စကစ လုံးဝအလဲထိုးခံလိုက်ရပြီ…

ကေအင်ယူက ဖမ်းမိတဲ့ စကစတပ်နဲ့ bgf သုံ့ပန်းတွေကို နွေးထွေးစွာကြိုဆိုတဲ့သတင်းနဲ့ ဓာတ်ပုံတွေတက်လာတယ်.. ဒါက သာမန်သတင်းမဟုတ်ပါဘူး.. စကစတပ်က ရဲဘော်တွေအတွက် အကောင်းဆုံး သတင်းစကား သတင်းမြင်ကွင်းပါ… တိုက်ပွဲသတင်းတွေကို ဖုံးဖိပုံဖျက်ဖို့ကြိုးစားနေတဲ့ စကစသတင်း ထုတ်ပြန်ရေးအဖွဲ့

ဘယ်လိုမှညာဝါးလို့ မရနိုင်တော့ပါဘူး။ ပြည်သူ့ဘက်သား မီဒီယာတွေက လေးကေကော်မှာ မအလအတွက် အသက်ပေးခဲ့ရတဲ့ စကစ တပ်အလောင်းတွေ ဓာတ်ပုံသတင်း တင်ပေးပြီးတာတောင်မှ နံနက်ခင်းဘီဘီစီသတင်းက ဇော်မင်းထွန်းကို လှမ်းမေးတော့ တစ်ယောက်ပဲကျတာလို့ဖြေတုန်း… ဒီသုံ့ပန်းတွေကို နွေးထွေးစွာ

ကြိုဆိုတဲ့ သတင်း နောက် ဆက်တွဲမှာ “လက်နက်ချရင် ရန်သူက ငါတို့ကိုမသတ်ဘူးဟ..ကောင်းကောင်းမွန်ဆက်ဆံတယ် ” ဆိုတဲ့အသိတရားကို မအလ အောက်မှာ စိတ်ဆင်းရဲ ကိုယ် ဆင်းရဲတာဝန်ထမ်း‌‌ဆောင်နေသူတွေအတွက် အားဆေးပါ… ရလဒ်အကြီးကြီးတွေလာပါလိမ့်မယ်။

Credit:

Zawgyi


