အမျိုးသမီးအတွင်းခံကို mark အဖြစ် လေယာဉ်ပေါ်မှာ အသုံးပြုခဲ့တဲ့ အမျိုးသားတစ်ဦးကို လေယာဥ်ပေါ်မှ နှင်ထုတ်လိုက်တဲ့ လေကြောင်းလိုင်း

မကြာသေးမီကAdam Jenneအမည်ရှိအမျိုးသားဟာလေယာဉ်စီးနေစဉ်အတွင်း အမျိုးသမီးအတွင်းခံ ကိုမျက်နှာဖုံးအဖြစ်အသုံးပြုခဲ့တာကြောင့် United Airlines က သူ့အား ပျံသန်းခွင့်မပြုခဲ့ကြောင်း ပြန် ပြောပြခဲ့ပါတယ်။

အမေရိကန် Florida ပြည်နယ် Cape Coral မြို့မှ အဆိုပါ Adam Jenne အမည်ရှိအမျိုးသားက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ Washington မြို့သို့သွားမည့် Fort Lauderdale လေဆိပ်မှ United Airlines လေကြောင်းလိုင်းဖြင့် လိုက်ပါသွားခဲ့ပါတယ်။

သို့ပေမဲ့ Adam Jenne ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လူအများစုအသုံးပြုခဲ့တဲ့ mark ကို တပ်ဆင် ရမည့်အစား အနီရောင်တောက်တောက်အတွင်းခံဘောင်းဘီကို mark အဖြစ်တပ်ထားရန် ဆုံးဖြတ်လိုက် ပါတယ်။

ထို့နောက် United Airlines ရှိ လေယာဉ်အမှုထမ်းများက Adam နှင့် အငြင်းအခုံဖြစ်သွားခဲ့ပြီးနောက် Adam အား ကူးစက်ရောဂါပျံ့နှံ့မှုကို တိုက်ဖျက်ရာမှာကူညီပေးရန်အတွက် လေကြောင်းလိုင်းများ အားလုံးမှချမှတ်ထားတဲ့စည်းကမ်းများကို လိုက်နာရန်ငြင်းဆန်တဲ့အတွက်

United Airlines ဖြင့် လေယာဉ်ပျံသန်းခွင့်ကို တားမြစ်ပိတ်ပင်ခံခဲ့ရပါတယ်။” ဒါဟာ အဓိပ္ပာယ် လုံးဝမရှိ ဘူး၊ နောက်ပြီး ကျွန်တော်တို့ လေယာဉ်နဲ့အမြင့်မှာ ရှိနေတာကို ကူးစက်ရောဂါကမှ မသိတာ၊ မိုက်မဲလိုက် ကြတာ ” လို့ Adam က NBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ထို့ပြင် Adamကသူဟာထိုကဲ့သို့လေယာဉ်ပေါ်မှာအတွင်းခံဘောင်းဘီကို markလုပ်တပ်တာက ပထမဆုံး အကြိမ် မဟုတ်ကြောင်း၊ ယခင်က၎င်းကို အကြိမ်ပေါင်း နှစ်ဒါဇင်ခန့် ပြုလုပ်ခဲ့ဖူးပေမဲ့ အခုလိုအဖြစ်မျိုးနဲ့ မကြုံခဲ့ဖူးကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ထို့ပြင် Adam က သူဟာ ၎င်းလေကြောင်းလိုင်းရဲ့စည်းမျဥ်းစည်းကမ်းများကို လိုက်နာရန် ငြင်းဆန်မှု ကြောင့် လေယာဉ်မှ ထွက်ခွါခဲ့ရကြောင်းဆိုခဲ့ပြီး သူ့နဲ့ထိပ်တိုက်စကားပြောဆိုမှုအပြီးမှာ အခြားခရီးသည် များကပါ ပါဝင်လာခဲ့ပြီး အချို့မှာ သူ့နဲ့အတူ လေယာဉ်မှထွက်ခွာရန်ပင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ပြောပြခဲ့ပါတယ်။

လေယာဉ်မှထွက်ခွါခဲ့သူများမှာ ဒါဇင်နဲ့ချီခဲ့ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး United Airlines မှ ထုတ်ပြန်ချက်မှာ ၎င်း၏ဝန်ထမ်းများက ၎င်းအခြေအနေကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းပေးခဲ့သည့်အတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါတယ်။

ထို့ပြင် လေကြောင်းလိုင်းရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ” ဖောက်သည်က ဖယ်ဒရယ် မျက်နှာဖုံး လုပ်ပိုင် ခွင့်ကို လိုက်နာခြင်းမရှိကြောင်း ရှင်းရှင်းလင်းလင်းသိခဲ့ရပြီး၊ ကျွန်တော်တို့ရဲ့အဖွဲ့က လေယာဉ် ပျံသန်း ခြင်းမပြုမီမှာ မြေပြင်ရှိပြဿနာကို ဖြေရှင်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိပါတယ် ”လို့လည်း ပြောကြားခဲ့ပါတယ်။

Zawgyi

မၾကာေသးမီကAdam Jenneအမည္ရွိအမ်ိဳးသားဟာေလယာဥ္စီးေနစဥ္အတြင္း အမ်ိဳးသမီးအတြင္းခံ ကိုမ်က္ႏွာဖုံးအျဖစ္အသုံးျပဳခဲ့တာေၾကာင့္ United Airlines က သူ႔အား ပ်ံသန္းခြင့္မျပဳခဲ့ေၾကာင္း ျပန္ ေျပာျပခဲ့ပါတယ္။

အေမရိကန္ Florida ျပည္နယ္ Cape Coral ၿမိဳ႕မွ အဆိုပါ Adam Jenne အမည္ရွိအမ်ိဳးသားက ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၅ ရက္ေန႔မွာ Washington ၿမိဳ႕သို႔သြားမည့္ Fort Lauderdale ေလဆိပ္မွ United Airlines ေလေၾကာင္းလိုင္းျဖင့္ လိုက္ပါသြားခဲ့ပါတယ္။

သို႔ေပမဲ့ Adam Jenne ဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း လူအမ်ားစုအသုံးျပဳခဲ့တဲ့ mark ကို တပ္ဆင္ ရမည့္အစား အနီေရာင္ေတာက္ေတာက္အတြင္းခံေဘာင္းဘီကို mark အျဖစ္တပ္ထားရန္ ဆုံးျဖတ္လိုက္ ပါတယ္။

ထို႔ေနာက္ United Airlines ရွိ ေလယာဥ္အမႈထမ္းမ်ားက Adam ႏွင့္ အျငင္းအခုံျဖစ္သြားခဲ့ၿပီးေနာက္ Adam အား ကူးစက္ေရာဂါပ်ံ႕ႏွံ႔မႈကို တိုက္ဖ်က္ရာမွာကူညီေပးရန္အတြက္ ေလေၾကာင္းလိုင္းမ်ား အားလုံးမွခ်မွတ္ထားတဲ့စည္းကမ္းမ်ားကို လိုက္နာရန္ျငင္းဆန္တဲ့အတြက္

United Airlines ျဖင့္ ေလယာဥ္ပ်ံသန္းခြင့္ကို တားျမစ္ပိတ္ပင္ခံခဲ့ရပါတယ္။” ဒါဟာ အဓိပၸာယ္ လုံးဝမရွိ ဘူး၊ ေနာက္ၿပီး ကြၽန္ေတာ္တို႔ ေလယာဥ္နဲ႔အျမင့္မွာ ရွိေနတာကို ကူးစက္ေရာဂါကမွ မသိတာ၊ မိုက္မဲလိုက္ ၾကတာ ” လို႔ Adam က NBC သတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။

ထို႔ျပင္ Adamကသူဟာထိုကဲ့သို႔ေလယာဥ္ေပၚမွာအတြင္းခံေဘာင္းဘီကို markလုပ္တပ္တာက ပထမဆုံး အႀကိမ္ မဟုတ္ေၾကာင္း၊ ယခင္က၎ကို အႀကိမ္ေပါင္း ႏွစ္ဒါဇင္ခန႔္ ျပဳလုပ္ခဲ့ဖူးေပမဲ့ အခုလိုအျဖစ္မ်ိဳးနဲ႔ မႀကဳံခဲ့ဖူးေၾကာင္းလည္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ထို႔ျပင္ Adam က သူဟာ ၎ေလေၾကာင္းလိုင္းရဲ႕စည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာရန္ ျငင္းဆန္မႈ ေၾကာင့္ ေလယာဥ္မွ ထြက္ခြါခဲ့ရေၾကာင္းဆိုခဲ့ၿပီး သူ႔နဲ႔ထိပ္တိုက္စကားေျပာဆိုမႈအၿပီးမွာ အျခားခရီးသည္ မ်ားကပါ ပါဝင္လာခဲ့ၿပီး အခ်ိဳ႕မွာ သူ႔နဲ႔အတူ ေလယာဥ္မွထြက္ခြာရန္ပင္ ဆႏၵထုတ္ေဖာ္ခဲ့ၾကေၾကာင္း ေျပာျပခဲ့ပါတယ္။

ေလယာဥ္မွထြက္ခြါခဲ့သူမ်ားမွာ ဒါဇင္နဲ႔ခ်ီခဲ့ေၾကာင္းလည္း ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ အဆိုပါ ျဖစ္ရပ္ႏွင့္ ပတ္သက္ၿပီး United Airlines မွ ထုတ္ျပန္ခ်က္မွာ ၎၏ဝန္ထမ္းမ်ားက ၎အေျခအေနကို ေကာင္းမြန္စြာ ကိုင္တြယ္ေျဖရွင္းေပးခဲ့သည့္အတြက္ ဂုဏ္ယူမိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ထို႔ျပင္ ေလေၾကာင္းလိုင္းရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ” ေဖာက္သည္က ဖယ္ဒရယ္ မ်က္ႏွာဖုံး လုပ္ပိုင္ ခြင့္ကို လိုက္နာျခင္းမရွိေၾကာင္း ရွင္းရွင္းလင္းလင္းသိခဲ့ရၿပီး၊ ကြၽန္ေတာ္တို႔ရဲ႕အဖြဲ႕က ေလယာဥ္ ပ်ံသန္း ျခင္းမျပဳမီမွာ ေျမျပင္ရွိျပႆနာကို ေျဖရွင္းေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ရွိပါတယ္ ”လို႔လည္း ေျပာၾကားခဲ့ပါတယ္။