွေ ကုန်ပြီဆို ရွာပြန်တော့မယ်။ နေ့လည်ခင်း ခေါင်းနေ တည့်တည့် ကားနဲ့ ဖြတ်သွားရင်း အသက်(၈၀)နီးပါး အဖိုးအို တဦး ဖျာတွေ ထမ်းပြီ သောက်ရေအိုးစင်မှာ ရေသောက်ပြီ မောနေတယ်။
အဖိုးရေ…ဖျာတွေ ဘယ်လိုရောင်းတာလဲ ?? (စကားမပြောနိုင် အရမ်းမောနေရှာတယ်) ပြီးတော့မှသားရေ ဖျာက အရွယ်စားအစုံပါတယ်။ ဟုတ်…အဖိုး အကြီးဆုံးကနေ အသေးဆုံးထိ ပြပါအုံး?
အကြီးဆုံးက ၂၈၀၀၀ ကျပ် (1 ခုပါ)၊ အလတ်လေးက ၁၅၀၀၀ ကျပ် (2 ခုပါ) ၊ အသေးဆုံး က ၅၀၀၀ကျပ် (4 ခုပါ)၊ ဟုတ်ပြီ အဖိုး…မောနေတယ်နော်…ဘယ်ကလာရောင်းတာလဲ ??ပန်းတနော်ကပါ…အရမ်းမောနေပြီ။
ကမ္ဘာအေးဘုရားနားကနေ လျှောက်လာတာ သား (မြောက်ဥက္ကလာထိ ) မောတယ်။ သား ရယ်…ဒီဖျာတွေကုန်ရင် ရွာပြန်တော့မယ်။ခရီးစရိတ်လဲ မရှိဘူး။ ဒါတွေကုန်မှ ပြန်လို့ ရမှာ ဟာ… အဖိုး ဒါဆို ရွာပြန်တော့ဗျာ…သား အကုန်ယူမယ်။
ရော့….100,000 Ks အဖိုး(၇၈၀၀၀ ကျပ်က ဖျာဖိုး…ကျန်တာ ပိုတာ အဖိုး ခရီးစရိတ်ဗျာ)ကျေးဇူးတင်လိုက်တာ…မောနေတာကနေ အမောပြေသွားပြီ…အရမ်းပျော်တာပဲ ရွာပြန်ရတော့မယ်။ ရပါတယ် အဖိုးရယ်..
ကျနော်က အဖိုးစား ဖျာသည်ကြီးလူပ်လိုက်တော့မယ်နော်…(အဖိုး အားရပါးရ ရယ်ပါလေရော) ဖျာသည်ကြီး ဦးပူတူးပါ…ဖျာတွေ ယူလို့ရတယ်နော်… ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက ကိုပူတူးနှင့် ဘော်ဒါများ 09-5408437 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင်…
Credit:
Zawgyi