မင်္ဂလာနှစ်ပတ်လည်တစ်နှစ်လဲပြည့်ရော ဘောလုံးဘောင်းဘီနဲ့ တောထဲရောက်နေကြတယ်ဆိုတဲ့ သရုပ်ဆောင် အောင်မြင့်မြတ်ဇနီးမောင်နှံ
ဥပါတံမျဉ်ရုပ်ရုပ်ဇာတ်ကားထဲကသိန်းစိုးဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ရင်ထဲကိုစတင်ရောက်ရှိခဲ့တဲ့ အောင်မြင့်မြတ် ကတေ့ာ ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှု့ကိုအခိုင်အမာရရှိထားတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။
အောင်မြင့်မြတ် ကတော့ နားလည်မှု့ရှိတဲ့ Relationship တစ်ခုကို ပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ် ပါတယ်။ ‌သူကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တာ ကြောင့် စစ်ကောင်စီဘက်ကနေ ပုဒ်မ ၅၀၅ (က)နဲ့တရားစွဲဆိုခံထားရပြီးနောက်
လက်ရှိမှာလွတ်မြောက် နယ်မြေမှာရောက်ရှိနေတာပဲဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ အောင်မြင့်မြတ်ကတော့ သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည် တောထဲမှာပဲ တစ်နှစ်ပြည့်သွားတဲ့ အကြောင်းလေးကို ချစ်စဖွယ် ပုံလေးနဲ့အတူ သူ့ရဲ့ဖေ့ဘွတ်မှာရေးသားထားပါတယ်။
ရိုးသားကြိုးစားတဲ့ သဘာဝမင်းသား တစ်ယောက် ဖြစ်တဲ့အောင်မြင့်မြတ် ကတော့ ” 20.12.20 မှာ မင်္ဂလာဆောင်တယ်..မညားခင်တော့ ညားပြီးရင် ဘယ်လို ထားမယ် ညာလိုထားမယ်။ ဟိုဟာ ဝယ်ပေးမယ် ဒီဟာဝယ်ပေးမယ် ပေါ့.. ဒီနေ့ 20.12.21 မှာ တစ်နှစ်လဲ ပြည့်ရော ဘောလုံးဘောင်းဘီနဲ့ တောထဲရောက်နေကြပြီ။ သူကလဲ ဘာမှမပြောပါဘူး။
ကောက်ကောက် နောက်ကို ကောက်ကောက်ပါအောင်လိုက်လာတာပါပဲ.. မင်္ဂလာပွဲက ရိုက်ထားတဲ့ ဓာတ်ပုံတွေတောင်စုံ အောင် မတင်လိုက်ရပါဘူး။ မကျေနပ်ချက်တွေ နာတဲ့စိတ်တွေနဲ့ ထွက်လာကြတာ မင်္ဂလာဆောင်ပြီးတာ တောင် တစ်နှစ်ပြည့်သွားပါရော…
နောက်ပိုင်း နှစ်နှစ်ပြည့် သုံးနှစ်ပြည့် အထိမ်းအမှတ်တွေကျရင်တော့ ဘယ်လိုပုံတွေတင်ဖြစ်မလဲဆိုပြီး ရင်ခုန်မိပါသေးတယ်” ရေးသားထားပါတယ်။ တော်တော်ချစ်ကြတဲ့ အေးအတူပူအမျှအလွန်လိုက်ဖက်တဲ့ လေးစားစရာဇနီးမောင်နှံလေးပါပဲနော်…
ခ.က်ခဲကြ.မ်းတ.မ်းတဲ့တောထဲမှာတော်လှန်ရေးတို.က်ပွ.ဲအတွက်နေထိုင်ကြသူအားလုံးလည်းလေးစားစရာကောင်းလွန်းပါတယ်။အောင်မြင်‌တွေရရှိ‌နေပြီဖြစ်တဲ့တက်သစ်စမင်းသားလေးဟာနှောင်ကြိုး‌တွေဖြတ်ကာလွတ်မြောက်နယ်မြေမှာအခ.က်အခဲ‌တွေကြားကနေရု.န်းကန်ရ.င်း စိတ်အားတက်ကြွစွာနဲ့ကြိုးစားနေ တာ တွေရပါတယ်။
ပရိသတ်တွေနဲ့ တစ်ေ.သွးတည်းတစ်သားတည်းရပ်တည်နေကြတဲ့ အနုပညာရှင် တွေအားလုံး ‌ဂုဏ်ယူ စရာကောင်းပါတယ်။ စာဖတ်သူအပေါင်း ကျန်းမာ ချမ်းသာကြပါစေ ဘေးဘယာဝေးကွာပြီး လိုရာ ပန်းတိုင်ကို အမြန်ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Zawgyi
ဥပါတံမျဉ်ရုပ်ရုပ်ဇာတ်ကားထဲကသိန်းစိုးဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ရင်ထဲကိုစတင်ရောက်ရှိခဲ့တဲ့ အောင်မြင့်မြတ် ကတော့ ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှု့ကိုအခိုင်အမာရရှိထားတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။