သာယာပြီး လည်ပတ်ချင်စရာကောင်းတဲ့ ကမ္ဘာ့ပုံစံအကျဆုံးနှင့် အပြီးပြည့်စုံဆုံးပုံစံရှိတဲ့ ခံတပ်မြို့
အီတလီရှိ Palmanova ဟုခေါ်တဲ့ လှပတဲ့ဒီမြို့တစ်မြို့မှာ သမိုင်း၊ဇာတ်ကောင်နှင့် အံ့ဩဖွယ် ဇာတ်လမ်း များစွာရှိနေပါတယ်။ ဒီမြို့ရဲ့ပုံစံကUtopia ဆိုတဲ့စာအုပ်ကို inspire ယူထားခဲ့ပြီးUtopiaစာအုပ်ကိုရေးတဲ့ Sir Thomas More က ဒီစိတ်ကူးတွေကိုစတင်ခဲ့တာပါ။
၎င်းစာအုပ်က မြို့တစ်မြို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်နဲ့ အဲဒီမြို့မှာ နေထိုင်တဲ့ လူတွေရဲ့ဘဝတွေကို အဓိက ဖော်ပြထားပါတယ်။ Sir Thomas More ရဲ့စာအုပ်ကစာပေလောကကို မီးတောက်စေခဲ့ပြီး သူဟာ အလား တူသဘောသဘာဝ တူသော အခြားစာအုပ်များစွာကိုလည်းအတိုချုံးရေးထားခဲ့ပါတယ်။
ထို့ကြောင့် ဒီမြို့ရှိနေထိုင်သူအားလုံး ဟာ အဓိက ဆောင်ပုဒ်ဖြစ်သည့် သာတူညီမျှမှုကို လိုက်နာခဲ့ကြပြီး လူတိုင်းမှာ တူညီတဲ့ ကြွယ်ဝမှု၊ လေးစားမှု နဲ့ ဘဝအတွေ့အကြုံများစွာလည်း ရှိနေကြပါတယ်။ Palmanova တစ်မြို့လုံးဟာ ၎င်း၏ ဗဟိုခံတပ် သို့မဟုတ် ခံတပ်အစီအစဥ်နှင့် ကြယ်ခံတပ်ဟု အမည်တွင်တာကြောင့် ကျော်ကြားပါတယ်။ Palmanova ဟာ
ခေတ်ဆန်းချိန်အတွင်း အီတလီမှာ တည်ဆောက်ခဲ့တဲ့မြို့ဖြစ်ပြီး Utopia ၏ စံနှုန်း များအတိုင်း တည်ဆောက်ထားတဲ့မြို့လည်းဖြစ်ပါတယ်။ ၎င်းဟာ ပင်မစစ်တပ်များ ဖြာထွက် နေသော လမ်းများတွင် ကိုးထောင့်ကွင်းလမ်းသုံးလမ်းဖြင့် လမ်းဆုံရှိပြီး
ကြယ်ပုံသဏ္ဍာန်ရှိသော အချက်အချာကျ မြို့တစ်မြို့လည်းဖြစ်ပါတယ်။ ထို့ပြင်ခေတ်ဆန်းသစ်ကာလ မှာလူ့အဖွဲ့အစည်းတစ်ခုအနေနှင့်ရော မြို့ အဖြစ်ရော Utopia ၏ အယူအဆများစွာပေါ်ထွက်ခဲ့ပြီး Palmanova ဟာ ၎င်း၏ လူ့ အဖွဲ့အစည်း တစ်ခုလုံးတွင် ပြီးပြည့်စုံသောနေရာတစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။
၎င်းမြို့ရဲ့ပုံသဏ္ဍာန်ဟာ ယနေ့ ခေတ် ဘာသာရေးကို ရောင်ပြန်ဟပ်သော စကြာဝဠာဆိုင်ရာ အယူအဆ များမှဆင်းသက်လာပြီး ဂျီသြမေတြီအားလုံး၏ ပြီးပြည့်စုံဆုံးဟုလည်း ယူဆရပါတယ်။ ခံတပ်မြို့မှာ မြို့ကိုဝန်းရံထားတဲ့ ကျူံးလမ်းကြောင်း ၉ ခုနှင့် ခံတပ် ၉ ခုတို့ပါရှိပြီး နေထိုင်သူဦးရေ ၅၄၀၀ခန့်ရှိသလို
၅ စတုရန်းမိုင်ခန့်သာ ကျယ်ဝန်းပါတယ်။ သို့ပေမယ့် ၎င်းမြို့လေးမှာ ရာဇ၀တ်မှုနည်းပြီး ဆင်းရဲမွဲတေမှု တွေလည်း မရှိ သလောက်ပါပဲ။ ထို့ပြင် ၎င်းမြို့ငယ် လေးဟာ သူ့နေရာနဲ့သူ ဆွဲဆောင်မှုများစွာ ရှိနေဆဲ ဖြစ်သလိုအပြီး ပြည့်စုံဆုံးပုံစံရှိတဲ့မြို့အဖြစ် ကျော်ကြားပြီး လည်ပတ်စရာနေရာကောင်းတစ်ခုလည်း ဖြစ်နေဆဲ ဖြစ်ပါတယ်။
Zawgyi