ရေသန့်ရောင်းတဲ့အဖွားအတွက် အိမ့်ချစ်ချောမှစုပေါင်းအလှူခံကာ လှူဒါန်းရန်ပြင်ဆင်

ပြည်လမ်းနဲ့ရှင်စောပုလမ်းထောင့်မီးပွိုင့်၊ ကုန်းတံတားအောက်မှာ ရေသန့်ရောင်းတဲ့ အဖွားကို လှူဒါန်းဖို့ အတွက် အိမ့်ချစ်ချောက ဦးဆောင်ကာ အလှူခံခဲ့ပြီး အခုဆိုရင်လှူဒါန်းဖို့အတွက် ပြင်ဆင်နေပြီလို့ သိရပါ တယ်။

ယခုလှူဒါန်းရန်ကိစ္စနဲ့ပတ်သက်ပြီး အိမ့်ချစ်ချောက သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ “ရေသန့်ရောင်းတဲ့ အဖွားအတွက်အလှူငွေပေါင်းကြည့်နေတာ .. ပျော်လိုက်တာ လှူပေးကြတဲ့ တစ်ယောက်ချင်းစီ တကယ် ချစ်တယ်။

အလှူငွေကများတော့ ဘယ်လိုလေးလှူရင်ကောင်းမလဲ ကူစဉ်းစားပေးကြပါဦး.. ငွေသားကြီးပဲ အကုန်ပေးဖို့ကတော့ အဖွားကိုစိတ်ပူလို့” လို့ ရေးသားဖော်ပြထားပါတယ်။

အဖွားဟာ ဒလမြို့နယ်မှာ ၁၃နှစ်အရွယ် မြေးဖြစ်သူနဲ့နေထိုင်ပြီး မီးပွိုင့်တွင်ရေသန့်ရောင်းကာ ရိုးသားစွာလုပ်ကိုင်စားသောက်နေသူ တစ်ဦးဖြစ်ပါတယ်။

Zawgyi

ပည်လမ်းနဲ့ရှင်စောပုလမ်းထောင့်မီးပွိုင့်၊ ကုန်းတံတားအောက်မှာ ရေသန့်ရောင်းတဲ့ အဖွားကို လှူဒါန်းဖို့ အတွက် အိမ့်ချစ်ချောက ဦးဆောင်ကာ အလှူခံခဲ့ပြီး အခုဆိုရင်လှူဒါန်းဖို့အတွက် ပြင်ဆင်နေပြီလို့ သိရပါ တယ်။

