ဆံသဆရာက ရုပ်ဆိုးပြီးမလိုက်မဖက်တဲ့ ဆံပင်ပုံစံမျိုးညှပ်ပေးခဲ့လို့ ရဲခေါ်ပြီးတိုင်ကြားခဲ့တဲ့ 10 နှစ်သားအရွယ်ကောင်လေး

ဆံပင်ညှပ်ဆိုင် က ညှပ်လာပေးတဲ့ဆံပင်ပုံစံကြောင့် အဆင်မပြေမှုတွေ ကြုံတွေ့ရတဲ့သူပေါင်း မနည်းပါဘူး ။ သို့ပေမဲ့လည်း ဆံပင်က ပြန်ရှည်လာမှာပဲလေ ဆိုပြီး စိတ်ဆိုးဒေါသကို ပြန်ဖြေလျော့နေကြရတာပါ ။ သို့ပေမဲ့လည်း တရုတ်နိုင်ငံက 10 နှစ်သားအရွယ် ကောင်လေးကတော့ စိတ်မဖြေနိုင်ခဲ့ပါဘူး။

ကောင်လေးဟာ ဆံသဆရာညှပ်ပေးလိုက်တဲ့ဆံပင်ပုံစံကို လုံးဝစိတ်တိုင်းမကျဘဲ စိတ်ဆိုးလွန်းလို့ ရဲခေါ်ပြီးတိုင်ကြားခဲ့ပါတယ်။ အဆိုပါအဖြစ်အပျက်ရဲ့ video နဲ့ ဓာတ်ပုံတွေဟာ Weibo နဲ့ တရုတ်နိုင်ငံရဲ့ Twitter စာမျက်နှာတွေပေါ်မှာ အတော်လေးကို ပျံ့နှံ့လျက်ရှိနေပါတယ် ။ Video ထဲမှာတော့ ကောင်လေးဟာ စိတ်မကျေနပ်တဲ့ပုံစံနဲ့ မှန်ကို အကြိမ်ပေါင်းများစွာကြည့်နေခဲ့ပြီး ၊

သူ့ရဲ့ခေါင်းကိုကိုင်ကာ အော်ဟစ်ငိုကြွေးရင်း နောက်ဆုံး ရဲတိုင်ကြားခဲ့တာဖြစ်ပါတယ်။ ရဲအရာရှိတွေရောက်ရှိလာချိန်မှာတော့ အဖြစ်အပျက် အကြောင်း အရာကိုသိရှိသွားခဲ့ပြီး ကောင်လေးရဲ့အစ်မဖြစ်သူအား ဆံသဆရာနဲ့သာ ပြသာနာဖြေရှင်းဖို့ပြောဆိုခဲ့ပါတယ်။ အစ်မဖြစ်သူကလည်း မောင်လေးဖြစ်သူကို ဆုံးမဖို့ ရဲအရာရှိတွေကိုကတိပေးခဲ့ရတဲ့အပြင် နောက်နောင်ယခုလိုသာမှန်ကိစ္စရပ်မျိုးနဲ့

ရဲအရာရှိတွေအားမတိုင်ကြားဘဲ မိဘတွေထံအရင်ပြောအောင် မောင်လေးဖြစ်သူကိုလည်း ရဲအရာရှိတွေမပြန်ခင် အကြံပေးခဲ့ပါတယ်။ အဆိုပါ video ဟာ အင်တာနက်ပေါ်မှာအတော်လေးပျံ့နှံ့သွားခဲ့ပြီး လူအတော်အများက ‘ လူအချို့က ဆံသဆရာတွေအပေါ် ပြန်လုပ်ချင်ခဲ့တဲ့အရာကို ကောင်လေးက လုပ်ပေး ခဲ့တာပဲ ‘ ဆိုပြီး မှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။

Credit:

Zawgyi

ဆံပင္ညႇပ္ဆိုင္ က ညႇပ္လာေပးတဲ့ဆံပင္ပုံစံေၾကာင့္ အဆင္မေျပမႈေတြ ႀကဳံေတြ႕ရတဲ့သူေပါင္း မနည္းပါဘူး ။ သို႔ေပမဲ့လည္း ဆံပင္က ျပန္ရွည္လာမွာပဲေလ ဆိုၿပီး စိတ္ဆိုးေဒါသကို ျပန္ေျဖေလ်ာ့ေနၾကရတာပါ ။ သို႔ေပမဲ့လည္း တ႐ုတ္ႏိုင္ငံက 10 ႏွစ္သားအ႐ြယ္ ေကာင္ေလးကေတာ့ စိတ္မေျဖႏိုင္ခဲ့ပါဘူး။

ေကာင္ေလးဟာ ဆံသဆရာညႇပ္ေပးလိုက္တဲ့ဆံပင္ပုံစံကို လုံးဝစိတ္တိုင္းမက်ဘဲ စိတ္ဆိုးလြန္းလို႔ ရဲေခၚၿပီးတိုင္ၾကားခဲ့ပါတယ္။ အဆိုပါအျဖစ္အပ်က္ရဲ႕ video နဲ႔ ဓာတ္ပုံေတြဟာ Weibo နဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ Twitter စာမ်က္ႏွာေတြေပၚမွာ အေတာ္ေလးကို ပ်ံ႕ႏွံ႔လ်က္ရွိေနပါတယ္ ။ Video ထဲမွာေတာ့ ေကာင္ေလးဟာ စိတ္မေက်နပ္တဲ့ပုံစံနဲ႔ မွန္ကို အႀကိမ္ေပါင္းမ်ားစြာၾကည့္ေနခဲ့ၿပီး ၊

သူ႔ရဲ႕ေခါင္းကိုကိုင္ကာ ေအာ္ဟစ္ငိုေႂကြးရင္း ေနာက္ဆုံး ရဲတိုင္ၾကားခဲ့တာျဖစ္ပါတယ္။ ရဲအရာရွိေတြေရာက္ရွိလာခ်ိန္မွာေတာ့ အျဖစ္အပ်က္ အေၾကာင္း အရာကိုသိရွိသြားခဲ့ၿပီး ေကာင္ေလးရဲ႕အစ္မျဖစ္သူအား ဆံသဆရာနဲ႔သာ ျပသာနာေျဖရွင္းဖို႔ေျပာဆိုခဲ့ပါတယ္။ အစ္မျဖစ္သူကလည္း ေမာင္ေလးျဖစ္သူကို ဆုံးမဖို႔ ရဲအရာရွိေတြကိုကတိေပးခဲ့ရတဲ့အျပင္ ေနာက္ေနာင္ယခုလိုသာမွန္ကိစၥရပ္မ်ိဳးနဲ႔

ရဲအရာရွိေတြအားမတိုင္ၾကားဘဲ မိဘေတြထံအရင္ေျပာေအာင္ ေမာင္ေလးျဖစ္သူကိုလည္း ရဲအရာရွိေတြမျပန္ခင္ အႀကံေပးခဲ့ပါတယ္။ အဆိုပါ video ဟာ အင္တာနက္ေပၚမွာအေတာ္ေလးပ်ံ႕ႏွံ႔သြားခဲ့ၿပီး လူအေတာ္အမ်ားက ‘ လူအခ်ိဳ႕က ဆံသဆရာေတြအေပၚ ျပန္လုပ္ခ်င္ခဲ့တဲ့အရာကို ေကာင္ေလးက လုပ္ေပး ခဲ့တာပဲ ‘ ဆိုၿပီး မွတ္ခ်က္ေပးေရးသားခဲ့ၾကပါတယ္ ။