တာမွေ မှာနေတဲ့သူတွေအနေနဲ့ပိုပြီးသတိထားသင့်သည့်အကြောင်းရင်းပြောပြလာတဲ့ အဆိုတော်သားစိုး

မိခင် နေထိုင်ရာ တာမွေမြို့နယ်က အိမ်ကို နှစ်ချီပိတ်ထားတာကြာတဲ့အတွက် ဒီဇင်ဘာ လ ၁၈ ရက်နေ့မှာ အိမ်ခဏသွားရင်းသန့်ရှင်းရေးလုပ်နေချိန် သူခိုးကအိမ်ရှေ့ဧည့်ခန်းမှာ ထားထားတဲ့ ပိုက်ဆံအိတ်ထဲကငွေ ၂ သိန်းကျော်နဲ့ဖုန်း ၂ လုံးကိုခိုးသွားကြောင်းအဆိုတော်သားစိုးကပြောပါတယ်။

အဆိုတော်သားစိုးက “မနေ့ နေ့လည် ၂ နာရီက သျှင်ပါကူဆေးခန်းဘေးကကျွန်တော် အမေ့အိမ်မှာ သူခိုး ဝင်ခိုးသွားပါတယ်။ လူရှိနေတုန်း ခိုးတာပါ။ အမေ့အခန်းက မြေညီထပ်ပါ။ သူအခိုးခံရပုံကလည်း တိုက်ဆိုင်လွန်းလို့ပါ။ အမေကအဲ့အိမ်မှာမနေတာ နှစ်ချီနေပါ​ပြီ။ ဒီအတိုင်းပိတ်ထားတာပါ။

အဖိုးတန်ပစ္စည်းလည်း ဘာမှမရှိ ပါဘူး။ မနေ့ကတော့ အိမ်ခဏသွားချင်တယ်၊ ဖုန်တက်တာတွေ သွားရှင်းချင်လို့ဆိုပြီး မသွားတာနှစ်ပေါက် နေတဲ့အိမ်ကို သွားပါတယ်။ မြေညီထပ်တိုက်ခန်းသော့ကို မခတ်ပဲ ချိတ်ရုံချိတ်ထားပြီး အခန်းထဲ ဝင်ရှင်း နေတဲ့ ၅ မိနစ်လောက်အတွင်းမှာပဲ

သူခိုးဟာ အိမ်ရှေ့ဧည်ခန်းမှာရှိတဲ့ ပိုက်ဆံအိတ်အကြီးထဲက ပိုက်ဆံ ထည့်ထားတဲ့ အိတ်အသေးနဲ့ ဝန်ထမ်း ၂ ယောက်ရဲ့ဖုန်းအဟောင်းလေး ၂ လုံးကို အမြန်မသွားပါတော့တယ်။ တိုက်ဆိုင်လိုက်တာများကွာ ဆိုသလိုပါပဲ။ မပြန်တာကြာတဲ့ အိမ်တံခါးဖွင့်အပြီး ၅ မိနစ်အတွင်း သူခိုး ဟာ

ဧည့်ခန်းက ပိုက်ဆံ ၂သိန်း၇သောင်းပါတဲ့အိတ်နဲ့ဖုန်း ၂ လုံးကို မသွားပါတော့တယ်။ အမေ့တိုက်ခန်း က သီးသန့်လမ်းကြားပါ။ လူဝင်လူထွက်နည်းပါတယ်။ ဒါတောင်ပါသွားသေးတော့ ကျန်တဲ့ နေရာတွေ ကျောက်မြောင်းဘက်တွေသတိထားစေချင်တာပါပဲ။

လမ်းထဲက မြင်မိသူတချို့ပြောတာကတော့ ဘောင်းဘီအဖြူနဲ့သန့်သန်ပြန့်ပြန့်ဝတ်ထားတဲ့ အမျိုးသမီး တစ်ဦးအမြန်ထွက်သွားတာ မြင်မိပါတယ်တဲ့။ သူခိုးတွေဟာသားသားနားနားဝတ်ပြီးခိုးနေကြတဲ့ပုံပါ။ ပုဂံမှာ လှူဖို့ထားတာလေးတွေပါသွားပါပြီတဲ့။

ဂရုစိုက်ကြပါနော် “လို့သူလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့ပါတယ်။ အဆိုတော် သားစိုးက အခုလိုအခိုးခံရတာနဲ့ ပတ်သက်ပြီး တခြားနေရာမှာနေတဲ့သူတွေ တာမွေ မှာနေတဲ့သူတွေအနေနဲ့ပိုပြီးသတိထားသင့်ကြောင်းပြောပြခဲ့ပါတယ်။

Zawgyi

မိခင္ ေနထိုင္ရာ တာေမြၿမိဳ႕နယ္က အိမ္ကို ႏွစ္ခ်ီပိတ္ထားတာၾကာတဲ့အတြက္ ဒီဇင္ဘာ လ ၁၈ ရက္ေန႔မွာ အိမ္ခဏသြားရင္းသန္႔ရွင္းေရးလုပ္ေနခ်ိန္ သူခိုးကအိမ္ေရွ႕ဧည့္ခန္းမွာ ထားထားတဲ့ ပိုက္ဆံအိတ္ထဲကေငြ ၂ သိန္းေက်ာ္နဲ႔ဖုန္း ၂ လုံးကိုခိုးသြားေၾကာင္းအဆိုေတာ္သားစိုးကေျပာပါတယ္။

အဆိုေတာ္သားစိုးက “မေန႔ ေန႔လည္ ၂ နာရီက သွ်င္ပါကူေဆးခန္းေဘးကကြၽန္ေတာ္ အေမ့အိမ္မွာ သူခိုး ဝင္ခိုးသြားပါတယ္။ လူရွိေနတုန္း ခိုးတာပါ။ အေမ့အခန္းက ေျမညီထပ္ပါ။ သူအခိုးခံရပုံကလည္း တိုက္ဆိုင္လြန္းလို႔ပါ။ အေမကအဲ့အိမ္မွာမေနတာ ႏွစ္ခ်ီေနပါ​ၿပီ။ ဒီအတိုင္းပိတ္ထားတာပါ။

အဖိုးတန္ပစၥည္းလည္း ဘာမွမရွိ ပါဘူး။ မေန႔ကေတာ့ အိမ္ခဏသြားခ်င္တယ္၊ ဖုန္တက္တာေတြ သြားရွင္းခ်င္လို႔ဆိုၿပီး မသြားတာႏွစ္ေပါက္ ေနတဲ့အိမ္ကို သြားပါတယ္။ ေျမညီထပ္တိုက္ခန္းေသာ့ကို မခတ္ပဲ ခ်ိတ္႐ုံခ်ိတ္ထားၿပီး အခန္းထဲ ဝင္ရွင္း ေနတဲ့ ၅ မိနစ္ေလာက္အတြင္းမွာပဲ

သူခိုးဟာ အိမ္ေရွ႕ဧည္ခန္းမွာရွိတဲ့ ပိုက္ဆံအိတ္အႀကီးထဲက ပိုက္ဆံ ထည့္ထားတဲ့ အိတ္အေသးနဲ႔ ဝန္ထမ္း ၂ ေယာက္ရဲ႕ဖုန္းအေဟာင္းေလး ၂ လုံးကို အျမန္မသြားပါေတာ့တယ္။ တိုက္ဆိုင္လိုက္တာမ်ားကြာ ဆိုသလိုပါပဲ။ မျပန္တာၾကာတဲ့ အိမ္တံခါးဖြင့္အၿပီး ၅ မိနစ္အတြင္း သူခိုး ဟာ

ဧည့္ခန္းက ပိုက္ဆံ ၂သိန္း၇ေသာင္းပါတဲ့အိတ္နဲ႔ဖုန္း ၂ လုံးကို မသြားပါေတာ့တယ္။ အေမ့တိုက္ခန္း က သီးသန႔္လမ္းၾကားပါ။ လူဝင္လူထြက္နည္းပါတယ္။ ဒါေတာင္ပါသြားေသးေတာ့ က်န္တဲ့ ေနရာေတြ ေက်ာက္ေျမာင္းဘက္ေတြသတိထားေစခ်င္တာပါပဲ။

လမ္းထဲက ျမင္မိသူတခ်ိဳ႕ေျပာတာကေတာ့ ေဘာင္းဘီအျဖဴနဲ႔သန႔္သန္ျပန႔္ျပန႔္ဝတ္ထားတဲ့ အမ်ိဳးသမီး တစ္ဦးအျမန္ထြက္သြားတာ ျမင္မိပါတယ္တဲ့။ သူခိုးေတြဟာသားသားနားနားဝတ္ၿပီးခိုးေနၾကတဲ့ပုံပါ။ ပုဂံမွာ လႉဖို႔ထားတာေလးေတြပါသြားပါၿပီတဲ့။

ဂ႐ုစိုက္ၾကပါေနာ္ “လို႔သူလက္ရွိအသုံးျပဳေနတဲ့လူမႈကြန္ယက္စာမ်က္ႏွာမွာေရးသားခဲ့ပါတယ္။ အဆိုေတာ္ သားစိုးကအခုလိုအခိုးခံရတာနဲ႔ ပတ္သက္ၿပီး တျခားေနရာမွာေနတဲ့သူေတြ တာေမြ မွာေနတဲ့သူေတြအေနနဲ႔ပိုၿပီးသတိထားသင့္ေၾကာင္းေျပာျပခဲ့ပါတယ္။