အဖိုးက (၇၃)နှစ်၊ အဖိုးအမက (၈၅)နှစ် မောင်နှမ(၂)ယောက် နေတာတဲ့…မမကြီးက နေမကောင်းဘူးတဲ့
အလ္လာဟ် မမကြီးတွက်…ဆေးတွေ ပို့လိုက်ပြီ…တာမွေ အခွန်လွှတ်စျေး…ကားလေး လုပ်နေတုန်း သားလေး…သားလေး…မြေပဲလေး အားပေးပါလား…တထုပ်မှ (၁၀၀)ပါ သားရယ်…ကျနော်လဲ မကြားတကြား…အမှုမဲ့ အမှတ်မဲ့…အဖိုးက ထပ်ရောင်းသံလေး ကြားတော့…ကြည့်လိုက်မိတယ်။ အဖိုးက ပြုံးပြတယ်…
ပြီးတော့ ခေါင်းလေး ငုံ့ပြီး ပြန်လှည့် သွားတယ် (ကျနော်လဲ မဝယ်ဘူးပေါ့ဆိုပြီ) အဖိုး…အဖိုး လာပါအုံး…ထိုင်အုံး…ဘာတွေ တုန်း?? (အဖိုးပျော်သွားတယ်) သားလေး မြေပဲထုပ်…အချဉ်ပေါင်…နေကြာစေ့လေးတွေ ပါ။ ဘယ်လိုရောင်းလဲ အဖိုး?? မြေပဲလေးတွေက တထုပ် ၁၀၀ကျပ်ပါ။ အချဉ်ပေါင်၊ နေကြာစေ့က တထုပ် ၁၅၀ကျပ်ပါ သားလေး…အဖိုး…နေကလဲပူတယ်…အိမ်ပြန်ချင်လား??
ပြန်နားချင်တာပေါ့…မမကြီးက နေမကောင်းတော့ ဆေးလေး ဝယ်ဖို့…ရောင်းရအုံးမယ်။ ကဲ…နေပူတယ် အဖိုး…အားလုံး ဘယ်လောက်ကျလဲ ?? ဟာ…သားတကယ္လား ?? တကယ် ပေါ့…လာတူတူ တွက်ကြည့်မယ်။ မြေပဲပဲကြီးလှော် (၂၉)ထုပ် – 2,900 Ks အချဉ်ပေါင်၊ နေကြာစေ့ (၆၁)ထုပ် – 6,100 Ks,Total – 9,000 Ks ကျတယ်။ အဖိုးရေ…ရော့ 30,000 Ks သား…ပိုက်ဆံတွေက များနေတယ်။
အဖိုးမှာ ပြန်အမ်းဖို့ အကြွေလေးတွေကလဲ မပြည့်ဘူး (၁၀၀တန်; ၅၀တန်လေးတွေ) ရတယ်။ အဖိုး အမ်းစရာမရှိရင်…အမ်းနဲ့တော့…ဟာ…ဝမ်းသာလိုက်တာ….အလ္လာဟ်ကယ်လိုက်ပြီ။ မမကြီးတွက်…အားဆေးလေးဝယ်ပြီး ပြန်မယ်။အဖိုးက (၇၃)နှစ်၊ အဖိုးအမက (၈၅)နှစ် မောင်နှမ(၂)ယောက် နေတာတဲ့…မမကြီးက နေမကောင်းဘူးတဲ့… အဖိုးက ရှာကျွေး နေတာပါ။ ဟုတ် အဖိုး…ပြန်တော့နော်…
ဂရုစိုက်ပြီ ပြန်နော်…အော…ကျနော်တို့ ထမင်းဆိုင်ကြီးတွေမှာ စားရင် ကုန်ကျစရိတ်တောင် မရှိတဲ့ ပိုက်ဆံလေးက…အဖိုးတွက် ခြေတိုအောင် ရောင်းတာတောင် မရနိုင်တဲ့ အရာပါလား ဆင်းရဲနွမ်းပါး အဖိုး အဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက ကိုပူတူးနှင့်ဘော်ဒါ များ ဖုန်း 09-5408437 သို့ဆက်သွယ်လှူဒါန်းနိုင် ပါတယ်ရှင်…
Credit:
Zawgyi
အလ္လာဟ် မမကြီးတွက်…ဆေးတွေ ပို့လိုက်ပြီ…တာမွေ အခွန်လွှတ်ဈေး…ကားလေး လုပ်နေတုန်း သားလေး…သားလေး…မြေပဲလေး အားပေးပါလား…တထုပ်မှ (၁၀၀)ပါ သားရယ်…ကျနော်လဲ မကြားတကြား…အမှုမဲ့ အမှတ်မဲ့…အဖိုးက ထပ်ရောင်းသံလေး ကြားတော့…ကြည့်လိုက်မိတယ်။ အဖိုးက ပြုံးပြတယ်…