ကိုယ့်ရုပ်ကိုပြန်ကြည့်ပြီးလန့်တယ်လို့ရင်ဖွင့်လိုက်တဲ့ လူရွှင်တော် ပိုးလေး

ပရိသတ်ကြီးရေ…ဟားငါးကောင်အဖွဲ့ရဲ့ လူရွှင်တော် ပိုးလေးကိုတော့ ဟာသကိုကြိုက်နှစ်သက် သူတိုင်း သိလိမ့်မယ်လို့ထင်ပါတယ်။ ဟားငါးကောင်အဖွဲ့ဟာဆိုရင်တော့ပြည်သူတွေနဲ့ အတူအမှန်တရားဘက်က ရပ်တည်ခဲ့တဲ့မြန်မာ့ဇာတ်သဘင်လောကရဲ့ပြည်သူချစ်တဲ့အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။

ဟားငါးကောင်အဖွဲ့ကို တိုင်းကျော်၊ပြည်ကျော်၊ပိုးလေး၊ဝိုင်းကျော်၊တိုးကျော်အစရှိတဲ့လူရွှင်တော်ငါးဦး နဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ လက်ရှိမှာ ဟားငါးကောင်အဖွဲ့ဟာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေ

ပြီးတော့ စစ်သင်တန်း တက်ရောက်နေပြီး အာဏာရှင်ကိုတွန်းလှန်ဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။ လူရွှင်တော်ပိုးလေး ကတော့ သူ့ရဲ့ကိုယ်ပိုင်အကောင့်မှာ အခုလိုရေးသားလာခဲ့ပါတယ်။ ဟားငါးကောင် လူရွှင်တော်ပိုးလေးကတော့ လွတ်မြောက်နယ်မြေကိုရောက်ရှိနေတာဟာဆိုရင်တော့

လပေါင်းများစွာ ရှိနေပါပြီ။ စတင်ရောက်ရှိတဲ့အချိန်ကစလို့ လက်ရှိအချိန်မှာ ပြောင်းလဲသွားတဲ့ သူ့ရဲ့ ရုပ်ရည် သွင်ပြင်ကြောင့် စိတ်မကောင်းဖြစ်နေတဲ့အကြောင်းကို ပရိသတ်တွေကို အခုလိုပဲရင်ဖွင့်လာပါ တယ်။ “တခါတလေမှာ ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်ပြီးတကယ်လန့်မိတယ်။

ဒါပေမယ့် ငါပေးဆပ်ရတာ တန်ပါတယ်ကွာလို့ ကိုယ့်ကိုကိုယ်ပြန်အားပေးမိတယ်။ မ အေ လိုးသာ အာဏာမရူးခဲ့ရင်….” ဆိုတဲ့ အကြောင်းကို ပိုးလေးဟာ သူ့ရဲ့ကိုယ်ပိုင် အကောင့်မှာ ရေးသားထားတဲ့ သတင်းလေးကို ပြန်လည် မျှဝေ တင်ဆက်ပေးလိုက်ပါတယ်။

သူ့ရဲ့ပို့စ်အောက်မှာတော့ချစ်တဲ့ပရိသတ်တွေက စိတ်ဓာတ်မကျဖို့နဲ့အားတင်း ထားကြဖို့ အားပေး စကား ပြောထားပြီး ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းပေးထားတာကိုလဲ တွေ့ရ ပါတယ်။

ကဲ…စာဖတ်သူ ပရိတ်သတ်ကြီးရေ ခက်ခဲကြမ်းတမ်းတဲ့လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ လူရွှင်တော် ပိုးလေးအတွက် အားပေးစကားလေးပြောခဲ့ ပါအုံးနော်… အဆုံးထိ ဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…

Zawgyi







ကဲ…စာဖတ်သူ ပရိတ်သန်ကြီးရေ ခက်ခဲကြမ်းတမ်းတဲ့လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ လူရွှင်တော် ပိုးလေးအတွက် အားပေးစကားလေးပြောခဲ့ပါအုံးနော်…အဆုံးထိဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…