ပိုက်ဆံရှိပြီလေ ဘာစားချင်လဲ မေးတော့….မုန့်ဟင်းခါးလေး စားချင်တယ်
ကျေး…ကျေး…ကျေးဇူးပါ…မုန့်ဟင်းခါးလေး အသုပ်လို စားချင်တယ်။ အဖွား အသက် ဘယ်လောက်ရှိပြီလဲ ??အသက် (90)နှစ် ရှိပြီ။
ဘာစားချင်လဲ အဖွား ??ပိုက်ဆံ မရှိ​လို့ မစားနိုင်ရှာဘူးတဲ့…
ရော့…အဖွား 50,000 Ks…. ပိုက်ဆံရှိပြီလေ ဘာစားချင်လဲ မေးတော့….
မုန့်ဟင်းခါးလေး စားချင်တယ်။ မုန့်ဟင်းခါးကို အသုပ်လိုလေး စားချင်တယ်။
အဲ့ဒါလေး ဝယ်စားမယ်။ တကယ့်ကို စိတ်မကောင်းဘူးဗျာ…
တကိုယ်လုံး bed sore တွေ ဖြစ်နေတယ်။
ခြေထောက်က ပြန်ဆန့်လို့ မရတော့ဘူး။
နေရတာ ဘုန်းကြီးကျောင်း တခုရဲ့ ကျောင်းအောက်မှာ နေရတယ်.။
ကြွက်တွေ အမှိုက်တွေနဲ့ တကယ့်ကို အဆင်မပြေဘူး။
အဖွားရယ်…ကျနော် ထပ်လာခဲ့ပါအူံးမယ်။
အဖွားတွက် အဖွား မွေးစားသမီးထံ… စောင် ခေါင်အုံး ခြင်ထောင်တွေ ထားပေးခဲ့တယ်။
ဆန် ဆီ စားစရာတွေလဲ ပေးခဲ့တယ်။ အဖွားကို အကုန်လဲပေးလိုက်ပါလို့ မှာခဲ့ပါတယ်။
အော်…အသက်ရှည်စွာ နေထိုင်ရသောလဲ… ဘဝရဲ့ နေဝင်ချိန်မှာ
ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်သန်းနေရတဲ့ အဖိုးအဖွားတွေများစွာ ရှိနေပါလား။
င်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ ဖုန်း 09-5408437 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်နော်…
Zawgyi
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက