သမီးအပျိုဖြစ်နေပါပြီ…

” ကို ကို့သမီးကိုပြောဦး
ရှစ်တန်းပဲရှိသေးတယ်
ရည်းစားစာ အပေးခံနေရပြီ ”
” ဟ အဲ့ဒါ ကလေးက ဘာမှားလို့လဲ ?? ”
” ဘာမှားရမှာလဲ ဒီအရွယ်လေးနဲ့
ပဲများတာကိုး ပေးမှာပေါ့ ”

 

” ဟ သူလှချင်တာ အပြစ်လားဟ ? ”
” ကိုမပြောရင် မေပြောလိုက်မယ်
ကို ကစကားပိုပေါက်လို့ ”
” နေနေ ငါ ပဲပြောလိုက်မယ် !! ”
” သမီး ”
” ရှင် ဖေဖေ ”

” ကျောင်းမှာ အဆင်ပြေလား ? ”
” ပြေပါတယ် ဖေဖေ ”
” သမီးကို မေမေ ဘာပြောသေးလဲ ? ”
” ဒီအရွယ်လေးနဲ့ပဲသိပ်များနဲ့ တဲ့
သူတို့တုန်းက ဒီအရွယ်ကလေးလိုနေတာ တဲ့ ”
” သမီး ကလေးဟုတ်လားမဟုတ်လား
သမီးအသိဆုံးပဲ…..

 

ဖေဖေတို့မျက်လုံးထဲမှာတော့
သမီး က ကလေးပဲ…
ဒါပေမယ့် သမီးက ၁၃နှစ်သမီးဖြစ်နေ ပြီ… သမီးအပျိုဖော်ဝင်နေပြီ ”
” ဟာ ဖေဖေကလည်း !!
သမီးက ကလေးပဲရှိသေးတာ ”
ကျနော် ရယ်မိတယ် ။

ကလေးတွေကလည်း
အဖေအမေကို ဒီလိုဂျင်းထည့်တတ်သား…!!!
” သမီး လှချင်တာကို ဖေဖေ သဘောကျတယ်…
လှတယ်ဆိုတာလည်း အားသာချက် တစ်ခုပဲ
လှတဲ့မိန်းကလေးက အလှတရားနဲ့ဆိုင်တဲ့ကဏ္ဍမှာ ယုံကြည်ချက်ရှိတယ် ။
သမီးလှချင်တာကို ဖေဖေသဘောကျ တယ်… တစ်ခုပဲ…ဘာကြောင့်လှသင့်တယ်ဆိုတာကို
သမီးသဘောပေါက်ရမယ်… ! ”

 

” ရှင် ”
” လှချင်တယ်ဆိုတာ မိမိကိုယ်မိမိ တင့်တယ်အောင် ပြင်ဆင်ခြင်းပဲသမီး !
သမီးက ခြံလေးကိုလှအောင်ပြင်တယ်ဆိုပါစို့ ! သမီးခြံလေးကို လူတိုင်းကငေးမယ် သဘောကျမယ် ဆို သမီးမပျော်ဘူးလား ?? ”
” ပျော်မှာပေါ့ ဖေဖေ ”
” အဲ့ဒီ ခြံလှလှလေးထဲကို တွေ့သမျှ လူအဝင်ခံမလား ? ”

” အဝင်မခံဘူး ဖေဖေ ! ”
” ဘာလုပ်သင့်လဲ ? ”
” ခြံစည်းရိုးကာရမယ် ”
” ဒီ သဘောပါပဲ ! သမီး ခြံလေးကို လှအောင်ပြင်သလို သမီးကိုယ်သမီး လှအောင်ပြင်ပါ… !
ခြံလှလှလေးကိုငေးသလို
သမီးကိုငေးတဲ့အခါ ကျေနပ်ပါ

 

ဂုဏ်ယူပါ…!
တွေ့သမျှလူတော့ သမီးနားကို မကပ်စေနဲ့ ! သမီး…အိန္ဒြေ ကို ခြံစည်းရိုးလို ကာ,ထားပါ
ဖေဖေပြောတာ သဘောပေါက်ရဲ့လား ? ”
” ဟုတ်ကဲ့ပါ ဖေဖေ ”
‘ ‘သမီး စာပေးခံရတယ်ဆို ”
” ဟုတ်တယ် ”

” ဘယ်လိုခံစားရလဲ ? ”
” ရှက်လည်းရှက်တယ်
ကြောက်လည်းကြောက်တယ် ”
” မယုံကြည်မှုဟာ
ရှက်ခြင်းကိုဖြစ်စေတယ် သမီး !
သမီးကိုယ်သမီး ယုံကြည်မှုမရှိလို့ သမီးရှက်နေတာ…!!! သမီး စာပေးခံရတာကို

 

သမီးက ဘာမှားလို့ရှက်နေတာလဲ ???
သမီးယူခဲ့လား ? ”
” မယူခဲ့ဘူးဖေဖေ ထွက်ပြေးလာတာ ! ”
” သတ္တိဟာ ကာယခွန်အားမှာမတည်ဘူး သမီး ယုံကြည်ချက်မှာ တည်တယ် !
သမီးမမှားဘူးဆိုရင် ရင်ဆိုင်ရဲရမယ် !!!

ထွက်ပြေးလာစရာမလိုဘူး !
အဲ့ဒါက ပါးရိုက်ဖို့ ဆဲဆိုဖို့ပြော
တာမဟုတ်ဘူး… !!!
အိန္ဒြေရရ ငြင်းရဲဖို့ပဲ
မအော်ဘူး မငေါက်ဘူး..
sorryပါလောက်ကို ခပ်တည်တည် ပြောပြီး ထွက်လာခဲ့ သမီး…!!!

 

ကိုယ်ထိလက်ရောက်ဖြစ်ရင်တော့
ဖေဖေတို့ပါရှင်းပေးမယ်… ”
” ရှင်ကလည်း ဒီစကားတွေပြော
ဖို့ ကလေးက ငယ်မနေဘူးလား ? ”
” အေး မိန်းမရေ … ငါရှစ်တန်းတုန်းက တော့ ရှစ်တန်းကျောင်းသူတွေကို ကလေးလို့မမြင်ခဲ့တာတော့ အမှန်ပဲ ”

သမီးက ဒီစကားကြားတော့ ရယ်တယ် ။
သမီးစိတ်ကို ကျနော်မြင်နေရပါတယ် ။
ဆေးပညာအရလည်း ဟော်မုန်းတွေ ပြောင်းလာရင် စိတ်ကစားတတ်လာ တာ ကျနော်သိနေပြီးသားပဲ !
ဒါဟာ အပြစ်မဟုတ်ဘူး !
ဒါဟာ သဘာဝ…!!!
သမီးအပေါ်ကို ကျနော်နားလည်နိုင် အောင်ကြိုးစားရမယ်…!!!

 

” သမီး သမီး အိုးပုတ်ဂျိုးရုပ် ကစားချင် သေးလား…? ”
” ဟင့်အင်း ဖေဖေ ပျင်းစရာကြီးကို ”
” သမီးငယ်ငယ်တုန်းကတော့ တော်တော်ဆော့ပါတယ် ။ ဖေဖေဖွက်ထားလို့တောင် သမီးငိုသေးတယ်…မှတ်မိလား ? ”
‘ ‘မှတ်မိတာပေါ့ ဖေဖေကလည်း
သမီးတောင် ငိုသေးတဲ့ဟာကို ”

” အေး သမီး အဲ့ဒါဖေဖေ ရည်ရွယ်ချက်ရှိရှိဖွက်ခဲ့တာ…အဲ့ဒီတုန်းကတော့ အိုးပုတ်တွေကသာ
ပျော်စရာလို့ သမီးကထင်ခဲ့တယ် !
သမီးက ကလေးပဲရှိသေးတာကိုး !!!
ဥာဏ်ရည်နိမ့်သေးတာကိုး !!!
ဖေဖေတို့အတွက် အဓိပ္ပယ်မရှိတဲ့

 

အိုးပုတ်လေးက သမီးအတွက် အဓိပ္ပယ်ရှိခဲ့ဖူးတယ်…!!
ဒီအရွယ်မှာ ဆော့ဆိုရင် သမီးဆော့မှာမဟုတ်တော့ဘူး…!!!
အဲ့ဒိအရွယ်တုန်းကတော့
ဖွက်ခဲ့တဲ့ဖေဖေ့ကို သမီးစိတ်တိုခဲ့တယ်လေ…”

” ဖေဖေက ဘာပြောချင်တာလဲ ? ”
” လာမယ်လေ…အခုသမီး ဒီအရွယ်… အပျိုဖော်ဝင်စ အရွယ်… သမီးရင်ခုန်တတ်လာမယ် ။
ကောင်လေးတွေချောရင် သဘောကျ တတ်လာမယ်…။
သမီး အသက်အရွယ်မှာတော့
အဲ့ဒါဟာ သိပ်ပျော်စရာပဲ….!!!

 

ဖေဖေတို့ကတားရင် သမီးအိုးပုတ်လေးကို ဖွက်ခဲ့သလို သမီး ဖေဖေ့ကို စိတ်တိုမယ် !!!
သမီး ငယ်ငယ်က သမီးဆော့ခဲ့တဲ့
အိုးပုတ်ဂျိုးရုပ်က သမီးကို ဒုက္ခမပေး
ဘူး… အဓိပ္ပာယ်မရှိမှန်း သိရက်နဲ့
သမီးပျော်ပါစေဆိုပြီး…
ဖေဖေတို့ ခွင့်ပြု ခဲ့တယ်…!!!

အခုဒီအရွယ်မှာ သမီးရဲ့
အိုးပုတ်ဂျိုးရုပ်လေးကို ဖွက်ရလိမ့်ဦးမယ် !!!
ဒီအရွယ်မှာ ဆော့ချင်မယ့် အိုးပုတ်ဂျိုးရုပ်က
အန္တရာယ်ရှိတယ် ”
” ရှင် ”
” ဖေဖေမကြိုက်တဲ့ ခေါက်ရိုးကျိုး

 

စကားလုံးတွေ ရှိတယ် ။
ကလေးလိုပဲနေ !
ရည်းစားမထားနဲ့ !
စိတ်မကစားနဲ့ စတဲ့စကားတွေပေါ့…
ခေတ်အဆက်ဆက်ပြောခဲ့
ခေတ်အဆက်ဆက်ဖီဆန်ခဲ့…

ဖေဖေကတော့ ဖောက်ထွက်မယ်
သမီးကို ရည်းစားမထားနဲ့လို့
မပြောဘူး ။
ဒီအရွယ်မှာ ရည်းစားထားရင်
မှားတယ်လို့ပြောမယ် ။
သမီးကို အမိန့်မပေးဘူး

 

ပညာပဲ ပေးမယ်…
သမီးကို ဖေဖေယုံကြည်နေသ၍
အမိန့်မပေးဘူး အကြံပဲပေးမယ်…။
သမီး သိမှာပါ !!!
ဖေဖေက သမီးစာကြည့်လို့
အမိန့်မပေးခဲ့ဘူး ။

သမီးကို စာကြည့်သင့်ကြောင်းပဲ
ပြောခဲ့တာ…
သမီးနားလည်ရဲ့လား ? ”
” ဟုတ်ကဲ့ ဖေဖေ ”
” သမီးက ဖေဖေတို့အတွက် ကလေးပါ ။
ဒါပေမယ့် လူ့ပါတ်ဝန်းကျင်မှာ

 

သမီး က ကလေးမဟုတ်တော့ဘူး !
ဒီတော့ ယုံကြည်ရဲရင့်ပါ !!!
အိန္ဒြေရပါ… သမီးအပျိုဖြစ်နေပြီ…”
” ဟာ ဖေဖေကလည်း ”
” အေ့လေ ကိုကလည်း သမီးလေးကို ”

” ငါတို့အတွက် ကလေးလေးပါပဲ !!!
ဒါပေမယ့် သမီးက ငါ့တို့အတွက်ချည်း
ဖြစ်လာတာမဟုတ်ဘူး ။
သူ့အတွက်သူ ဖြစ်လာတာ…
ဒါငါ့တို့အတွက် အသက်သိစရာမလိုတဲ့

 

ကလေး ၊ လူ့အဖွဲ့အစည်းအတွက် ၁၃ နှစ်အရွယ်
အပျိုပေါက်မလေး…”
ဒီစကားတွေဟာ တစ်ထိုင်တည်း
ပြောဖို့တော့ အဆင်မပြေလောက်ဘူး ။
ဒါပေမယ့်… ဖခင်တစ်ယောက်အဖြစ် သမီးအပေါ်မှာ ပွင့်လင်း ရဲရင့်သင့် တယ်… ။
သဘာဝဟာ အပြစ်မဟုတ်ဘူး ။

ဒါကိုလည်း နားလည်ပေးရမယ် ။
အဲ့ဒိသဘာဝဟာ မထိန်းကြောင်းနိုင် ရင် အဲ့ဒီသဘာဝလေဒဏ်ကို မခံနိုင်
ရင် လှေကလေးမှောက်သွားလိမ့်မယ်…!
လေကိုမတိုက်နဲ့ တားမရလို့
လှေကိုပဲ မမှောက်အောင်ထိန်းရ
မယ်..!!!

” သမီးလေးရေ… လူဆိုတာ
လောကဓံလှိုင်းချက်တွေအပေါ်က
လှေကလေးပါ !!! လူးမယ် လွန့်မယ်
လှေလေးမမှောက်ဖို့……မိမိမှာသာ တာဝန်ရှိပါတယ်…”