ထိုင်းနိုင်ငံ ၊ မဲဆောက်ရောက် မြန်မာစစ်ဘေးရှောင် ၂၀၀၀ ကျော် ရေးပေါ် အကူအညီများ လိုအပ်နေ

ကရင်ပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီက စတင်လိုက်သော တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ် ၊ မဲဆောက်သို့ ရောက်ရှိနေသော စစ်ဘေး ရှောင် ပြည်သူ ၂၀၀၀ ကျော်မှာ ယခု အိပ်စရာနှင့်ခြုံစရာမရှိဘဲ ဆောင်းညလယ်တွင် ဒုက္ခရောက်နေသည်ဟု အရေးပေါ် ကူညီနေသူများထံမှ သိရှိရသည်။ “စောင်တွေ ခြင်ထောင်တွေ အများကြီးလိုတယ်။ သက်ကြီးရွယ်အိုတွေလည်းပါတယ်။

လိုအပ်ချက်တွေအများကြီး။ ဒါတွေကို ထောက်ပံ့ဖို့လိုပါတယ်။ အခု ညဘက် ငုတ်တုတ်ထိုင်နေကြရတယ်။ နေစရာ အဆင်မပြေလို့” ဟု စစ်ဘေးရှောင်များအကူအညီပေးနေသူ တစ်ဦးထံမှ သိရှိရသည်။ ထိုင်းနိုင်ငံ  AAC မဟာမိတ်အဖွဲ့လည်း စစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီနိုင်ရေး အတတ်နိုင်ဆုံးကြိုးစားလျက်ရှိကြောင်း AAC အဖွဲ့မှ ဦးရဲမင်းက ရန်ကုန်ခေတ်သစ်ကို ပြောဆိုထားသည်။

“တိုက်ပွဲကြောင့် မြဝတီမြို့နယ်၊ ဖလူးကျေးရွာအုပ်စုအတွင်းရှိ လေးကေ့ကော်၊ ဗဟိကလော်၊ မဲ့ထော်သလေးကျေးရွာဘက်က စစ်ဘေးရှောင်လာကြတဲ့ တိုင်းရင်းသားပြည်သူ(၂၀၀၀)လောက်ကို ထိုင်းစစ်တပ်က ကားတွေနဲ့ တင်လာပြီး ကယ်ဆယ်ရေးစခန်း ဖွင့်ထားပေးပါတယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာကြရတာမို့ ဆောင်းတွင်းမှာ အခက်တွေ့နေကြရပါတယ်။

သက်ကြီးရွယ်အို၊ ကလေးသူငယ်နဲ့ နာမကျန်းဖြစ်သူများ လဲ ပါဝင်တာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံအတွင်းရှိ မဲဆောက်မြို့အပါအဝင် နီးစပ်ရာ အမျိုးများ အနေဖြင့် တတ် နိုင်သမျှ ကူညီပေးဖို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ” ဟု မြ၀တီမြို့နယ်မှ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က လူမှုကွန်ရက်တွင် မေတ္တာရပ်ခံထားသည်။

Credit:Khit Thit

Zawgyi

ကရင္ျပည္နယ္တြင္ အၾကမ္းဖက္စစ္ေကာင္စီက စတင္လိုက္ေသာ တိုက္ပြဲမ်ားေၾကာင့္ ထိုင္း-ျမန္မာနယ္စပ္ ၊ မဲေဆာက္သို႔ ေရာက္ရွိေနေသာ စစ္ေဘး ေရွာင္ ျပည္သူ ၂၀၀၀ ေက်ာ္မွာ ယခု အိပ္စရာႏွင့္ၿခဳံစရာမရွိဘဲ ေဆာင္းညလယ္တြင္ ဒုကၡေရာက္ေနသည္ဟု အေရးေပၚ ကူညီေနသူမ်ားထံမွ သိရွိရသည္။ “ေစာင္ေတြ ျခင္ေထာင္ေတြ အမ်ားႀကီးလိုတယ္။ သက္ႀကီး႐ြယ္အိုေတြလည္းပါတယ္။

လိုအပ္ခ်က္ေတြအမ်ားႀကီး။ ဒါေတြကို ေထာက္ပံ့ဖို႔လိုပါတယ္။ အခု ညဘက္ ငုတ္တုတ္ထိုင္ေနၾကရတယ္။ ေနစရာ အဆင္မေျပလို႔” ဟု စစ္ေဘးေရွာင္မ်ားအကူအညီေပးေနသူ တစ္ဦးထံမွ သိရွိရသည္။ ထိုင္းႏိုင္ငံ AAC မဟာမိတ္အဖြဲ႕လည္း စစ္ေဘးေရွာင္ဒုကၡသည္မ်ားကို ကူညီႏိုင္ေရး အတတ္ႏိုင္ဆုံးႀကိဳးစားလ်က္ရွိေၾကာင္း AAC အဖြဲ႕မွ ဦးရဲမင္းက ရန္ကုန္ေခတ္သစ္ကို ေျပာဆိုထားသည္။

“တိုက္ပြဲေၾကာင့္ ျမဝတီၿမိဳ႕နယ္၊ ဖလူးေက်း႐ြာအုပ္စုအတြင္းရွိ ေလးေက့ေကာ္၊ ဗဟိကေလာ္၊ မဲ့ေထာ္သေလးေက်း႐ြာဘက္က စစ္ေဘးေရွာင္လာၾကတဲ့ တိုင္းရင္းသားျပည္သူ(၂၀၀၀)ေလာက္ကို ထိုင္းစစ္တပ္က ကားေတြနဲ႔ တင္လာၿပီး ကယ္ဆယ္ေရးစခန္း ဖြင့္ထားေပးပါတယ္။ အဝတ္တစ္ထည္ ကိုယ္တစ္ခုနဲ႔ ေျပးလာၾကရတာမို႔ ေဆာင္းတြင္းမွာ အခက္ေတြ႕ေနၾကရပါတယ္။

သက္ႀကီး႐ြယ္အို၊ ကေလးသူငယ္နဲ႔ နာမက်န္းျဖစ္သူမ်ား လဲ ပါဝင္တာကို ေတြ႕ရပါတယ္။ ထိုင္းႏိုင္ငံအတြင္းရွိ မဲေဆာက္ၿမိဳ႕အပါအဝင္ နီးစပ္ရာ အမ်ိဳးမ်ား အေနျဖင့္ တတ္ ႏိုင္သမွ် ကူညီေပးဖို႔ ေမတၱာရပ္ခံအပ္ ပါတယ္ခင္ဗ်ာ” ဟု ျမ၀တီၿမိဳ႕နယ္မွ ကရင္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္က လူမႈကြန္ရက္တြင္ ေမတၱာရပ္ခံထားသည္။