သား သူများတွေလို…လမ်းလျှောက်ချင်တာ ကိုကြီး

အသက် (၂၁)နှစ်…ဆိုင်ကယ် နဲ့ ကား တိုက်မိပြီ…ခါးရိုးထိခိုက်မိသွားတယ်။
မိသားစုမှလဲ အဆင်မပြေ… ကျနော့်ဆီ ဖုန်းဆက်သွယ်လာပါတယ်။
ကိုပူတူးလား ဟင်…ကျမ သားလေးက ဆရာ့ဆီ ဖုန်းဆက်ခိုင်းလို့ပါ။
ဟုတ်ကဲ့ ပြောပါ…..သားလေးက ကိုကြီး ပူတူးဆီကို ဖုန်းဆက်ပေးပါ…
ရအောင်ဆက်ပေးပါဆိုပြီ ခဏ ခဏ ပူဆာလို့ ကျမတို့ ဖုန်းဆက်ပေးတာပါ။

ဟုတ်…ပြောပါ…သားလေးက ဆိုက်ကယ်နဲ့ကား တိုက်ပြီ အောက်ပိုင်း ထိခိုက်သွားတယ်။
လမ်းလဲ မလျှောက်နိုင်တော့ပါဘူး။ ဒါပေမဲ့ သူ လမ်းအရမ်း လျှောက်ချင်တယ်တဲ့…
ကျမတို့ကို လေးချောင်းထောက်တဲ့ လမ်းလျှောက်ကူပေးတဲ့ ပစ္စည်းလေး ဝယ်ခိုင်းတယ်။
ကျမတို့လဲ မတတ်နိုင်ပါဘူး။ အိမ်လဲ ငှါးနေရတာ…ကလေး ဆေးစရိတ်တွေနဲ့လဲ အဆင်မပြေပါဘူး။
ဒါမဲ့ သားလေးက အရမ်း တက်ကြွနေပြီ…လမ်းအမြန် ပြန်လျှောက်ချင်တယ်ပဲ ပြောနေလို့…ဆရာ့ဆီကိုပဲ

ph ဆက်ခိုင်းနေလို့ ဖုန်းဆက်ကြည့်တာပါ။ ဟုတ်ကဲ့ ကျနော် လာခဲ့ပါ့မယ်။
ရောက်သွားတော့…တကယ့်ကို ထိခိုက်ထားပါတယ်။
ဆရာတော် တပါးမှ လှူပေးတဲ့ ဝှီးချဲခုံလေး တွေ့တော့…
`ညီလေး အဲ့ ဝှီးချဲလေးနဲ့ သွားပါလား’
မသွားချင်ဘူး ကိုကြီး…အဲ့လိုကြီး မထိုင်ချင်ဘူး…ညီလေး လမ်းပဲ လျှောက်ချင်တာ

`အင်း…ညီလေးက လမ်းအရမ်းလျှောက်ချင်နေတာလား…
အရမ်း တက်ကြွနေတယ် ဝမ်းသာတယ်’
ညီလေး သူများတွေလို လမ်းပြန်လျှောက်ချင်တယ်။
ဘယ်လိုပဲ လျှောက်ရ လျှောက်ရ ရအောင် ပြန်လျှောက်မယ်။
`Ok… ကောင်းပြီ ငါ့ညီ ဆန္ဒကို ဖြည့်ဆည်းပေးမယ်။ ကိုကြီး ကားထဲမှာ သွားယူပေးမယ်’

ဟာ…တကယ်လား… ကိုကြီးဆီမှာ ပါလာတာလား…
`တကယ်ပေါ့…ငါ့ညီရဲ့…ခဏစောင့်’
ဟာ…တကယ်ကြီး…ကျနော် ခုပဲ ထလျှောက်ကြည့်မယ်…ရအောင် ရပ်မယ်။
`ကောင်းပြီကွာ…တွဲထားပေးမယ် ရပ်ကြည့်’
သူ ရပ်ကြည့်ပြီ…ပျော်နေရှာတယ်…ပြီတော့ ကျေးဇူးတင်ကြောင်းတွေ ထပ်နေတယ်။

အော်…ပြန်မကောင်းနိုင်တော့တာ သိနေပေမဲ့…လူငယ်တယောက်ရဲ့ ဖြစ်ချင်တဲ့
အိမ်မက်လေး ဆန္ဒလေးကို လျစ်လျူမရှူနိုင်ဘူး။
ကျနော်လဲ… လူငယ်တယောက်မလို့ပါ။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ ဖုန်း 09-5408437 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်နော်…

Zawgyi

အသက္ (၂၁)ႏွစ္…ဆိုင္ကယ္ နဲ႔ ကား တိုက္မိၿပီ…ခါး႐ိုးထိခိုက္မိသြားတယ္။
မိသားစုမွလဲ အဆင္မေျပ… က်ေနာ့္ဆီ ဖုန္းဆက္သြယ္လာပါတယ္။
ကိုပူတူးလား ဟင္…က်မ သားေလးက ဆရာ့ဆီ ဖုန္းဆက္ခိုင္းလို႔ပါ။
ဟုတ္ကဲ့ ေျပာပါ…..သားေလးက ကိုႀကီး ပူတူးဆီကို ဖုန္းဆက္ေပးပါ…
ရေအာင္ဆက္ေပးပါဆိုၿပီ ခဏ ခဏ ပူဆာလို႔ က်မတို႔ ဖုန္းဆက္ေပးတာပါ။

ဟုတ္…ေျပာပါ…သားေလးက ဆိုက္ကယ္နဲ႔ကား တိုက္ၿပီ ေအာက္ပိုင္း ထိခိုက္သြားတယ္။
လမ္းလဲ မေလွ်ာက္ႏိုင္ေတာ့ပါဘူး။ ဒါေပမဲ့ သူ လမ္းအရမ္း ေလွ်ာက္ခ်င္တယ္တဲ့…
က်မတို႔ကို ေလးေခ်ာင္းေထာက္တဲ့ လမ္းေလွ်ာက္ကူေပးတဲ့ ပစၥည္းေလး ဝယ္ခိုင္းတယ္။
က်မတို႔လဲ မတတ္ႏိုင္ပါဘူး။ အိမ္လဲ ငွါးေနရတာ…ကေလး ေဆးစရိတ္ေတြနဲ႔လဲ အဆင္မေျပပါဘူး။
ဒါမဲ့ သားေလးက အရမ္း တက္ႂကြေနၿပီ…လမ္းအျမန္ ျပန္ေလွ်ာက္ခ်င္တယ္ပဲ ေျပာေနလို႔…ဆရာ့ဆီကိုပဲ

ph ဆက္ခိုင္းေနလို႔ ဖုန္းဆက္ၾကည့္တာပါ။ ဟုတ္ကဲ့ က်ေနာ္ လာခဲ့ပါ့မယ္။
ေရာက္သြားေတာ့…တကယ့္ကို ထိခိုက္ထားပါတယ္။
ဆရာေတာ္ တပါးမွ လႉေပးတဲ့ ဝွီးခ်ဲခုံေလး ေတြ႕ေတာ့…
`ညီေလး အဲ့ ဝွီးခ်ဲေလးနဲ႔ သြားပါလား’
မသြားခ်င္ဘူး ကိုႀကီး…အဲ့လိုႀကီး မထိုင္ခ်င္ဘူး…ညီေလး လမ္းပဲ ေလွ်ာက္ခ်င္တာ

`အင္း…ညီေလးက လမ္းအရမ္းေလွ်ာက္ခ်င္ေနတာလား…
အရမ္း တက္ႂကြေနတယ္ ဝမ္းသာတယ္’
ညီေလး သူမ်ားေတြလို လမ္းျပန္ေလွ်ာက္ခ်င္တယ္။
ဘယ္လိုပဲ ေလွ်ာက္ရ ေလွ်ာက္ရ ရေအာင္ ျပန္ေလွ်ာက္မယ္။
`Ok… ေကာင္းၿပီ ငါ့ညီ ဆႏၵကို ျဖည့္ဆည္းေပးမယ္။ ကိုႀကီး ကားထဲမွာ သြားယူေပးမယ္’

ဟာ…တကယ္လား… ကိုႀကီးဆီမွာ ပါလာတာလား…
`တကယ္ေပါ့…ငါ့ညီရဲ႕…ခဏေစာင့္’
ဟာ…တကယ္ႀကီး…က်ေနာ္ ခုပဲ ထေလွ်ာက္ၾကည့္မယ္…ရေအာင္ ရပ္မယ္။
`ေကာင္းၿပီကြာ…တြဲထားေပးမယ္ ရပ္ၾကည့္’
သူ ရပ္ၾကည့္ၿပီ…ေပ်ာ္ေနရွာတယ္…ၿပီေတာ့ ေက်းဇူးတင္ေၾကာင္းေတြ ထပ္ေနတယ္။

ေအာ္…ျပန္မေကာင္းႏိုင္ေတာ့တာ သိေနေပမဲ့…လူငယ္တေယာက္ရဲ႕ ျဖစ္ခ်င္တဲ့
အိမ္မက္ေလး ဆႏၵေလးကို လ်စ္လ်ဴမရႉႏိုင္ဘူး။
က်ေနာ္လဲ… လူငယ္တေယာက္မလို႔ပါ။
ဆင္းရဲႏြမ္းပါး အဖိုးအဖြားမ်ားအတြက္ အတူအကြ ပူးေပါင္း ကူညီလႉဒါန္းလိုပါက
ကိုပူတူးႏွင့္ေဘာ္ဒါမ်ား ဖုန္း 09-5408437 သို႔ဆက္သြယ္လႉဒါန္းႏိုင္ပါတယ္ေနာ္…