ရရှိတဲ့ပင်စင်ငွေလေးထုတ်ပြီးတာနဲ့ ခိုင်နှင်းဝေရဲ့ဂေဟာကိုလှူခဲ့သော အသက်(၈၀)ကျော်အဖိုးအို

စေတနာဆိုတာလူတိုင်းမှာ ဖြစ်ပေါ်တတ်ပေမယ့် တကယ်လက်တွေ့ အလှူအတန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ကတော့ စိတ်ရောကိုယ်ပါ ထက်သန်မှ ဖြစ်မယ့်အရာမျိုးပါ။

အသက် (၈၂) နှစ်အရွယ် အဘိုးတစ်ယောက်ကတော့ သူ့ရဲ့ပင်စင်ငွေလေးတွေကို ထုတ် ပြီးပြီးချင်းမှာပဲ ခိုင်နှင်းဝေရဲ့ ဂေဟာလေးကို လာရောက်လှူဒါန်းသွား ခဲ့တာဖြစ်ပါတယ်။

သဒ္ဓါတရားကြီးမားလာတဲ့အချိန်မှာ လက်ထဲတတ်နိုင်သလောက်ငွေကြေးတွေကို စိတ်စေတနာသန့်သန့်နဲ့လှူဒါန်းတတ်ကြပါတယ်။ ပင်စင်ရတဲ့ ငွေ (၁) သိန်း ဟာ အတိုင်းအတာ တစ်ခုထိ ပြေလည်သွားမယ့်ငွေကြေးဖြစ်ပေမယ့် အဘကတော့ ကလေးတွေအပေါ် မေတ္တာ ထားပြီးလာရောက်လှူဒါန်းပေးခဲ့တာပါ။

ဒီလိုပီတိဖြစ်စရာအလှူလေးကို ပင်စင်ထုတ်ပြီး တာနဲ့ တန်းလာလှူပေးတဲ့ အသက် (၈၂) နှစ်အဘိုးရဲ့ အလှုလေးပါရှင်။ ကလေးတွေအပေါ် ချစ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ သာဓု…သာဓု…သာဓုပါရှင်ဆိုပြီး ကလေးတို့ မေမေ ခိုင်နှင်းဝေက ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အချိန်ပေးပြီးဖတ်ရှု ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်း အထူးတင် ရှိပါတယ်နော်။

Credit:

Zawgyi



