ကျေးဇူးတင်ပါတယ် ဒကာလေး…ဆွမ်းထမင်း စားမဝင်တော့လို့ပါ အသက်(၈၀)ကျော် ဆရာလေး

Ensure ဗူးသေးလေး တဗူးကို (၂)လ လောက်အောင် သောက်ရတယ်တဲ့…ဆွမ်း ထမင်း ဟင်း မစားနိုင်တော့ဘူး…စားလို့ မဝင်တော့ဘူး။ အမြဲ အသားတွေ လက်တွေ တုန်နေတယ် တဲ့… ensure လေး တခွက်လေး သောက်မှ တုန်တာ ရပ်သွားတယ်တဲ့…ဒီမှာက ဆွမ်း ထမင်းဟင်း မပြည့်စုံဘူး။ လူအရောက် ပေါက် မရှိဘူး။

ဒကာလေး(အာဟာရ မပြည့်စုံဘူး) ခုလို လာလှူပေးတာ အရမ်းကျေးဇူးတင်ပါတယ်။ ဒကာလေး…ဒါလေး သောက်မှ တုန်တာ ရပ်ပြီ…နေလို့ အဆင်ပြေတာပါ။ ဆရာလေး ကျန်းမာရေး အထူးဂရုစိုက်ပါ…တပည့်တော် ထပ်ပီ လာခဲ့ပါအုံးမယ် ဆရာလေး…ဆရာလေးတွက်…လိုအပ်တဲ့ ဆေးဝါး, Ensure, Glucerna,ဆန် နှင့်

ဆရာလေး သီလရှင် ဝတ်စုံတို့အား သွားရောက်လှူဒါန်းပေးခဲ့ပါပြီ။ နောက်ထပ် ဆရာလေး နှင့် ဆရာလေးကို ပြုစုပေးတဲ့…ဆရာလေး ပေါက်စလေးတွက် သီလရှင် ဝတ်စုံလေး ရယ်,ဆွမ်းဟင်းတွက် လိုအပ်တာလေးတွေ ထပ်ပြီ… လှူဒါန်းပေး ပါအုံးမည်။ တကယ့်ကို လူသူ အရောက်ပေါက်နည်းပြီ…ကုန်းတက်လေးပေါ်မှာ သီတင်းသုံးတာပါ။

(ခြေမ ကျိုးနေပေမဲ့လဲ…ကျနော် မနေနိုင်ဘူး…ကားမောင်းပြီ…ရပ်လို့ရတဲ့နေရာမှာ ရပ်…လမ်းလျှောက်ပီ ကုန်းတက်…ရောက်အောင် လှူပေးခဲ့ပါပြီ) ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါကကိုပူတူးနှင့်ဘော်ဒါများ ဖုန်း 09-5408437 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင့်…

Credit:

Zawgyi



