ထောင်ကလွတ်လာပြီး လမ်းဘေးအထည်ထွက်ရောင်းနေကြတဲ့ မဟာတန်း CDMကျောင်းသားလေးများ

ကျွန်တော်လည်း MSc နဲ့ ၂ဘွဲ့ရပြီးပါပြီ။ သူတို့လေးတွေလည်း ဂုဏ်ထူးတန်း မဟာတန်းတွေကပါ။ ကျွန်တော် Oct 19 ထောင်ကပြန်လွတ်လာပြီးထဲက Unemployment ဖြစ်နေတယ်။ ကျောင်းသားတွေ လည်းစိတ်လေစိတ်ညစ်နေကြပြီ ။ Moti ရအောင် တခုခုတော့လုပ်ရမယ်ပေါ့။

အပြင်မှာဘယ်သူတွေ ဘာလုပ်နေလဲဆိုပြီးလေ့လာနေရင်း Vintage အထည် တွေခေတ်စားလာတာတွေ့ တယ်။ Page လေးထောင် ကျောင်းကဂျူနီယာလေးတွေနဲ့ စမ်းလုပ်မယ်ဆိုပြီး Dec 5 မှာတိုင်ပင်ပြီး အစီအစဥ်စွဲအကောင်ထည်ဖော်ကြတယ်။

 

စီစဥ်နေရင်းဆေးကျောင်းကအစ်မတွေ၊ စီးပွားရေးတက္ကသိုလ်ကအစ်မတွေ Vintage အထည်တွေ ထရောင်းတာတွေ့တော့ ပိုပြီအားတက်သွားတယ်။ ပိုပြီးတော့လည်း လုပ်ချင်သွားတယ်။ Pageလေးမှာ တင်တော့ အားပေးကြပါတယ်။ ဒါပေမယ့်အားမရကြသေးဘူး။

အဲ့တော့…. အခုလိုချရောင်းကြမယ် ။ လုပ်ရဲလားလို့….တိုင်ပင်လိုက်တော့ သူတို့တွေကလည်း အခက်အခဲ တွေကို အခွင့်အလမ်းအဖြစ်ပြောင်းလဲချင်ကြတဲ့သူတွေဆိုတော့ အားလုံးကသဘောတူကြတယ်။ လုပ်ကြ မယ်ဆိုပြီး… ရဲဆေးတင်ကြတာပေါ့။

 

စျေးမှာ ချရောင်းဖို့…. မရှက်ဘူးလား။ ဘာညာမေးတဲ့သူတွေလည်းမေးကြတာပေါ့။ တစ်ချိန်ကျရင် အဲ့လို အလုပ်လုပ်ရမှာမရှက်ဘူးလားမေးတဲ့သူတွေကဘဲ ပိုက်ဆံလာလာ ချေးကြတာဘဲလေ အသက်မွေးဝမ်း ကြောင်းအလုပ်ကတော့ ဆန့်ကျင်ဘက်ကြီးကိုပြောင်းလဲသွားတာပေါ့။

၇နှစ်တာရင်းနှီးခဲ့ပြီး မက်ခဲ့တဲ့တက္ကသိုလ်ဆရာလည်းမလုပ်​ဖြစ်တော့ပါဘူး။ ဒီချိန်မှာ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ဖို့ဆိုတာလည်း ခက်ခဲသလို ကိုယ်တိုင်ကလည်း ထွက်သွားဖို့ ဆိုတာ လိပ်ပြာမလုံဘူးလေ။ တချိန်တုန်းက ကော်လံကတုံးလက်ရှည်ကြီးဝတ်ပြီး

 

ကလေးတွေရှေ့မှာ ကိုယ့်မြေကိုယ့်ရေကိုချစ်ဖို့၊ ဂုဏ်ထူးတန်းတွေ မဟာတန်းတွေ ဝင်အောင် ကြိုးစားဖို့၊ ပညာရေးမှာရင်းနှီးမြှပ်နှံတယ်ဆိုတာအရှုံးမရှိဘူးဆိုတာတွေကို အာဘောင်အာရင်းနဲ့ပြောခဲ့တာတွေက ခန့်ခန့်ကြီးနဲ့ဆန့်ဆန့်ကြီးလေဆိုတော့….

ပြောခဲ့တာတွေလည်း လိမ်ရာမကျအောင်ဒီအချိန်က သင်ခဲ့တဲ့ ပညာတွေထဲကလည်း Problem solving skill တွေကိုထုတ်သုံးဖို့အကောင်းဆုံးအချိန်ဘဲလို့ထပ်ရွှီးပါရစေဦး။ အတွေ့အကြုံတွေ ဘယ်လောက်များ များရှိပါစေ ပြန်လည်အသုံးချမှုနဲ့ ပြန်လည်ဆန်းစစ်မှုမရှိဘူးဆိုရင်လည်း

 

သင်ယူခဲ့တာတွေက Zero ဘဲဆိုတော့ အခုလို စမ်းကြည့်ကြတာပါ။ Something is better than nothing ပေါ့။ Environmental Studies အရ Vintage & Thrift အထည်တွေသုံးတယ်ဆိုတာလည်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကိုလျှော့ချဖို့အတွက်ရည်ရွယ်တာဆိုတော့

ကျွန်တော့်ရဲ့ Educational background ကိုလည်း support ဖြစ်ပါသေးတယ်။ Carriers ပြောင်းသွားပြီ ဆိုထဲက မတူကွဲပြားတဲ့ Field ကို လေ့လာရတယ်။ ကိုယ့်ရဲ့ Priority Ideal Person တွေ ပြောင်းလဲပြီး စူးစမ်းရတယ်။အခု ပဲခူးမှာဆို ဘယ်သူ အောင်မြင်လဲ ဘယ်သူ့ပုံစံအတုယူသင့်လဲပေါ့။

 

ပဲခူးမှာတော့ June Nyein Thu ဆိုတဲ့ ကောင်မလေးကို တကယ်အားကျတယ်။ လေးလဲလေးစားတယ်။ သူ့ကို စသိတုန်းကတော့ သိန်းပေါင်းများစွာအလိမ်ခံရတာတောင် သူ့အောက်ကလူတွေကို တာဝန်ယူ တာဝန်ခံဖြေရှင်းပေးနိုင်ခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေးပေါ့။

အခုတော့ လေးစားရတဲ့ဆရာမကြီးဖြစ်နေပြီ။ (အသိမပေးဘဲ sis အကြောင်းထည့်ရေးမိလို့ sorry ပါ။) ပြောချင်တာက Carriers Field ပြောင်းလိုက်တော့မယ်ဆိုရင် ကိုယ်ဖြစ်ချင်တဲ့ပုံစံ၊ ကိုယ်စိတ်ကူးထားတဲ့ အိပ်မက်တွေအရ လိုအပ်ချက်တွေ နည်းနမူနာယူစရာတွေကိုပါပြောင်းလဲပြီးလေ့လာရမှာပါလို့။

Zawgyi

ကြၽန္ေတာ္လည္း MSc နဲ႔ ၂ဘြဲ႕ရၿပီးပါၿပီ။ သူတို႔ေလးေတြလည္း ဂုဏ္ထူးတန္း မဟာတန္းေတြကပါ။ ကြၽန္ေတာ္ Oct 19 ေထာင္ကျပန္လြတ္လာၿပီးထဲက Unemployment ျဖစ္ေနတယ္။ ေက်ာင္းသားေတြ လည္းစိတ္ေလစိတ္ညစ္ေနၾကၿပီ ။ Moti ရေအာင္ တခုခုေတာ့လုပ္ရမယ္ေပါ့။

အျပင္မွာဘယ္သူေတြ ဘာလုပ္ေနလဲဆိုၿပီးေလ့လာေနရင္း Vintage အထည္ ေတြေခတ္စားလာတာေတြ႕ တယ္။ Page ေလးေထာင္ ေက်ာင္းကဂ်ဴနီယာေလးေတြနဲ႔ စမ္းလုပ္မယ္ဆိုၿပီး Dec 5 မွာတိုင္ပင္ၿပီး အစီအစဥ္စြဲအေကာင္ထည္ေဖာ္ၾကတယ္။

စီစဥ္ေနရင္းေဆးေက်ာင္းကအစ္မေတြ၊ စီးပြားေရးတကၠသိုလ္ကအစ္မေတြ Vintage အထည္ေတြ ထေရာင္းတာေတြ႕ေတာ့ ပိုၿပီအားတက္သြားတယ္။ ပိုၿပီးေတာ့လည္း လုပ္ခ်င္သြားတယ္။ Pageေလးမွာ တင္ေတာ့ အားေပးၾကပါတယ္။ ဒါေပမယ့္အားမရၾကေသးဘူး။

အဲ့ေတာ့…. အခုလိုခ်ေရာင္းၾကမယ္ ။ လုပ္ရဲလားလို႔….တိုင္ပင္လိုက္ေတာ့ သူတို႔ေတြကလည္း အခက္အခဲ ေတြကို အခြင့္အလမ္းအျဖစ္ေျပာင္းလဲခ်င္ၾကတဲ့သူေတြဆိုေတာ့ အားလုံးကသေဘာတူၾကတယ္။ လုပ္ၾက မယ္ဆိုၿပီး… ရဲေဆးတင္ၾကတာေပါ့။

ေစ်းမွာ ခ်ေရာင္းဖို႔…. မရွက္ဘူးလား။ ဘာညာေမးတဲ့သူေတြလည္းေမးၾကတာေပါ့။ တစ္ခ်ိန္က်ရင္ အဲ့လို အလုပ္လုပ္ရမွာမရွက္ဘူးလားေမးတဲ့သူေတြကဘဲ ပိုက္ဆံလာလာ ေခ်းၾကတာဘဲေလ အသက္ေမြးဝမ္း ေၾကာင္းအလုပ္ကေတာ့ ဆန္႔က်င္ဘက္ႀကီးကိုေျပာင္းလဲသြားတာေပါ့။

၇ႏွစ္တာရင္းႏွီးခဲ့ၿပီး မက္ခဲ့တဲ့တကၠသိုလ္ဆရာလည္းမလုပ္​ျဖစ္ေတာ့ပါဘူး။ ဒီခ်ိန္မွာ ႏိုင္ငံျခားထြက္ၿပီး အလုပ္လုပ္ဖို႔ဆိုတာလည္း ခက္ခဲသလို ကိုယ္တိုင္ကလည္း ထြက္သြားဖို႔ ဆိုတာ လိပ္ျပာမလုံဘူးေလ။ တခ်ိန္တုန္းက ေကာ္လံကတုံးလက္ရွည္ႀကီးဝတ္ၿပီး

ကေလးေတြေရွ႕မွာ ကိုယ့္ေျမကိုယ့္ေရကိုခ်စ္ဖို႔၊ ဂုဏ္ထူးတန္းေတြ မဟာတန္းေတြ ဝင္ေအာင္ ႀကိဳးစားဖို႔၊ ပညာေရးမွာရင္းႏွီးျမႇပ္ႏွံတယ္ဆိုတာအရႈံးမရွိဘူးဆိုတာေတြကို အာေဘာင္အာရင္းနဲ႔ေျပာခဲ့တာေတြက ခန္႔ခန္႔ႀကီးနဲ႔ဆန္႔ဆန္႔ႀကီးေလဆိုေတာ့….

ေျပာခဲ့တာေတြလည္း လိမ္ရာမက်ေအာင္ဒီအခ်ိန္က သင္ခဲ့တဲ့ ပညာေတြထဲကလည္း Problem solving skill ေတြကိုထုတ္သုံးဖို႔အေကာင္းဆုံးအခ်ိန္ဘဲလို႔ထပ္႐ႊီးပါရေစဦး။ အေတြ႕အႀကဳံေတြ ဘယ္ေလာက္မ်ား မ်ားရွိပါေစ ျပန္လည္အသုံးခ်မႈနဲ႔ ျပန္လည္ဆန္းစစ္မႈမရွိဘူးဆိုရင္လည္း

သင္ယူခဲ့တာေတြက Zero ဘဲဆိုေတာ့ အခုလို စမ္းၾကည့္ၾကတာပါ။ Something is better than nothing ေပါ့။ Environmental Studies အရ Vintage & Thrift အထည္ေတြသုံးတယ္ဆိုတာလည္း သဘာဝပတ္ဝန္းက်င္ပ်က္စီးမႈကိုေလွ်ာ့ခ်ဖို႔အတြက္ရည္႐ြယ္တာဆိုေတာ့

ကြၽန္ေတာ့္ရဲ႕ Educational background ကိုလည္း support ျဖစ္ပါေသးတယ္။ Carriers ေျပာင္းသြားၿပီ ဆိုထဲက မတူကြဲျပားတဲ့ Field ကို ေလ့လာရတယ္။ ကိုယ့္ရဲ႕ Priority Ideal Person ေတြ ေျပာင္းလဲၿပီး စူးစမ္းရတယ္။အခု ပဲခူးမွာဆို ဘယ္သူ ေအာင္ျမင္လဲ ဘယ္သူ႔ပုံစံအတုယူသင့္လဲေပါ့။

ပဲခူးမွာေတာ့ June Nyein Thu ဆိုတဲ့ ေကာင္မေလးကို တကယ္အားက်တယ္။ ေလးလဲေလးစားတယ္။ သူ႔ကို စသိတုန္းကေတာ့ သိန္းေပါင္းမ်ားစြာအလိမ္ခံရတာေတာင္ သူ႔ေအာက္ကလူေတြကို တာဝန္ယူ တာဝန္ခံေျဖရွင္းေပးႏိုင္ခဲ့တဲ့ ဆယ္ေက်ာ္သက္ေကာင္မေလးေပါ့။

အခုေတာ့ ေလးစားရတဲ့ဆရာမႀကီးျဖစ္ေနၿပီ။ (အသိမေပးဘဲ sis အေၾကာင္းထည့္ေရးမိလို႔ sorry ပါ။) ေျပာခ်င္တာက Carriers Field ေျပာင္းလိုက္ေတာ့မယ္ဆိုရင္ ကိုယ္ျဖစ္ခ်င္တဲ့ပုံစံ၊ ကိုယ္စိတ္ကူးထားတဲ့ အိပ္မက္ေတြအရ လိုအပ္ခ်က္ေတြ နည္းနမူနာယူစရာေတြကိုပါေျပာင္းလဲၿပီးေလ့လာရမွာပါလို႔။