သားရေ…အဖွားကို ကယ်ပါနော် အဖွားကို ကယ်ပေးပါ (ငိုသံကြီးနဲ့ ငိုယိုပြီ ပြောတယ်)

ကျေးဇူးတင်ပါတယ် သားရယ်…အဖွား သားတို့အိမ်မှာ အဝတ်တွေလာလျော်ပြီ ကျေးဇူး ဆပ်ပါ့မယ်။ ညနေခင်း…Ph 1call ဝင်လာတယ်။ Hello.. သားရေ…အဖွားကို ကယ်ပါနော် အဖွားကို ကယ်ပေးပါ (ငိုသံကြီးနဲ့ ငိုယိုပြီ ပြောတယ်) ဗျာ…

ဘယ်သူလဲ မသိဘူး…ဖြေးဖြေးပြောပေးပါနော်…အဖွားပါ သားရယ်…အဖိုး နေမကောင်းလို့ ကြက်ပေါင်း မကျွေးနိုင်လို့…သားကိုဖုန်းဆက်တော့ လာပို့ပြီ ကျွေးတဲ့အိမ်က အဖွားပါ သား ရယ် (ငိုသံကြီးနဲ့) အော်..မှတ်မိပြီ အဖွား…

ဘာဖစ်လို့ပါလဲ…မငိုနဲ့နော် သားအဆင်ပြေ အောင် ကူညီမယ်နော်.. အေးဆေးပြောနော်… အဖွားတို့ အိမ်လစာ မပေးနိုင်တာ (၄)လရှိ ပါပြီ…အိမ်ရှင်က ပြောလာပြီ ဒီနေ့မှ မပေးရင် မနက်ဖြန်(15)ရက်နေ့…အိမ်ပေါ်က ဆင်းတော့တဲ့…လူခေါ်လာပြီ။

ဖယ်ချမယ်တဲ့…အဖွားတို့ကို သားကယ်ပါ သားရယ်…ကယ်ပါနော် ကယ်ပါ… ဟုတ် အဖွား…ခဏစောင့် ကျနော်လာခဲ့မယ်နော် ( အဲ့နားရောက်နေတာနဲ့ တခါ တည်း သွားလိုက်တယ်) ကဲ အဖွား…ကျနော် ရောက်ပြီ။

ကျေးဇူးတင်ပါတယ် သားရယ်…အဖွားကို ကယ်ပါနော် ကယ်ပါ…အဖွား ကိုဗစ်ကာလမလို့…ဘယ်သူမှလဲ အဝတ်လျှော်ဖို့ မခေါ်ဘူး။ ထဘီအဟောင်းလေး တွေ ထွက်ရောင်းတာလဲ မဝယ်ကြတော့…အဖွား အိမ်လစာ (80,000 Ks) မပေးနိုင် ဒုက္ခတွေ

ရောက်နေတာပါ သားရယ်…ဟုတ် အဖွား…အိမ်ရှင် ဖုန်းနံပါတ်ပေး ကျနော် စကား ပြောချင်ပါတယ်။ အိမ်ရှင်နဲ့ စကားပြော ညှိနှိုင်းပေးပြီ…အိမ်လစာ (၂)လစာ 160,000 Ks ချက်ချင်း ကျနော် ပေးမယ်။

အိမ်ရှင်တွေကလဲ (၂)လစာ မယူပဲ ကူညီပေးဖို့ ညှိနှိုင်းတော့ အဆင်ပြေပါတယ်။ (နောက်လ တွေ ပုံမှန်ပေးနိုင်အောင်လဲ ပြောခဲ့ပါတယ်…အဖွားက လဲ ပေးပါ့မယ်တဲ့) အဖွားရေ…ဝမ်းသာတော့နော်…အဖွားတို့ အိမ်ပေါ်ကလဲ မဆင်းရတော့ဘူး။

အိမ်လစာ ကိစ္စလဲ ကျနော် ပေးလိုက်ပြီ။ အဖွားတို့ လမ်းဘေးလဲ မရောက်တော့ဘူးနော်…နောက်လလေးတွေလဲ အဆင်ပြေအောင် ကြိုးစားကြတာပေါ့နော် ကျေးဇူးတင်ပါတယ် သားရယ်…အဖွား သားတို့ အိမ်မှာ အဝတ်လာလျှော်…

ကြမ်းတိုက် သန့်ရှင်းရေး လာလုပ်ပေးပါမယ်။ အဖွားကိုခိုင်းပါ အဖွားကျေးဇူးဆပ်ပါရစေ (လက်အုပ်ချီ ကန်တော့ဖို့ လုပ်နေတယ်)အာ…အဖွား ပေါက်ကရ ငရဲတွေ ကြီးကုန်မယ်…မလိုပါဘူး…သားတို့ဆီလဲ လာလုပ်စရာမလိုဘူးနော်…

ကျန်းမာရေး ဂရုစိုက်နော်… ကျေးဇူးတင်ပါတယ် ဆိုပြီ…ငိုပြီ ကားနားထိ လိုက်ပို့ရှာတယ်။ အော်…အဖိုးနဲ့ အဖွား မနက်ဖြန် လမ်းမပေါ် လမ်းဘေး မရောက်တော့ဘူးပေါ့လေ…ပျော်ပါ တယ်ဗျာ…ဆင်းရဲနွမ်းပါး အဖိုးအဖွားများ အတွက် အတူအကွပူးပေါင်း ကူညီလှူဒါန်း လိုပါက ကိုပူတူးနှင့်ဘော်ဒါများ ဖုန်း 09-5408437 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင်…

Credit:

Zawgyi









