ရေနွေးပူကလောင် ယောင်္ကျားကပစ်သွား ကလေး(၂)ယောက်နှင့် ဒုက္ခရောက်နေတဲ့ အမ

ဈေးဆိုင်လေး တခု နှင့် မိသားစု တစု ရေနွေးပူကလောင်…ယောင်္ကျားက ပစ်သွားကလေး(၂)ယောက် နှင့် ဒုက္ခရောက်နေတဲ့ အမ ရောဂါရဲ့ နာကျင်မှုကို …ေသေလာက်အောင် ခံစားခဲ့ရ မခံစားနိုင်တဲ့အဆုံး…အရဲစွန့်ပြီ ဆေးလေး ဝယ်လိမ်းချင်လို့ ဖုန်းဆက်လာတယ်။

သွားရောက်ကြည့်ရှူမိတော့…တကယ် အဟုတ် ဝေဒနာတွေ တွေ့ခဲ့ရ ဆရာဝန်ကြီးတွေ နှင့် ပြသကြည့်တော့…ခုချိန်ကာလတွင်း ကုသဖို့ ခက်ခဲ အနာကလဲ လကြာပြီဖြစ်တဲ့အတွက်…ကုသနိုင်ဖို့ ခက်ခဲအကြောင်းမျိုးစုံခက်ခဲမှုများကြောင့်…အမဆီ ကံတရားက မျက်နှာသာ မပေးခဲ့ပြန်ဘူး။

အမရေ…စိတ်ဓာတ်မကျနဲ့ဗျာ…အဆိုးတွေပြီ…အကောင်းတွေလာမှာပါ ဗျ ကလေး(၂) ယောက် နှင့် အမ….ရှေ့ရေးတွက် စားသောက်နိုင်ဖို့ လိုအပ်လာပြီ လေ။`အမ…ဈေးရောင်း ချင်လား…ကလေးတွေတွက် ဈေးရောင်းပြီ ရှာစားမလား’ မေးမြန်းတော့ဘဝကို လွယ်လွယ် အရှူံးမပေးတတ်တဲ့ အမ…

`ဆရာ…ကျမ ဈေးရောင်းမယ်တဲ့…သားတွေကို ကျမ ကြိုးစားပြီ ရှာကျွေးမယ်တဲ့ ‘ကဲ…ကောင်းပါပြီဗျာ…ဒါဆို အိမ် ဈေးဆိုင်သေးလေး(တနိုင်တပိုင်) ဖွင့်ကြတာပေါ့နော်…အင်း…ဆိုင်ဖွင့်ဖို့က…အမ အိမ်က ရဲ့သဲ့သဲ့…အရင်တခါလာတုန်းက ကျွံ့ကျတော့မယ်။

မဖြစ်သေးဘူး… အိမ်လေး အရင်ပြင်အုံး…ပြင်ရင်းနဲ့…ဈေးရောင်းဖို့… အိမ်ရှေ့ မျက်နှာစာ လေး ပါ ထပ်ပြီ လုပ်ဖြစ်ခဲ့တယ်။ အမ နေတဲ့နေရာ နှင့် ရောင်းလို့ ရမဲ့ ပစ္စည်းလေးတွေ…အမ နဲ့ အတူ တနိုင်တပိုင်လေး လိုက်ဝယ်ဖြစ်ခဲ့တယ်။`ကျေးဇူးတင်လိုက်တာ ဆရာရယ်…

တကယ် ကျေးဇူးတင်ပါတယ်ဆိုတဲ့’အမရဲ့ အပ်ကြောင်းထပ် စကားသံလေးတွေ ကြားရတာ ဝမ်းသာမိတယ် ဗျာ…အမ အသံတွေထဲ ပျော်ရွှင်မှုတွေ ကြားနေ ရတာ ကျေနပ်ပါတယ်ဗျာ အမရေ…ဘဝဆိုတာ…(ဝ)ကနေစရတာပဲ…(၁၀၀)ရောက်အောင် ကြိုးစားလို့ရတယ်ဗျ

(မဖြစ်သေးတာပဲ ရှိမယ်…မဖြစ်နိုင်တာ မရှိဘူး)…(၇)ရက်သားသမီးအားလုံးကိုလဲ…ကျေးဇူးတင်ပါတယ်ဗျ…ဝမ်းသာ သာဓု ခေါ်ဆိုနိုင်ကြပါစေ…ဆင်းရဲ နွမ်းပါး အဖိုးအဖွားများ အတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက ကိုပူတူးနှင့်ဘော်ဒါများ ဖုန်း 09-5408437 သို့ဆက်သွယ် လှူဒါန်း နိုင်ပါတယ်ရှင်…

Credit:

Zawgyi

ကလေး(၂)ယောက်နှင့် ဒုက္ခရောက်နေတဲ့ အမ ရောဂါရဲ့ နာကျင်မှုကို …သေလာက်အောင် ခံစားခဲ့ရ မခံစားနိုင်တဲ့အဆုံး…အရဲစွန့်ပြီ ဆေးလေး ဝယ်လိမ်းချင်လို့ ဖုန်းဆက်လာတယ်။





