အဖွား…အိမ်ပိုင်လေးမှာ…ခေါင်းချနိုင်ပြီပေါ့နော်

အဖွား အသက် (၇၄)နှစ်စိတ်ဝေဒနာသည် မြေးလေးနှင့် နေပါတယ်။
သားသမီး (၈)ယောက်ရှိပါတယ်။ တယောက်မှ မကြည့်ပါ။
အဖွား အိမ်လစာ တလ (၃)သောင်း နှင့် မီးဖိုး (၁)သောင်း ပေးရပါတယ်တဲ့…..
အကြွေးက (၂)သိန်းလောက်ရှိပါတယ်။ (၁)သောင်းကို နေ့ပြန်တိုး (၃၀၀၀)ကျပ်ပေးရပါတယ်တဲ့
တခါတလေ ရောင်းရသမျှ…အကြွေး အိမ်လခ ပေးရတာနဲ့…

ထမင်းမစားရတဲ့ ရက်တွေ ရှိပါတယ်။ သားရယ်…
မသေထမင်း မသေဟင်းလေး စားပြီ အသက်ရှင်နေရတာပါ။
သွားတုန်းကတော့…. ရေသန့်ဗူး အားပေးမလို့ပါ။
ရောက်သွားတော့…..အဖွားက ငိုပြီ ပြောပြရှာတယ်။
သားရယ်…အဖွားတို့က သိပ်မကြာခင် လမ်းဘေးရောက်တော့မှာ

အိမ်ရှင်ကလဲ ရောင်းတော့မှာတဲ့…ရောင်းရင် အဖွားတို့ ဆင်းရမှာ
အဖွား ညတိုင်းစိတ်အေးလက်အေးအိပ်ရဘူး…အဖွားမှာ အကြွေးတွေက မီးလိုတောက်လောင်နေရပါတယ်။
အင်း…လာ ထ အဖွား…အဖွား အိမ်သွားကြည့်ချင်တယ် ဗျာ…
သားလိုက်လို့ရမလား ?? ရတာပေါ့ သားရယ်….
အိမ်ရှင်နဲ့ တွေ့ စကားပြောပြီ။

အဖွားကို အဖွားနာမည်နဲ့ စာချုပ်ချုပ်ပြီး…ဝယ်ပေးလိုက်ပါပြီ။
အဖွား မှာ ပျော်လို့ မျက်ရည်တွေနဲ့ ဖက်ပြီ ငိုရှာတယ်။
သားရယ်…အဖွား တသက် အိမ်ပိုင်ရမယ်လို့ တခါမှ မမျှော်လင့်ရဲဘူး။
အိမ်မက်တောင် မမက်ခဲ့ဘူး။
ခု ဒီအိမ်က အဖွား အိမ်ကြီး ဖြစ်သွားပြီဆိုတော့…

အဖွား စိတ်အေးလက်အေး…အိမ်ပိုင်လေးမှာ ခေါင်းချနိုင်ပြီပေါ့နော်
အဖွား လမ်းဘေး မရောက်တော့ဘူး။
ဒါပေါ့ အဖွားရဲ့ ဒါ အဖွားအိမ်ဖြစ်သွားပြီ။ အိမ်စာချုပ်လေး သေချာ သိမ်းထားနော် အဖွား
ကျေးဇူးတင်ပါတယ် သားရယ်…အဖွားရဲ့ သားမြေးလေး အဖြစ်နေပေးပါနော်…
ဒါပေါ့…သားက အဖွားရဲ့သားပဲ…အမြဲ အဖွားရဲ့ သားနော်

(ကျနော်နှင့်အတူ ပူပေါင်းကူညီလှူဒါန်းပေးကြတဲ့ (၇)ရက်သားသမီးများအား…အဖွားကိုယ်စား ကျေးဇူးတင်ရှိပါတယ်)
အော်…အဖွားရယ်…ခုတော့ လုံခြုံသွားပါပြီ။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ ဖုန်း 09-5408437 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်နော်…

Zawgyi

အဖြား အသက္ (၇၄)ႏွစ္စိတ္ေဝဒနာသည္ ေျမးေလးႏွင့္ ေနပါတယ္။
သားသမီး (၈)ေယာက္ရွိပါတယ္။ တေယာက္မွ မၾကည့္ပါ။
အဖြား အိမ္လစာ တလ (၃)ေသာင္း ႏွင့္ မီးဖိုး (၁)ေသာင္း ေပးရပါတယ္တဲ့…..
အေႂကြးက (၂)သိန္းေလာက္ရွိပါတယ္။ (၁)ေသာင္းကို ေန႔ျပန္တိုး (၃၀၀၀)က်ပ္ေပးရပါတယ္တဲ့
တခါတေလ ေရာင္းရသမွ်…အေႂကြး အိမ္လခ ေပးရတာနဲ႔…

ထမင္းမစားရတဲ့ ရက္ေတြ ရွိပါတယ္။ သားရယ္…
မေသထမင္း မေသဟင္းေလး စားၿပီ အသက္ရွင္ေနရတာပါ။
သြားတုန္းကေတာ့…. ေရသန႔္ဗူး အားေပးမလို႔ပါ။
ေရာက္သြားေတာ့…..အဖြားက ငိုၿပီ ေျပာျပရွာတယ္။
သားရယ္…အဖြားတို႔က သိပ္မၾကာခင္ လမ္းေဘးေရာက္ေတာ့မွာ

အိမ္ရွင္ကလဲ ေရာင္းေတာ့မွာတဲ့…ေရာင္းရင္ အဖြားတို႔ ဆင္းရမွာ
အဖြား ညတိုင္းစိတ္ေအးလက္ေအးအိပ္ရဘူး…အဖြားမွာ အေႂကြးေတြက မီးလိုေတာက္ေလာင္ေနရပါတယ္။
အင္း…လာ ထ အဖြား…အဖြား အိမ္သြားၾကည့္ခ်င္တယ္ ဗ်ာ…
သားလိုက္လို႔ရမလား ?? ရတာေပါ့ သားရယ္….
အိမ္ရွင္နဲ႔ ေတြ႕ စကားေျပာၿပီ။

အဖြားကို အဖြားနာမည္နဲ႔ စာခ်ဳပ္ခ်ဳပ္ၿပီး…ဝယ္ေပးလိုက္ပါၿပီ။
အဖြား မွာ ေပ်ာ္လို႔ မ်က္ရည္ေတြနဲ႔ ဖက္ၿပီ ငိုရွာတယ္။
သားရယ္…အဖြား တသက္ အိမ္ပိုင္ရမယ္လို႔ တခါမွ မေမွ်ာ္လင့္ရဲဘူး။
အိမ္မက္ေတာင္ မမက္ခဲ့ဘူး။
ခု ဒီအိမ္က အဖြား အိမ္ႀကီး ျဖစ္သြားၿပီဆိုေတာ့…

အဖြား စိတ္ေအးလက္ေအး…အိမ္ပိုင္ေလးမွာ ေခါင္းခ်ႏိုင္ၿပီေပါ့ေနာ္
အဖြား လမ္းေဘး မေရာက္ေတာ့ဘူး။
ဒါေပါ့ အဖြားရဲ႕ ဒါ အဖြားအိမ္ျဖစ္သြားၿပီ။ အိမ္စာခ်ဳပ္ေလး ေသခ်ာ သိမ္းထားေနာ္ အဖြား
ေက်းဇူးတင္ပါတယ္ သားရယ္…အဖြားရဲ႕ သားေျမးေလး အျဖစ္ေနေပးပါေနာ္…
ဒါေပါ့…သားက အဖြားရဲ႕သားပဲ…အၿမဲ အဖြားရဲ႕ သားေနာ္

(က်ေနာ္ႏွင့္အတူ ပူေပါင္းကူညီလႉဒါန္းေပးၾကတဲ့ (၇)ရက္သားသမီးမ်ားအား…အဖြားကိုယ္စား ေက်းဇူးတင္ရွိပါတယ္)
ေအာ္…အဖြားရယ္…ခုေတာ့ လုံၿခဳံသြားပါၿပီ။
ဆင္းရဲႏြမ္းပါး အဖိုးအဖြားမ်ားအတြက္ အတူအကြ ပူးေပါင္း ကူညီလႉဒါန္းလိုပါက
ကိုပူတူးႏွင့္ေဘာ္ဒါမ်ား ဖုန္း 09-5408437 သို႔ဆက္သြယ္လႉဒါန္းႏိုင္ပါတယ္ေနာ္…