ကျေးဇူးတင်လိုက်တာ…ဒီနေ့ လျှောက်ပြီ မပတ်ရတော့ဘူး…သားရယ်

ကားနဲ့ ဖြတ်သွားရင်း…ဖြတ်ခနဲ တွေ့လိုက်ရတာ…ကိုယ်တွေ့ချင်လို့ ရှာနေတဲ့ အဖိုး… အဖိုးရေ…လာပါအုံး…ဟေ…လာပြီ ကွ…ဘာယူမလဲ သား… ဂွေးချို၊ သရက်၊ မရမ်းသီးပါ တယ် ကွ…ဟုတ် အဖိုး…ဘယ်လိုရောင်းတုန်း?? တချောင်း 200 Ks ပဲ သား… ဟုတ် ဘယ်နှချောင်းရှိလဲ အဖိုး ?? အများကြီးပဲလေ…သား ဘယ်နှချောင်းယူမလဲ…ဘာယူမလဲ ??

သား အကုန်ယူမယ်။ ဟေ…တကယ်ကြီးလား။ တကယ်ပေါ့…အဖိုးရဲ့ ဒါဆို သားတွက်ကြည့် ပေးပါလား…အဖိုး မတွက်နိုင်တော့ဘူး။ ဟုတ် အဖိုး…သားတွက်ကြည့်မယ်နော် အေး…အေး…အဖိုးရေ…(၈၁)ချောင်း ရှိတယ် ဗျ…အေး…(၈၀)ပဲ ထားကွာ…တချောင်းက ယူမနေတော့ဘူး။ ဟာ…ဒါဆို ကျေးဇူးတင်ပြီဗျာ …‌ရော့ အဖိုး 30,000 Ks…ဟေ…သား မင်းပေးတာက ပိုက်ဆံ အရွက်တွေ များနေတယ်နော်…

ပိုနေတယ်ကွ (5ထောင်တန်တွေ ပေးလိုက်တာမလို့) အဖိုး…ဘယ်လောက် ပြန်အမ်းရမှာတုန်း? မအမ်းရဘူး အဖိုး…ပိုတာ အဖိုးယူလိုက်တော့ ဗျ…ဟာ…ဒါဆို ခု ပြန်ရင် ဆန် နဲ့ ဆီ စားစရာတွေ ဝယ်ပြီ ပြန်မယ်ကွ…ဟုတ် အဖိုး…အဖိုးကြိုက်တာ လုပ်ဗျာ…ကျေးဇူးတင်ပါတယ်ကွာ…ဒီနေ့ လျှောက်ပတ်ပြီ မရောင်းရတော့ဘူးပေါ့ ကွာ…အိမ် အစောကြီး ပြန်နားရပြီ…လိုတာတွေလဲ ဝယ်လို့ရပြီ…

ကျေးဇူးတင်တယ်ကွာ…အဖိုး ဇာတာက တသက်လုံး ဒါပဲ ရောင်းစားရတဲ့ ဇာတာပါတယ် ကွာ…ကိုဗစ်မှာ အဖိုး အဲ့ဇာတာ ပြီဆုံးမယ် ထင်ခဲ့တာ…အသက်က ရှင်နေတော့…ဆက်ရောင်းရတာပေါ့ကွာ(အသက် ၇၈နှစ်ရှိပြီတဲ့) ဟာ အဖိုးကလဲ…ပေါက်ကရတွေ ပြောပြီ…အိမ်ဂရုစိုက်ပြန်တော့နော်…အေး…အေး…အိမ်အစောကြီး ပြန်ရတာ ပျော်လိုက်တာကွာ…

အဖိုးရဲ့ အပြုံး အပျော်လေးတွေ နဲ့ တက်ကြွတဲ့ အိမ်ပြန်ခြေလှမ်းတွေကတော့…ကျနော် ကြည့်ပြီ အတော့်ကို ပျော်ရတယ်ဗျာ ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက ကိုပူတူးနှင့်ဘော်ဒါများ ဖုန်း 09-5408437 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင်…

Credit:

Zawgyi

ကားနဲ႔ ျဖတ္သြားရင္း…ျဖတ္ခနဲ ေတြ႕လိုက္ရတာ…ကိုယ္ေတြ႕ခ်င္လို႔ ရွာေနတဲ့ အဖိုး… အဖိုးေရ…လာပါအုံး…ေဟ…လာၿပီ ကြ…ဘာယူမလဲ သား… ေဂြးခ်ိဳ၊ သရက္၊ မရမ္းသီးပါ တယ္ ကြ…ဟုတ္ အဖိုး…ဘယ္လိုေရာင္းတုန္း?? တေခ်ာင္း 200 Ks ပဲ သား… ဟုတ္ ဘယ္ႏွေခ်ာင္းရွိလဲ အဖိုး ?? အမ်ားႀကီးပဲေလ…သား ဘယ္ႏွေခ်ာင္းယူမလဲ…ဘာယူမလဲ ??

သား အကုန္ယူမယ္။ ေဟ…တကယ္ႀကီးလား။ တကယ္ေပါ့…အဖိုးရဲ႕ ဒါဆို သားတြက္ၾကည့္ ေပးပါလား…အဖိုး မတြက္ႏိုင္ေတာ့ဘူး။ ဟုတ္ အဖိုး…သားတြက္ၾကည့္မယ္ေနာ္ ေအး…ေအး…အဖိုးေရ…(၈၁)ေခ်ာင္း ရွိတယ္ ဗ်…ေအး…(၈၀)ပဲ ထားကြာ…တေခ်ာင္းက ယူမေနေတာ့ဘူး။ ဟာ…ဒါဆို ေက်းဇူးတင္ၿပီဗ်ာ …‌ေရာ့ အဖိုး 30,000 Ks…ေဟ…သား မင္းေပးတာက ပိုက္ဆံ အ႐ြက္ေတြ မ်ားေနတယ္ေနာ္…

ပိုေနတယ္ကြ (5ေထာင္တန္ေတြ ေပးလိုက္တာမလို႔) အဖိုး…ဘယ္ေလာက္ ျပန္အမ္းရမွာတုန္း? မအမ္းရဘူး အဖိုး…ပိုတာ အဖိုးယူလိုက္ေတာ့ ဗ်…ဟာ…ဒါဆို ခု ျပန္ရင္ ဆန္ နဲ႔ ဆီ စားစရာေတြ ဝယ္ၿပီ ျပန္မယ္ကြ…ဟုတ္ အဖိုး…အဖိုးႀကိဳက္တာ လုပ္ဗ်ာ…ေက်းဇူးတင္ပါတယ္ကြာ…ဒီေန႔ ေလွ်ာက္ပတ္ၿပီ မေရာင္းရေတာ့ဘူးေပါ့ ကြာ…အိမ္ အေစာႀကီး ျပန္နားရၿပီ…လိုတာေတြလဲ ဝယ္လို႔ရၿပီ…

ေက်းဇူးတင္တယ္ကြာ…အဖိုး ဇာတာက တသက္လုံး ဒါပဲ ေရာင္းစားရတဲ့ ဇာတာပါတယ္ ကြာ…ကိုဗစ္မွာ အဖိုး အဲ့ဇာတာ ၿပီဆုံးမယ္ ထင္ခဲ့တာ…အသက္က ရွင္ေနေတာ့…ဆက္ေရာင္းရတာေပါ့ကြာ(အသက္ ၇၈ႏွစ္ရွိၿပီတဲ့) ဟာ အဖိုးကလဲ…ေပါက္ကရေတြ ေျပာၿပီ…အိမ္ဂ႐ုစိုက္ျပန္ေတာ့ေနာ္…ေအး…ေအး…အိမ္အေစာႀကီး ျပန္ရတာ ေပ်ာ္လိုက္တာကြာ…

အဖိုးရဲ႕ အၿပဳံး အေပ်ာ္ေလးေတြ နဲ႔ တက္ႂကြတဲ့ အိမ္ျပန္ေျခလွမ္းေတြကေတာ့…က်ေနာ္ ၾကည့္ၿပီ အေတာ့္ကို ေပ်ာ္ရတယ္ဗ်ာ ဆင္းရဲႏြမ္းပါး အဖိုးအဖြားမ်ားအတြက္ အတူအကြ ပူးေပါင္း ကူညီလႉဒါန္းလိုပါက ကိုပူတူးႏွင့္ေဘာ္ဒါမ်ား ဖုန္း 09-5408437 သို႔ဆက္သြယ္လႉဒါန္းႏိုင္ပါတယ္ရွင္…