ထင်းစည်းလေးကို စားဝတ်နေရေးအတွက် ခေါင်းပေါ်ရွက်ကာ မြစ်ထဲတွင် ဖြတ်ကျော်ရင်း ဝင်ငွေရှာနေရသော အဖိုးအိုတစ်ဦး

ဖိလစ်ပိုင်နိုင်ငံ မြစ်ကမ်းနံဘေးရှိ ရွာငယ်လေးတွင် နေထိုင်သော အသက်၇၀အရွယ် အဖိုးအိုတစ်ဦးသည် သားသမီးတွေရဲ့ ဝမ်းရေးအတွက် အသက်ကြီး နေပြီဖြစ်သော်လည်း ပင်ပင်ပန်းပန်း လုပ်စားနေရဆဲဖြစ်ကာ သနားစရာ ကောင်းလှသည်။

အဖိုးအိုသည် မသိတတ်သော သားသမီးတွေကြောင့် နေ့စဉ် ခြံထဲတွင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်အချို့နှင့် ထင်းစည်းကြီးကို လှော်ခတ်သွားလာ ရန် လှေလေးမရှိတာကြောင့် လည်ပင်းလောက်ရှိတဲ့ မြစ်ရေထဲမှာ ဖြတ်ကျော်ရင်း ဈေးရောင်းချခဲ့သည်။ ကံကောင်းစွာဖြင့် အဖိုးအိုသည် စိတ်ရင်းကောင်း သော

ဘေလာ့ဂါတစ်ဦးနှင့် တွေ့ဆုံကာ အဖိုးအို ရဲ့စိတ်ကူးအိပ်မက်ဖြစ်သည့်ဝက်တစ်ကောင်မွေးမြူရန်အတွက်ကိုလည်း အရင်းအနှီးထုတ်ပေးကာ စက်လှေလေးတစ်စီးကိုပါ ပေးအပ်လှူဒါန်းခဲ့ပြီး အခက်အခဲအားလုံးကို ကူညီခဲ့သည့်အတွက် ကျေးဇူးလည်းတင်ကာ ဝမ်းသာလွန်း၍ မျက်ရည်များပါ ကျနေခဲ့ရှာသည်။

Credit:

Zawgyi


