ပင်စင်ယူခါနီးမှာ ပင်စင်မပေးချင်လို့ လူပိုအနေနဲ့ ဖြုတ်ချခံလိုက်ရတဲ့ အသက် (၈၃)နှစ်အရွယ် အဖိုးရဲ့အဖြစ်
အဖိုး အသက် (၈၃)နှစ်၊ အဖွားတော့ သေချာ မမေးမိလိုက်ဘူး။
သား နဲ့ သမီး တယောက်စီ ရှိပါတယ်။
သမီး အကြီးတော့ အဆင်မပြေဘူးတဲ့
သား အငယ်လေးကျ စိတ်ဝေဒနာသည်ပါ။
အဖိုးက အရင် အစိုးရ ဝန်ထမ်းဟောင်းပါ။
ပင်စင်ယူခါနီးမှာ ပင်စင် မပေးချင်လို့ လူပိုအနေနဲ့ ဖြုတ်ချလိုက်တယ်တဲ့…
အဖိုး ဘဝက (၆၅)နှစ်တည်း သေသွားပြီ သားရယ်
အဖိုး တသက်လုံး ပေးဆပ်လာသမျှ…အရမ်းခံစားရတယ်။
အဲ့တည်းက အဖိုးဘဝက သေနေခဲ့ပြီ။ ခု လေဖြတ်သွားတော့…
အဖိုး ဘဝ လုံးလုံး ရှင်လျက်နဲ့ သေသွားပြီ။ (အဖိုး ငိုနေလိုက်တာ ဗျာ )
အဖိုး လေဖြတ်တာ (၂)လကျော််ရှိပါပြီတဲ့…နေတာကလဲ အရှေ့ဒဂုံဘက်မှာ…
စားဝတ်နေရေးလဲ အဆင်မပြေတော့…ဆေးမကုနိုင်ဘူး သားရယ်
အဖွားတို့ ခုဆို အဖိုးကို ဦးသာရင် ဆေးလေးပဲ ဝယ်လူးပေးနေရတာပါ။
ခု အဆင်မပြေတော့…အဖိုးကို မလိမ်ပေးနိုင်ဘူး။
အစာလဲ မဝင်တော့ဘူး။ ဆန်ပြုတ်ကျဲလေးပဲ သောက်ဝင်တော့တယ်။
အဖိုးကတော့ ငိုပြီ ပြောရှာတယ်။`သူ့ ဘဝကတော့ အရင်တည်းက သေနေခဲ့ပါပြီတဲ့’ 😥
အဖိုးရယ်…အားမငယ်ပါနဲ့ သားတို့လဲ ရောက်လာပြီလေနော်…
ရော့ အဖိုး 100,000 Ks….အဖိုး လိုတာ သုံးနော်…
ကျေးဇူးတင်လိုက်တာ သားရယ်….သား ကျေးဇူး အဖိုး…ဘဝဆက်တိုင်း ဆပ်ပါရစေဆိုပြီ ဆုတောင်းနေပါ့မယ်(အသံတွေ တုန် ငိုပြီ ပြောရှာတယ်)
ရပါတယ် အဖိုးရာ…မဟုတ်တာ
အဖွားကတော့….အဖိုးကို ဆေးလေး ဝယ်လူးပေးလို့ ရပါပြီတဲ့…
အဖိုးက…သားရယ် အဖိုးထံ ပြန်လာခဲ့အုံးနော်…အဖိုး မျှော်နေမယ်နော်တဲ့
စိတ်ချပါ အဖိုး…ရောက်အောင်လာခဲ့ပါ့မယ်နော်…
(အဖိုး ဦးနှောက် CT ဓာတ်မှန်ရိုက်ဖို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက်ကူညီပေးလို့လဲ ရပါတယ်နော်)
အော်…ကျနော်တို့အတွက် မနက်စာ စားတဲ့ ပိုက်ဆံလေးက…
တကယ်လိုအပ်နေတဲ့ အဖိုးအဖွားတွေတွက် အရမ်းတန်ဖိုးရှိနေပါလား…
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ ဖုန်း 09-5408437 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်နော်…
Zawgyi
အဖိုး လေဖြတ်တာ (၂)လကျော်ရှိပါပြီတဲ့…နေတာကလဲ အရှေ့ဒဂုံဘက်မှာ…